Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

ဟောင်ကောင်ဆန္ဒပြမှု အာဏာပိုင်တွေအမိန့် အာခံဆဲ

ဟောင်ကောင်မှာ ရွေးကောက်ပွဲ ဆိုင်ရာ ပြုပြင် ပြောင်းလဲဖို့ နေရာအနှံ့ ဆန္ဒပြ နေကြ သူတွေကို အဓိက ဆန္ဒပြ နေရာဖြစ်တဲ့ မြို့လယ်က စီးပွားရေး အချက်အခြာ နေရာမှာ စုစည်းကြဖို့ ဆန္ဒပြကျောင်းသား ခေါင်းဆောင် တွေက ဆော်သြ ထားပါတယ်။

တနင်္လာနေ့မတိုင်ခင် လမ်းတွေပိတ်ဆို့ ဆန္ဒပြသူတွေကို ရှင်းလင်းပေးဖို့ အုပ်ချုပ်ရေးမှူး CY Leung ကပြောကြား ထားပေမယ့် ကောင်လွန်းကျွန်းဖက်က Mong Kok အရပ်မှာ ဒီကနေ့ ဆန္ဒပြသူတွေ အများအပြား စုဝေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့တာဝန်ရှိ Hui Chun Tak က အခြေအနေ ပုံမှန်ပြန်ဖြစ်အောင် လိုအပ်တဲ့နည်း သုံးပြီးဆောင်ရွက်သွားမယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောသွားပါတယ်။

‘အများပြည်သူတည်ငြိမ် အေးချမ်းရေးအတွက် ကျနော်တို့ အခိုင်အမာ ဆောင်ရွက်သွားမှာပါ၊ လိုအပ်တဲ့ဆောင်ရွက်မှု မှန်သမျှအတွက် ကျနော်တို့မှာ လုပ်နိုင်စွမ်း ရှိတယ်လို့လဲ အခိုင်အမာ ယုံကြည်ပါတယ်’- လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ဒီကနေ့ သတင်းစာ ရှင်းပွဲမှာ ပြောသွား တာဖြစ်ပါတယ်။

ဒီကနေ့ အစောပိုင်းတုန်းကတော့ Mong Kok အရပ်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပြီး ရဲဖက်က လက်ကိုင်တုတ်တွေ၊ ငရုတ်ရည်တွေနဲ့ ပျက်ဖျန်း ခဲ့ပါတယ်။ တနင်္လာနေ့ကျရင် အစိုးရဝန်ထမ်းတွေ ရုံးပြန်တက်နိုင်အောင် ပိတ်ဆို့ထားတာတချို့ ဖယ်ပေးမယ်လို့လည်း ဆန္ဒပြ ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။

အစိုးရဝန်ထမ်းတွေရုံးပြန်တက်တာကို လိုလိုလားလားခွင့်ပြုမှာဖြစ်ပေမယ့် စီးပွားရေးအချက်အခြာကျတဲ့ မြို့လယ်မှာတော့ ဆက်လက်နေရာယူပြီး ဆန္ဒပြသွားမယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ ဟောင်ကောင်မှာ တရုတ်ပြည်မကြီးအစိုးရရဲ့ လွှမ်းမိုးမှု မပါဘဲ ဟောင်ကောင် အုပ်ချုပ်ရေးမှူးကို ရွေးချယ်နိုင်ခွင့်ရရှိရေးအတွက် ကျောင်းသားအများစုဖြစ်တဲ့ ထောင်သောင်းချီတဲ့ ဟောင်ကောင်ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြနေကြတာ  သတင်း ၂ ပတ်ထဲ ရောက်နေပါပြီ။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ