Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 4, 2014

ကျေးသီးနယ် တိုက်ပွဲ ရှမ်းတပ်ပြန်ရုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ SSA မြောက်ပိုင်းတပ်နဲ့ အစိုးရတပ် အနည်းဆုံး တိုက်ပွဲ ၅နေရာဖြစ်ပွားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒီလတစ်ရက်နေ့မှာ ကျေးသီးမြို့နယ် တာ့ဖာဆောင်စခန်းက ရှမ်းတပ်ဖွဲ့တွေကို ဆုတ်ခွာဖို့ အကြောင်းကြားပြီးတဲ့နောက် အခုလို တိုက်ပွဲတွေ စတင်ဖြစ်လာတာပါ။  ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရတပ်နဲ့ SSA မြောက်ပိုင်းလို့ လူသိများတဲ့ ရှမ်းတပ်ဖွဲ့တို့အကြားမှာ ကြာသပတေးနေ့ က ကျေးသီးမြို့နယ်အတွင်း နေရာ ၅နေရာလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တာ့ဖာဆောင်တံတားအနီးမှာ တရက်နဲ့ တညလုံးလိုလို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ရှမ်းတပ်ဖွဲ့ဖက်က သူ့တို့စခန်းကို ဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီလို ဆုံးဖြတ်ခဲ့တဲ့ အကြောင်းကို ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း ရဲ့ အထွေထွေ အတွင်းရေးမှုး ဦးစပ်ခွန်ဆိုင်က အခုလို ပြောပါတယ်။

" ကျနော်တို့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်ရဲ့ ဗဟိုကော်မတီ အစည်းအဝေး အရေးပေါ် အစည်းအဝေး ထိုင်ပြီးတော့ ကျနော်တို့ ဆုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျနော်တို့ တပ်ကို ဆုတ်ဖို့ ညွှန်ကြားလိုက်ပြီ။ ကနေ့မနက်ပိုင်းပါပဲ ကနေ့မနက်ပိုင်း အစည်းအဝေး လုပ်တယ်လေ။
အစည်းအဝေးလုပ်ပြီး တပ်တွေကို ညွှန်ကြားပြီး ဆုတ်လိုက်ပါပြီ။

တပြည်လုံးအပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးဖို့ ဆွေးနွေးပွဲကို သွားနိုင်ဖို့ ဒါကို အဓိက ရည်မှန်းပါတယ်။ အတတ်နိုင်ဆုံး ကျနော်တို့ မဖြစ်အောင် ကြိုးစားမယ်။"

ဒီတိုက်ပွဲအတွင်းမှာ အစိုးရတပ်ဖက်က တပ်ရင်း ၉ရင်း၊ လူအင်အား တစ်ထောင်ကျော် အပြင် လက်နက်ကြီး တပ်ဖွဲ့တွေ ပါဝင်ပြီး အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်းနဲ့ ဒီကနေ့အထိ ရှမ်းတပ်ဖွဲ့ဘက်က  ၂ ဦးကျဆုံးပြီး အစိုးရတပ်ဖက်က ၅ဦး ကျဆုံးကြောင်း ဦးစဝ်ခွန်ဆိုင်ဝ်က ပြောပါတယ်။

အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက တာဝန်ရှိသူတဦး ကတော့ SSA မြောက်ပိုင်း တပ်ဖွဲ့က ပေးပို့လာတဲ့သတင်းကို ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီကို ဆက်လက် တင်ပြထားတယ်လို့ ပြောပါတယ်။

" သူတို့ တံတားကနေ ဖယ်ပေးလိုက်ပြီလို့ ကျနော်တို့ဆီလည်း သတင်းပို့တယ်။ သတင်းပို့တော့ ကျနော်တို့ လည်း တပ်ဘက်ရော ဒီဘက်ရော အကြောင်းကြား ထားပါတယ်။ သက်ဆိုင်ရာ ဗဟိုကော်မတီကို တင်ပြထားပါတယ်။ သူတို့ဆက်လုပ်ပါလိမ့်မယ်နော်။"

လောလောဆယ်မှာ တိုက်ပွဲဖြစ်ပွားတာကြောင့် ရွာလေးရွာက ဒေသခံပြည်သူတွေ ဟာ ဖာဆောင်ရွာ အနီးက ၀မ်ဝပ်ရွာ ဘုန်းကြီးကျောင်းကို ထွက်ပြေးနေ တယ်လို့ ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအွမ်ဆိုင်မိုင်း က ပြောပါတယ်။

" ရွာသားတွေကတော့ ဗမာဘုန်းကြီးကျောင်းမှာပဲ ပြန်ခိုနေကြတယ်။ တိုက်ပွဲက တအားပြင်းထန်နေတဲ့အခါကျတော့ တိုက်ပွဲနဲ့ နီးတဲ့ဟာ ဝမ်ဝပ်တို့ ဖာဆောင်ရွာတို့ပေါ့ လေးရွာ၊ ငါးရွာလောက် ပုန်းခိုနေရတယ်။ အရေအတွက်တော့ အတိအကျ မသိရဘူး။ တိုက်ပွဲကဖြစ်တဲ့အခါကျတော့ ဘယ်နှစ်ယောက် လာမှန်း မသိရဘူး။

ရှမ်းတပ်ဖွဲ့ဖက်က ဆုတ်ခွာလိုက်ပြီဆိုပေမဲ့ တာ့ဖာဆောင် တံတား အနီးမှာ ဒီကနေ့ နေ့ခင်းပိုင်း အထိ ပစ်ခတ်တာတွေ ရှိနေဆဲဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းတပ်ဖွဲ့ဖက်က ဆုတ်ခွာလိုက်ပြီဆိုပေမဲ့ တာ့ဖာဆောင်အနီးမှာ ဒီကနေ့ နေ့ခင်းပိုင်းအထိ ပစ်ခတ်တာတွေ ရှိနေဆဲဖြစ်တယ် လို့ ဒေသခံတွေက ပြောဆိုကြောင်း ဦးစိုင်းအွမ်ဆိုင်မိုင်းက ပြောပါတယ်။

တာ့ဖာဆောင်တံတားက SSA မြောက်ပိုင်းတပ်စခန်းကို ပြီးခဲ့တဲ့လတွေကတည်း အစိုးရစစ်တပ်က ဖယ်ရှားခိုင်းခဲ့တာဖြစ်ပါတယ်။ ဒါကို ရှမ်းတပ်ဖွဲ့က လက်မခံ တာကြောင့် ဇွန်လ၂၆ရက်နေ့ကနေ လကုန်ပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက် တပ်တွေ အကြား စစ်ရေးအရ တင်းမာမှုတွေ ရှိခဲ့ပါတယ်။

 သြဂုတ်လ အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို သွားရောက်ပြီး နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ ဦးသိန်းစိန်က တာ့ဖာဆောင်တံတားကနေ အစိုးရတပ်ရော၊ ရှမ်းတပ်ဖွဲ့ပါ ဆုတ်ခွာကြဖို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် နှစ်ဖက် တပ်တွေ ဆုတ်ခွာဖို့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး နဲ့ SSPP/SSA ညှိနှိုင်းရာမှာ တိကျတဲ့ သဘောတူညီချက် မရခဲ့ဘဲ့ ဒီလ ၂ရက်နေ့မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာပါ။
ကြာသပတေးနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရှမ်းတပ်ဖွဲ့ဖက်က သူတို့ တပ်စခန်း၂နေရာကို မနက် ၆နာရီလောက်နဲ့ ၃နေရာကို မနက် ၈နာရီလောက်မှာ တပြိုင်တည်း အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်တာလို့ သတင်းထုတ်ပြန်ပြီး အစိုးရဖက်ကတော့ တပ်အပြောင်းအရွှေလုပ်တဲ့ စစ်ယာဉ်တန်း တာ့ဖာဆောင် တံတားကို ဖြတ်သန်းရာမှာ ရှမ်းတပ်ဖက်က ခြုံခိုတိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ကရင်ပြည်နယ်အတွင်းမှာ အစိုးရတပ်နဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာလည်း ကချင်လွတ်လပ်ရေး တပ်မတော် KIA ၊ တအာန်းခေါ် ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA အကြားမှာလည်း တိုက်ပွဲ တွေ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးရာမှာ တိုးတက်မှုမရှိဖြစ်ခဲ့တဲ့နောက် အခုလို တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့အပေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။


ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ ရှမ်းမြောက်ပိုင်းတပ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ