Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

လူသတ်မှုနဲ့ ထိန်းသိမ်းခံထားရတဲ့ မြန်မာတွေကို မြန်မာအဖွဲ့ တွေ့ခွင့်ရ

ထိုင်းနိုင်ငံမှာ ဗြိတိသျှ လူမျိုး နှစ်ဦးကို သတ်ခဲ့မှု စွဲချက်တွေနဲ့ ထိန်းသိမ်း ခံထားရသူ မြန်မာ ရွှေ့ပြောင်း အလုပ်သမား နှစ်ဦးကို သူတို့ အတွက် လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံသားတွေ တနင်္လ࿿ာနေ့ မနက်က ကိုစမွီး အကျဉ်းထောင်မှာ သွားရောက် တွေ့ဆုံခွင့် ရခဲ့ပါတယ်။

အဲဒီ လူနှစ်ဦးက အခင်း ဖြစ်ခဲ့တဲ့ နေရာနဲ့ ၂၅ကိုက် အကွာမှာ သူတို့ ဂစ်တာတီး ဆေးလိပ်သောက် အရက်သောက်ခဲ့ကြတယ် ဆိုတာကို ဝန်ခံ ပြောခဲ့ကြကြောင်း၊ ဒါပေမယ့် ဒီအမှုကို တကယ်ကျူးလွန်ခဲ့သလား ဆိုတာနဲ့ ပတ်သက်လို့ ရှင်းလင်း ပြတ်သားစွာ ပြောဆိုနိုင်ခြင်း မရှိခဲ့ကြောင်းနဲ့ သူတို့ကို ကြည့်ရတာ အကြောက်တရား တခုခု ရှိနေပုံ တွေ့ရတယ်လို့ အဲဒီ လူနှစ်ဦးနဲ့ ကိုယ်တိုင် တွေ့ခွင့် ရခဲ့တဲ့ ဥပဒေ အကျိုးဆောင် ဦးအောင်မျိုးသန်း က ဘီဘီစီကို ပြောပြပါတယ်။

သေဆုံးသူ အလောင်းနားမှာ တွေ့တဲ့ ဆေးလိပ်တိုက သွားရည် DNA နဲ့ မသင်္က࿿ာသူ မြန်မာတွေရဲ့ သွားရည် DNA တူနေတယ်လို့ ရဲက ပြောနေပေမယ့် တကယ်တမ်းမှာ အဲဒီလူတွေက အခင်း ဖြစ်ပွားရာမှာ ဆေးလိပ် သောက်တာမျိုး မရှိခဲ့ပဲ ၂၅ကိုက်အကွာလောက်မှာသာ သူတို့ ဆေးလိပ် သောက်ခဲ့တာ ဖြစ်တယ်လို့ ပြောပြခဲ့ကြောင်း ဦးအောင်မျိုးသန်း က ပြောပါတယ်။

အဲဒီ လူတွေဘက်ကနေ ဥပဒေကြောင်းအရ တရားဝင် အကျိုးဆောင် လိုက်ပါခွင့် လက်မှတ်တွေ ထိုးယူလာခဲ့ပြီး နိုင်ငံတော် အကြီးအကဲတွေရဲ့ ညွှန်ကြားချက်နဲ့ ဆက်လက် ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။
ကိုစမွီး အကျဉ်းထောင်ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်နဲ့ အဖွဲ့ အတူလိုက်ပါ လာပြီး ကြီးကြပ် ညွှန်ကြားမှုတွေ လုပ်ပေးနေတယ်လို့ ဥပဒေ အကျိုးဆောင် ဦးအောင်မျိုးသန်း က ပြောပါတယ်။



လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာတွေကို ကြည့်ရတာ အကြောက်တရား ရှိနေပုံ တွေ့ရတယ်လို့ ဥပဒေ အကျိုးဆောင်က ပြော


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ