Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 4, 2014

ငြိမ်းချမ်းရေးပျက်လျှင် မြန်မာ့တပ်မတော်က ဖျက်ဆီးသူဟု RCSS/SSA ပြော

သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေသို့ အစိုးရတပ်မတော် စစ်အင်အား အလုံးအရင်းသုံးပြီး တိုက်ခိုက်နေခြင်းသည် လက်ရှိငြိမ်းချမ်းရေး တည်ဆောက်နေ ချိန်ဖြစ်သဖြင့် လုံးဝ မသင့်လျော်ကြောင်း၊ ငြိမ်း ချမ်းရေး ပျက်လျှင် မြန်မာ့တပ်မတော်က ဖျက်ဆီးသူဟု RCSS/SSA က ပြောကြား လိုက်ပါသည်။

မြန်မာ့တပ်မတော်အနေဖြင့် ရလခ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက် တပ်ရင်းများ၊ ရမခ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်လက်အောက်ခံ တပ်ရင်းများ အင်အား ၁၀၀၀ ကျော် သုံးကာ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲ ကာ ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် သျှမ်းပြည်တပ်မ တော် SSPP/SSA အား ထိုးစစ်ဆင်နေခြင်းသည် ငြိမ်းချမ်းရေး ပျက်စီးအာင် ဖျက်ဆီးနေခြင်းနှင့် တူသည်ဟု RCSS/SSA က ကြေငြာချက်တစောင် ထုတ်ပြန် လိုက်သည်။

“သျှမ်းပြည်တပ်မတော် SSPP/SSA ကို အခုလိုထိုးစစ်ဆင်နေတဲ့အပေါ် အစိုးရ အနေနဲ့ ဖြေရှင်းပေးသင့် တယ်။ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ဘဲမဟုတ်ဘူး၊ တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလဲ သိထားသင့် တယ်။ မြန်မာ့ တပ်မတော်က ရိုးသားမှုမရှိဘူး၊ အပြောတမျိုးအလုပ်တမျိုးလုပ်နေတယ်။ တိုင်းရင်းသားဒေသမှာ အင်အားမလျှော့တဲ့အပြင် အင်အားတိုးချပြီးထိုး စစ်ဆင်နေတယ်။ ဒီကိစ္စကို ပြန်သုံးသပ်သင့်တယ်။ ငြိမ်းချမ်းရေးပျက် ရင် မြန်မာ့တပ်မတော်က ဖျက်တဲ့သူဘဲ” - ဟု သျှမ်းပြည်ပြန် လည်ထူထောင်ရေးေ ကာင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ပြောရေးဆိုခွင့် စိုင်းဆိုင်မိဏ်းက ပြောကြားလိုက်သည်။

RCSS/SSA ၏ အောက်တိုဘာ ၃ ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ကြေငြာချက်တွင် - (၁) အင်အား ထောင် ဂဏန်းသုံးပြီး SSPP/SSA အပေါ် မြန်မာ့တပ်မတော် ထိုးစစ်ဆင်နေသည့်လုပ်ရပ်အား အပြင်းအထန် ကန့် ကွက်ကြောင်း၊ (၂) မြန်မာ့တပ်မတော်လုပ်ရပ်သည် သမ္မတကိုယ်တိုင် ဦးဆောင် တည်ဆောက် နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် မြန်မာ့တပ်မတော်ကိုယ်တိုင် ချမှတ်ထားသည့် မူ ၆ ရပ်နှင့်လည်း ဆန့်ကျင်သွေဖီနေကြောင်း၊ (၃) ငြိမ်းချမ်းရေးတည်ဆောက်ထားသော တိုင်းရင်းသားတော်လှန်ရေး တပ်မတော်များအနေဖြင့် မြန်မာ့တပ်မတော်လုပ်ရပ်အပေါ် ပြန်လည်သုံးသပ်သင့်ကြောင်း - ပါရှိပါ သည်။

လက်ရှိတွင် မြန်မာအစိုးရ တပ်မတော်သည် သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေအတွင်း အင်အားအလုံးအရင်းဖြည့်ကာ ထိုးစစ်ဆင်နေသောကြောင့် ယမန်နေ့နှင့် ယနေ့အတွင်း တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။


ဓါတ်ပုံ - RCSS ၏ကြေငြာချက်



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ