Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

ပြည်ပမှ ချေးငွေလေးရပ် တစ်နှစ်အတွင်း ရနိုင်ဖွယ်မရှိ

ပြီးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုပြီးဖြစ်တဲ့ ပြည်ပချေးငွေ လေးခုဟာ အခုအစိုးရ လက်ထက်မှာ မရရှိနိုင်ဘူးလို့ ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က ဒီနေ့ ရန်ကုန် လွှတ်တော်ရုံးမှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောပါတယ်။

ချေးငွေချေးယူရာမှာ လုပ်ငန်းအဆင့်ဆင့် ကျော်ဖြတ်ရတာကြောင့် အချိန်ကြာတာ ဖြစ်တယ်လို့ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

" ကျွန်တော်တို့ နိုင်ငံအနေအထားအရ လိုငွေပြနေတဲ့ ဘတ်ချက်ဖြစ်တဲ့အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို သက်သာသောချေးငွေများ ရယူဆောင်ရွက်ခြင်းဟာ ကျွန်တော်တို့ နိုင်ငံတစ်ခုတည်းမဟုတ်ပါဘူး၊ နိုင်ငံအားလုံးက ကမ္ဘာနိုင်ငံ အစုံက ဆောင်ရွက်နေတဲ့ အနေအထားဖြစ်ပါတယ်၊ အဲ့အတော့ အခုယူတဲ့ ချေးငွေတွေ တကယ်တမ်းပြောမယ်ဆိုရင် အခုပြီးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်မှာ ချေးငွေလေးခု အတည်ပြုခဲ့ပါတယ်၊ ချေးငွေလေးခုဟာ ဒီအစိုးရ သက်တမ်းမှာ ရမလားဆိုတာ မသေချာပါဘူး၊ ဒါတွေဟာ နောင်ဆက်လက် ဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေဖြစ်ပါတယ်၊ ဥပမာ သန်းတစ်ရာယူမယ်ဆိုရင် တစ်နှစ်ကို သန်းတစ်ရာပုံပေးလိုက်တဲ့ အနေအထားမဟုတ်ပါဘူး၊ ဒီဟာသည် အပိုင်းလိုက် အပိုင်းလိုက် ခွဲဝေ သတ်မှတ်ပေးတဲ့ အနေအထားဖြစ်ပါတယ်"

မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီ ပမာဏဟာ မတ်လ ၃၁ ရက်နေ့အထိ စာရင်းများအရ အမေရိကန်ဒေါ်လာ သန်းတစ်သောင်းနီးပါး ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၀န်ကြီးဌာနတွေ အလိုက် ပြည်ပက ချေးငွေ ရယူနေတာလည်းရှိပြီး အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးဌာနက စီစစ်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်၊ အာရှဖွံဖြိုးရေးဘဏ်၊ ပဲရစ်ကလပ် စတဲ့ အဖွဲ့အစည်းတွေကနေ မြန်မာနိုင်ငံက တင်ရှိနေတဲ့ ခေတ်အဆက်ဆက် ကြွေးမြီတွေကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ရှင်းလင်းပေးဆပ်ခဲ့ပြီးနောက် ချေးငွေတွေ အခုလိုထပ်မံရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲကို နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၊ ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်နဲ့ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့ ဦးဆောင်ဖြေကြားခဲ့ကြပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ