Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 4, 2014

ရန်ကုန်မြို့တော် စည်ပင်မှာ ရွေးချယ်ခံဖို့ အမည်စာရင်းပေးသွင်းနိုင်

လာမယ့် ဒီဇင်ဘာလ ကုန်လောက်မှာ ကျင်းပမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၀င် ရွေးကောက်ပွဲမှာ ၀င်ရောက်ရွေးချယ်ခံမယ့် သူတွေအနေနဲ့ ရန်ကုန်မြို့တော်ကော်မရှင်ထံ လာမယ့် အောက်တိုဘာလ ၆ ရက်နေ့ကစပြီး ၁၄ ရက်အတွင်း အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

စည်ပင်သာယာရေးကော်မတီက ထုတ်ဝေတဲ့ မြို့တော် သတင်းစာမှာသာ ထုတ်ပြန်ကြေညာတာဖြစ်တဲ့ အတွက် အများပြည်သူ သိရှိမှုနည်းကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီ ရွေးကောက်ပွဲ နည်းဥပဒေကို ကန့်ကွက်ခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

" ကြေညာတာတော့ကောင်းတယ်၊ သို့သော် အဲ့ကြေညာချက်ကို ပြည်သူ လူထုတွေက မသိဘူး၊ သူတို့က မြို့တော် သတင်းမှာပဲကြေညာတဲ့ အတွက်ကြောင့်မို့ လူထုတော်တော်များများက မသိဘူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို ဒီသတင်းတွေကို သူတို့ပေးထားတယ်လို့ ပြောတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေမှာ ဒါတွေကို ကြေညာထားတယ်လို့ ပြောတယ်၊ ဒါပေမယ့် လက်တွေ့မှာ အန်တီမနေ့က ရုံးတွေအားလုံးလိုက်ကြည့်တဲ့အခါမှာ မရှိဘူး၊ ဒီကြေညာချက်တွေ ဘာလို့မရှိလည်းဆိုတော့ သူတို့ကို စည်ပင်ကမပေးထားဘူးလို့ပြောတယ်၊ ဥပမာ ဘယ်လိုလူမျိုးက ရွေးကောက်ခံပိုင်ခွင့်ရှိတယ်၊ ဘယ်လို စာရင်းပေးရမယ်ဆိုတဲ့ အသေးစိတ် ညွန်ကြားချက်တွေရော သူတို့ ကြေညာချက်တွေရော ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ် ရုံးတွေမှာ မကြေညာထားဘူး"

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်၊ မြို့နယ်နဲ့ ခရိုင်အဆင့် စည်ပင်သာယာရေး ကော်မတီဝင်တွေ အဖြစ် ရွေးချယ်ခံမယ့်ကိုယ်စားလှယ်လောင်းတွေဟာ မြို့ပြဖံွ့ဖြိုးမှုစီမံကိန်းတွေကို သိရှိနားလည်သူ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းမှာ အနည်းဆုံး ၁၀ နှစ် နေထိုင်သူတွေ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် အဆင့်ဆင့်ရွေးကောက် တင်မြှောက်ရေး နည်းဥပဒေကို မနေ့က အောက်တိုဘာလ ၂ ရက်နေ့က ပြင်ဆင် အတည်ပြုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနည်းဥပဒေအရ ရန်ကုန်မြို့တွင်းက အိမ်ထောင်စုတစ်စုမှာ တစ်ဦးနှုန်း မဲပေးနိုင်မှာဖြစ်ပြီး မဲဆန္ဒရှင် ၈သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် အဆင့်ဆင့်ရွေးကောက်ပွဲမှာ ဗဟိုအဆင့် ကော်မတီဝင် ၉ ဦး ခရိုင်အလိုက် ၄ ဦးစီနဲ့ မြို့နယ်အလိုက် တစ်ဦးစီ ရွေးချယ်သွားမှာဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ