Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 26, 2014

ပွင့်ဖြူတွင် ရေကြောင့် ရွာလုံးကျွတ် သွားရောဂါဖြစ်ပွား

မကွေးတိုင်း ပွင့်ဖြူမြို့နယ်ရှိ ကန်ပြည့်ကျေးရွာတွင် ရေတွင်ဖလို ရိုက်ဓာတ်ပါဝင်မှု အလွန်မြင့်မား နေသောကြောင့် ကလေးဘ၀မှပင် သွားပျက်ဆီးမှု စတင်ဖြစ်ပွားပြီး အရွယ် တန်ချိန်တွင်သွားများ အားလုံး ပျက်ဆီးနေကြောင်း စလင်းမြို့မှ သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ဦး၏ သတင်းပေးမှုကြောင့် ယင်းကျေးရွာ သို့ သွားရောက် သတင်းရယူစဉ် တွေ့ရှိခဲ့ရသည်။

‘’ကျွန်တော်တို့ကျေးရွာက ရေက နံလည်နံတယ် ငံလည်းငံတယ်၊ နောက်နေ့အထိထားလိုက်ရင် ပုတ်စော်နံသွားတယ် ‘’ဟု ကန်ပြည့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနိုင်က News Watch ဂျာနယ်သို့ ပြောသည်။

အဆိုပါ ကန်ပြည့်ရွာတွင် ရေမှာပါဝင်သော ဖလိုရိုက်ဓာတ်များပြားမှုကြောင့် သွားများ ထိခိုက်ပျက်ဆီး နေကြောင်း စလင်းမြို့နယ်ရှိ သွားဆရာဝန်တစ်ဦးက အတည်ပြုပြောကြားသည်။

ကန်ပြည့်ကျေးရွာမှ အမျိုးသမီး၊ အမျိုးသား၊ ကလေးလူကြီး ဦးရေ ၁၀၀ခန့်၏ သွားများ ပုံတွင်မြင်ရသည့်အတိုင်း ပျက်ဆီးနေသည်ကို သတင်းရေးသားသူ ယင်းကျေးရွာသို့ရောက်ရှိစဉ် တွေ့ရှိခဲ့ရသည်။

ဖလိုရိုက်ဓာတ်မှာ သွားတိုက်ဆေးများတွင် ထည့်သွင်းအသုံးပြုရသော်လည်း ရေတွင်အဆမတန်ပါဝင်မှု များပါက တဖြည်းဖြည်းချင်း သွား၏အပေါ်ယံကြွေးအလွှာများ ပျက်ဆီးသွားပြီး သွားများတွင် အညို ကွက်များ၊ အမဲကွက်များဖြစ်ပေါ်လာနိုင်ကြောင်း သွားနှင့်ခံတွင်း ဆရာဝန်တစ်ဦးက News Watch ဂျာနယ်သို့ ပြောသည်။

ရေတွင် ဖလိုရိုက်ဓါတ် ပါဝင်မှုများသောကြောင့် သွားကိုသာအဓိကပျက်ဆီးစေနိုင်ပြီး အခြားကျန်ူမာရေး ထိခိုက်မရှိနိုင်ကြောင်း ဆေးတက္ကသိုလ်(၁)ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပါမောက္ခ ဒေါက်တာနေမောင်စိုးက ပြောသည်။

မြန်မာနိုင်ငံတွင် ဖလိုရိုက်ဓာတ်ပါဝင်မှုများသော ဒေသများစွာရှိပြီး အဓိကတွေ့ရသော မြို့နယ်များမှာ မန္တလေးတိုင်းမှ ၀မ်းတွင်းမြို့နယ်နှင့်မြင်ခြံမြို့နယ်များဖြစ်ပြီး ယခုမကွေးတိုင်းအတွင်းရှိ ပွင့်ဖြူမြို့နယ်တွင် ထပ်မံတွေ့ရှိရခြင်းဖြစ်ကြောင်း သွားဆရာဝန်အသိုင်းအ၀ိုင်းထံမှ သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ