Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 29, 2014

ကိုပါကြီး အမှုစုံစမ်းဖော်ထုတ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း

အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူပေးဖို့  လူ့ အခွင့်ရေးဆောင်ရွက်နေတဲ့ ပြည်တွင်းပြည်ပအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေက မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ထိုင်း၊ မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP၊ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် သတင်းထောက်များကာကွယ်ရေးကော်မတီ ခေါ် CPJ အဖွဲ့ ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် FCCT ခေါ် နိုင်ငံခြားသတင်းထောက်များ အသင်း၊ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်အခြေစိုက် လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့က ကြေညာချက်တွေအသီးသီး ထုတ်ပြန်ပြီး တောင်းဆိုလိုက်တာပါ။

AAPP ရဲ့တောင်းဆိုမှုနဲ့ ပတ်သက်လို့အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်က RFA ကို အခုလိုပြောပါတယ်။

"နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ဆုံးရှုံးနေတယ်ဆိုတဲ့ကိစ္စ အစိုးရဘက်ကနေ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတဲ့ကိစ္စ နောက်တစ်ခါ အစိုးဘက်ကပြောနေတဲ့ကိစ္စ ဒီမိုကရေစီအရေးဖြစ်ပေါ်တိုးတက်မှုတွေ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှုတွေက အခုလုပ်ရပ်တွေနဲ့ ကျနော်တို့ တခြားစီဖြစ်နေတယ်လို့ ကျနော်တို့က အဲ့ဒီလိုမြင်ပါတယ်၊ ဒါကြောင့် ဒီအဖြစ်မှန်ကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပေးဖို့အတွက် လုပ်ငန်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့ဖို့အတွက်ကို ကျနော်တို့ကတော့ တောင်းဆိုတယ်"

သတင်းထောက်များကာကွယ်ရေး ကော်မတီ ခေါ် CPJ အဖွဲ့ရဲ့ အရှေ့တောင်အာရှဆိုင်ရာ တာဝန်ခံ ရှောင် ခရစ္စပင်းကလည်း စစ်တပ်ကတာဝန်ရှိတဲ့ ဒီသေဆုံးမှုအတွက် အရပ်သားအစိုးရက စုံစမ်းစစ်ဆေးဖော်ထုတ်ပေးရမယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ကတော့ ကိုပါကြီးဟာ KKO ဆိုတဲ့အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိတဲ့ အောင်နိုင်ဆိုသူဖြစ်ပြီး၊ ဖမ်းဆီးထားဆဲကာလမှာ လုံခြုံရေးအစောင့်ဆီက သေနတ်လုပြီးထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် အသေပစ်ခတ်ဖမ်းဆီးလိုက်တဲ့အကြောင်း၊ သူ့ အလောင်းကို ရွှေဝါချောင်ရွာရဲ့ တောင်ဘက် မီတာ ၈ ရာလောက်မှာ မြေမြှုပ်သင်္ဂြင်္ိုလ်လိုက်တဲ့အကြောင်းနဲ့ သေဆုံးသူရဲ့ဇနီးကို လိုအပ်တဲ့ အကူအညီပေးမယ်ဆိုတဲ့အကြောင်း အောက်တိုဘာလ ၂၃ ရက်နေ့က စာတစ်စောင် ထုတ်ပြန်ပြီး၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကနေတဆင့် ပြည်သူလူထုကို အသိပေးထားပါတယ်။

ကိုပါကြီးရဲ့ ဇနီးသည် မသန္တာကတော့ သူ့ ခင်ပွန်းအလောင်းနဲ့ သိမ်းဆည်းလိုက်တဲ့ပစ္စည်းမှန်သမျှကို ပြန်လိုချင်တဲ့အကြောင်း၊ ဒီအမှုကို စုံစမ်းဖေါ်ထုတ်ပေးဖို့ ရဲစခန်းမှာ အမှုဖွင့်ထားကြောင်းပြောပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ