Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 4, 2014

ထိုင်းရဲတွေ တရားစွဲလိုက်တဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ကူညီဖို့ သံရုံးညွှန်ကြား

ထိုင်းနိုင်ငံအတွင်း ဗြိတိသျှလူမျိုး ကမ္ဘာ့လှည့်ခရီးသည်စုံတွဲ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှာ ပြစ်မှုကျူးလွန်တယ်လို့ ၀န်ခံထွက်ဆိုထားသူ မြန်မာနိုင်ငံသားနှစ်ဦးကို သွားရောက်တွေ့ဆုံပြီး၊ အမှုမှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ဖို့ ရှေ့နေနှစ်ဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒီကနေ့ ညွှန်ကြားလိုက်ပြီလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်းလို့သူသိများတဲ့ ခိုတောင်းကျွန်းမှာ အသက် ၂၃ နှစ်နဲ့ ၂၄နှစ်အရွယ် ဗြိတိသျှ လူမျိုးနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ပြီးခဲ့တဲ့စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်းရဲတွေ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးတင်းမာပြီး၊ ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်တော့မယ့် အခြေအနေတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ထိုင်းရဲတွေ ဒီကနေ့ ဖမ်းဆီးတရားစွဲဆိုလိုက်တဲ့ ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ ကျောက်ဖြူဇာတိ မြန်မာနိုင်ငံသားနှစ်ဦးဟာ လောလောဆယ် ဆူရတ်ဌာနီ အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပြီး လာမယ့်သီတင်းပတ် တနင်္လာနေ့မှာ သူတို့ကို သွားရောက်တွေ့ဆုံဖို့ ရှေ့နေတွေကို ညွှန်ကြားထားတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က RFA ကို ပြောပါတယ်။

"ဒီနေ့ မနက်ကပဲ ကလေးတွေနဲ့ ထောင်မှာသွားတွေ့ဖို့ ရှေ့နေနဲ့သွားတွေ့ဖို့ စာတွေဘာတွေ ပေးလိုက်ပါတယ်၊ ထွက်လာမယ့်အဖြေပေါ့နော်၊ ထိုင်းအစိုးရကတော့ ဥပဒေအတိုင်းစစ်မှာပဲလေ၊ ဒါကတော့ သူတို့ဥပဒေအတိုင်း ကျနော်တို့ လိုက်နာရမှာပေါ့၊ သူတို့ကိုယ်တိုင်စစ်တယ်၊ ကျန်တဲ့ကိစ္စတွေကတော့ ကျနော်တို့က ဘယ်လိုကူညီရမလဲ၊ ဘယ်လိုလုပ်မလဲဥစ္စာတော့ ရှေ့နေနဲ့ ဥပဒေအတိုင်း လုပ်ခိုင်းထားပါတယ်"

တရားခံလို့ မနေ့က ၀န်ခံထွက်ဆိုလိုက်သူ မြန်မာနိုင်ငံသားနှစ်ဦးဟာ မှုခင်းစတင်ပေါ်ပေါက်စဉ်က ကနဦး ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ ပါဝင်ပြီး၊ မျိုးရိုးဗီဇ DNA စစ်ဆေးချက်နဲ့ မတူညီတဲ့အပြင် အမှုနဲ့မသက်ဆိုင်တာကြောင့် ပြန်လွှတ်ပေးခဲ့ပြီးနောက် အခုသီတင်းနှစ်ပတ်လောက်အကြာမှာ ဒုတိယအကြိမ် ပြန်လည်အဖမ်းခံခဲ့ရသူတွေဖြစ်တယ်လို့ ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။ အခုအကြိမ် ဖမ်းဆီးခံရချိန်မှာတော့ သူတို့နှစ်ဦးရဲ့ မျိုးရိုးဗီဇ DNA ဟာ သတ်ဖြတ်ခံရသူတွေရဲ့ ကိုယ်ခန္ဓာမှာတွေ့ရတဲ့ DNA နဲ့ ကိုက်ညီမှုရှိတယ်လို့ ထိုင်းရဲချုပ် ဗိုလ်ချုပ်ကြီး ဆွန်ယော့က ပြောပါတယ်။

ဒီအမှုအပေါ် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအကြား အထူးစိတ်ဝင်စားမှုရှိပြီး၊ ထိုင်းအာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်အပေါ် သံသယရှိကြောင်း RFA ကို ပြောဆိုပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ