Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 27, 2014

တောင်အာဖရိက ဘောလုံးသမား Senzo ပစ်သတ်ခံရ

တောင်အာဖရိကနိုင်ငံရဲ့ ​ဘောလုံး ​အသင်း ခေါင်းဆောင်လည်းဖြစ် ​ဂိုးသမားလည်း ​ဖြစ်တဲ့ ​Senzo ​Meyiwa ​ဟာ ​Johannesburg ​မြို့အနားက ​Vosloorus ​မှာ ​ပစ်သတ် ​ခံလိုက်ရပါတယ်။

ဒဏ်ရာ ​ရနေတဲ့ ​အသက် ​၂၇ ​နှစ်အရွယ် ​ကစားသမားကို ​ဆေးရုံတင်ပြီး ​ဆေးရုံ ​ရောက်ချိန်မှာပဲ ​သေဆုံးသွားတာ ​ဖြစ်ပါတယ်။

Senzo ​Meyiwa ​အပါအဝင် ​နေအိမ်အတွင်းမှာ ​လူ ​ခုနှစ်ယောက်ရှိခဲ့ပြီး ​အဲဒီမှာ ​သံသယ ​ဖြစ်ဖွယ်ရာ ​လူ ​နှစ်ယောက် ​ဝင်လာပြီး ​နောက်တစ်ယောက်ကတော့ ​အပြင်မှာ ​စောင့်ဆိုင်းခဲ့တယ်လို့ ​ဆိုပါတယ်။

သေနတ်နဲ့ ​ပစ်ခတ်မှု ​ဖြစ်ခဲ့ပြီးနောက် ​လူ ​သုံးဦး ​ထွက်ပြေးသွားတယ်လို့ ​ရဲက ​ပြောပါတယ်။

ဒီဘောလုံးသမား ​သေဆုံးရတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​လက်သည် ​တရားခံကို ​ဖမ်းဆီးနိုင်အောင် ​ရဲတွေအနေနဲ့ ​အတတ်နိုင်ဆုံး ​လုပ်မယ်လို့လည်း ​ပြောလိုက်ပါတယ်။

Senzo ​Meyiwa ​ဟာ ​တောင်အာဖရိကနိုင်ငံမှာ ​အအောင်မြင်ဆုံး ​ဖြစ်နေတဲ့ ​Orlando ​Pirates ​ဘောလုံးကလပ် ​အသင်းရဲ့ ​ကစားသမား ​ဖြစ်ပါတယ်။

တောင်အာဖရိကအတွက် ​တစ်ပါတ်အတွင်းမှာပဲ ​အားကစား ​သမား ​နှစ်ဦး ​ဆုံးရှုံးရတာပါ။

ပြီးခဲ့တဲ့ ​သောကြာနေ့ ​တုန်းကလည်း ​မီတာ ​၈၀၀ ​အပြေးချန်ပီယံဟောင်း ​Mbulaeni ​Mulaudzi ​ဟာ ​ကားမတော်တဆ ​ဖြစ်ရာက ​သေဆုံးသွားခဲ့ပါတယ်။



တောင်အာဖရိက ဘောလုံး အသင်းခေါင်းဆောင်လည်းဖြစ် ဂိုးသမားလည်း ဖြစ်သူ Senzo Meyiwa


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ