Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 29, 2014

ကိုပါကြီး သတ်ဖြတ်ခံရမှုဖော်ထုတ်ရေး တောင်းဆိုဆန္ဒပြသူတချို့ကို အမှုဖွင့်

အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး စုံစမ်းဖေါ်ထုတ် အရေးယူပေးဖို့အတွက် ရန်ကုန်နဲ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့သူတွေထဲကတချို့ကို သက်ဆိုင်ရာရဲစခန်းတွေက တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈နဲ့ အမှုဖွင့်လိုက်ပါတယ်။

ပုဒ်မ ၁၈ နဲ့ ကျောက်တံတားမြို့နယ် ရဲစခန်းက အမှုဖွင့်လိုက်ကြောင်း အတည်ပြုပြောပေမယ့် တရားဝင်အကြောင်းကြားစာပို့လာတာတော့ မရရှိသေးဘူးလို့ ရန်ကုန် မြို့တော်ခန်းမနားမှာ ဟောပြောခဲ့တဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး Generation Wave အဖွဲ့က ကိုမိုးသွေးက ပြောပါတယ်။

"ကျနော့်ကို မနေ့ကတုန်းက သတင်းထောက် မိတ်ဆွေတချို့က လှမ်းပြောတယ်၊ ကျနော်က လှမ်းပြီးတော့မှ စခန်းကိုစုံစမ်းတယ်၊ သူတို့က တိတိကျကျမပြောဘူး၊ အမှုဖွင့်ထားတယ်လို့တော့ပြောတယ်၊ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့ ဘယ်သူတွေကို ဖွင့်ထားတယ်ဆိုတာတော့ မပြောဘူး"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့က အရပ်ဘက်အဖွဲ့အစည်း ၃ဝ ကျော်စုပေါင်းပြီး ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ကိုပါကြီးအမှုကို စုံစမ်းဖေါ်ထုတ်အရေးယူပေးဖို့ ဟောပြောပွဲကျင်းပပြီး တောင်းဆိုခဲ့ကြပါတယ်။

အလားတူ မန္တလေးမြို့မှာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ မန္တလေးမြို့ခံ ၃ဝဝ လောက်က ဖယောင်းတိုင်မီးထွန်းပြီး ကိုပါကြီး အသတ်ခံရမှုကို စုံစမ်းဖော်ထုတ်ပေးဖို့ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေထဲက ၂၀ ခန့်ကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတယ်လို့ အောင်မြေသာစံမြို့နယ် အမှတ် ၅ ရဲစခန်းက တာဝန်ကျရဲအရာတစ်ဦးက ပြောပါတယ်။

"အယောက် ၂ဝ လောက်ရှိတယ်၊ ကျူးလွန်လို့ ပုဒ်မ ၁၈ နဲ့ စွဲတာပေါ့၊ အမှုဖွင့်တယ်၊ ကျနော်တို့က အခု ဘယ်သူတွေလဲဆိုတာကို စိစစ်နေတုန်းရှိသေးတယ်"

အလွတ်တန်းသတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့အခြေစိုက် အမှတ် ၂၀၈ ခြေမြန်တပ်ရင်းက ဖမ်းဆီးထားစဉ်မှာ ကိုပါကြီးက သေနတ်လုယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့တာဖြစ်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကိုပါကြီးရဲ့ဇနီး မသန္တာက သူ့ခင်ပွန်းအမှုကို စစ်ဆေးပေးဖို့အတွက် ကျိုက်မရောမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ