စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ကော်ပို ရေးရှင်းက ထုတ်လုပ်
ဖြန့်ဖြူးထားတဲ့ ၈၀၀ မဂ္ဂါဟပ်စ် သုံး မိုဘိုင်းဖုန်း သုံးစွဲသူတွေ အနေနဲ့
Voice Mail ၀န်ဆောင်မှု ရယူနိုင်ပြီလို့ ထုတ်ပြန် ကြေငြာ ပါတယ်။
Voice Mail ၀န်ဆောင်မှု ဆိုတာဟာ ကိုယ်က ဖုန်းပိတ်ထားချိန်၊ ဒါမှမဟုတ်
ဖုန်းပြော ဆိုနေချိန်၊ ဒါမှမဟုတ် ဆက်သွယ်ရေး ဧရိယာ ပြင်ပရောက်ရှိ
နေချိန်တွေမှာ တဖက်က ဖုန်းဆက်သွယ်လာသူ အနေနဲ့ စကားသံ ချန်ထားနိုင်တဲ့
ဝန်ဆောင်မှုမျိုး ဖြစ်ပါတယ်။
ဒီ ၀န်ဆောင်မှုကို မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း(အမ်အီးစီ)ကထုတ်တဲ့
စီဒီအမ်အေ အမျိုးအစား ၀၉၃ နဲ့ စတဲ့ ဖုန်းတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပြီး
လစဉ်ကြေး ၁ လ ကျပ် ၁၀၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment