Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

ငရုတ်ကောင်းမြို့နယ်တွင် တောဆင်ရိုင်းသတ်ဖြတ်သည့်အဖွဲ့ ဖမ်းဆီးရမိ

ပုသိမ် အောက်တိုဘာ ၆

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်း ဒေသတွင် တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က အောက်တိုဘာ ၅ ရက် နံနက် ၁ဝ နာရီခွဲ ခန့်က တောဆင်ရိုင်း သတ်ဖြတ်သည့် အဖွဲ့မှ အဖွဲ့ဝင်ခုနစ်ဦးကို သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

တောဆင်ရိုင်းသတ်ဖြတ်သည့် အဖွဲ့တွင် ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ဖန်ကပင်အုပ်စု ဂယက်ရွာမှ နိုင်ကြီး(ခ)နိုင်နိုင် (၃၆ နှစ်)၊ ခင်မောင်ဝင်း (၂၆ နှစ်)၊ ခင်မောင်ဇော် (၂၉ နှစ်)၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှ သန်းလှိုင်(ခ)သန်းနိုင် (၂၉ နှစ်) ၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ကွင်းပတ်အုပ်စု သမ္မာန်လေးရွာမှ မျိုးအောင်(၄၅ နှစ်)၊ ဆန်းမြင့် (၅၆ နှစ်)၊ ငရုတ်ကောင်းမြို့ ကျွဲချောင် ဝါးခုတ်စခန်းမှ ဆံရှည်(ခ)ချစ်ကိုကို (၃၉ နှစ်) တို့ ပါဝင်သည်ဟု သိရသည်။

ငရုတ်ကောင်းမြို့ ကွင်းပတ်ကျေးရွာအုပ်စု ဘော်ကြိုးတောင် ကျောကျွဲချောင်အောက် ကဒုံစမ်းဝတွင် နေထိုင်သူ ဆံရှည်(ခ) ချစ်ကိုကို၏တဲတွင် အဖွဲ့ဝင်ခုနစ်ဦးကို သက်သေခံပစ္စည်းများဖြစ်သော အလျားကိုးလက်မခန့်ရှိ ဆင်စွယ်သုံးချောင်း၊ အလျားခြောက်လက်မခန့်ရှိ ဆင်စွယ်တစ်ချောင်း၊ ဆင်သားရေခြောက် ထည့်ထားသော အလေးချိန် ပိဿာ ၆ဝ ခန့်ရှိ ပီနံအိတ် ခုနစ်လုံး၊ ချိန်ခွင်တစ်ခု၊ အရိုးအသွား ၁၉ လက်မရှိ ဆင်ဦးစီး ဓားတစ်ချောင်း၊ ဒူးလေးနှစ်လက်၊ မြားတံ ၁၉ ချောင်း၊ သံဘောစေ့ အကြီးခြောက်လုံး၊ အသေးအလုံး ၃ဝ၊ ဆင်းကတ်ပါ CDMA DLAN အမျိုးအစား အဖြူရောင်လက်ကိုင် ဖုန်းတစ်လုံးနှင့်အတူ အဝတ်အစားများပါရှိသော ပီနံအိတ်တစ်လုံးကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိသူ ခုနစ်ဦးထဲမှ ခင်မောင်ဇော်ကို လုပ်သေနတ်များ သိမ်းဆည်းရမိရေးအတွက် တပ်မတော်စစ်ကြောင်းက လမ်းပြအဖြစ် ပြန်လည်ခေါ်ဆောင်၍ တောတွင်း လိုက်လံရှာဖွေလျက်ရှိသည် ဟု သိရသည်။ ကျန်ခြောက်ဦးနှင့်အတူ သိမ်းဆည်းရမိခဲ့သော သက်သေခံပစ္စည်းများကို ပိုးလောင်းရဲစခန်းနှင့် ငပုတောမြို့နယ်သစ် တောဦးစီးတို့ထံ ဖမ်းဆီးရမိသည့်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ပိုးလောင်းရဲကင်းတွင် ယာယီထိန်းသိမ်းထားကြောင်း သိရသည်။ ကွင်းဆက် ပြစ်မှုကျူးလွန်သူများ အမြန်ဆုံးဖမ်းမိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ငရုတ်ကောင်းနယ်မြေ ရဲစခန်းသို့ လွှဲပြောင်း၍ အမှုဖွင့်အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ