Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 26, 2014

မြ၀တီတွင် လောင်းကစားဂိမ်းစက် ၂၃၅လုံးကို အာဏာပိုင်က မီးရှို့ဖျက်ဆီး

အောက်တိုဘာလ ၂၅ရက်၊ ၂၀၁၄ခုနှစ်။

ကရင်ပြည်နယ် မြ၀တီမြို့အတွင်း ဖမ်းဆီးရမိသော လောင်းကစား ပစ္စည်း(ဂိမ်းစက်)မျိုးစုံ ၂၃၅ခုကို အောက်တိုဘာလ ၂၅ရက် (ယနေ့) မနက်တွင် မြ၀တီခရိုင်၊ မြို့နယ်များမှ အရပ်ဘက်၊ ရဲဘက်နှင့် စစ်ဖက်တာဝန်ရှိသူများက အမှတ်(၄)ရပ်ကွက်ရှိ အဓိဋ္ဌာန် အောင်ဘုရားအနီးရှိ ဘောလုံးကွင်း၌ မီးရှို့ဖျက်ဆီး လိုက်ကြောင်း သိရသည်။

လောင်းကစားစက် မီးရှို့မှုအပေါ် မြ၀တီမြို့ရှိ ရဲအရာရှိတစ်ဦးက “အခုမီးရှို့လိုက်တဲ့ ဂိမ်းစက်တွေက ဒီနှစ် ဧပြီလနောက်ပိုင်း ဖမ်း ဆီးရရှိမှုတွေပါ။ အရင် ပန်းသီးပုံးတို့ ဘာတို့က သိပ်ခေတ်မစားတော့ဘူး။ အရင်ကထက်စာရင် လောင်းကစားဂိမ်းစက်တွေက မရှိတော့သလောက်ပါပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၁၃ခုနှစ် စက်တင်ဘာလ ပထမပတ်မှစ၍ မြ၀တီမြို့ရှိ လောင်းကစားရုံများနှင့် ဂိမ်းစက်များကို စီမံချက်ဖြင့် စတင်ကာ ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နေပြီး ထိုဂိမ်းစက်များကိုလည်း မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

မြ၀တီမြို့တွင်ရှိသော လောင်းကစားဂိမ်းစက်များမှာ လက်နက်ကိုင်အဖွဲ့အစည်းများ အမည်ခံကာ ဖွင့်လှစ်မှုများရှိနေသည့်အပြင် လူသိရှင်ကြား ဖွင့်လှစ်ထားသော လောင်းကစားရုံများလည်း ရှိနေသေးကြောင်း မြို့ခံများက ပြောဆိုနေကြသည်။

“အရင်ကထက်စာရင် အခုတော်တော် သက်သာသွားတယ်။ နောက်တော့မပြောတတ်ဘူးပေါ့နော်။ ထိထိရောက်ရောက် ဖမ်းနိုင် ရင် ကောင်းပါတယ်။ မဟုတ်ရင် ကလေးတွေ တအားပျက်စီးတယ်။ ဖမ်းမိတယ်ကြားရင်လည်း သူဌေးတွေတော့မမိဘူး။ မန်နေ ဂျာတွေပဲ မိတာများတယ်”ဟု မြ၀တီမြို့ခံ အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ဖမ်းဆီးရမိပြီး မီးရှို့ဖျက်ဆီးသည့် လောင်းကစားဂိမ်းစက်များတွင် ငါးပစ်စက်ဟုခေါ်သည့် လောင်းကစားဂိမ်းစက် အရေအတွက် မှာ အများဆုံးဖြစ်ပြီး မြ၀တီမြို့တွင် ယခုတစ်ကြိမ် အပါအ၀င် လောင်းကစားစက် မီးရှို့ဖျက်ဆီးမှုမှာ ၃ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ် မတ်လ ၃ရက်နေ့ မြ၀တီမြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသည့် အံဂလုံခုံ ၉၂ခုံနှင့် ဂိမ်းပုံး ၁၄ပုံးကို ပထမအ ကြိမ်အဖြစ်လည်းကောင်း၊ ၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၄ရက်နေ့တွင် ဖမ်းဆီးရမိသည့် လောင်းကစားဂိမ်းစက်အလုံး ၁၉၀ ကျော်ကို ဒုတိယအကြိမ်အဖြစ်လည်းကောင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ