Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 3, 2014

မြဝတီမြို့ရေလယ်ကျွန်းတွင် လက်နက်ခဲယမ်းများနှင့် လူ ၃ဦးကို ဖမ်းဆီးရမိ

မြဝတီမြို့ အမှတ် ၂ရပ်ကွက်၊ ရေလယ်ကျွန်းနံဘေးရှိ (ငြိမ်းချမ်းအောင် ဘုန်းကြီး ကျောင်းတိုက်)အနီး ရွှေကျွန်းတွင် ယမန်နေ့က မြို့နယ်လုံခြုံရေး တာဝန်ရှိသူများက ဝင်ရောက်ရှာဖွေ ရှင်းလင်းရာ လက်နက်ခဲယမ်း အချို့နှင့်အတူ လူ ၃ဦးကို ဖမ်းဆီးရမိသည်ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။

အဆိုပါကျွန်းကို နယ်မြေခံ အစိုးရစစ်တပ်၊ နယ်ခြားစောင့်တပ်၊ စရဖ၊ ရဲ၊ ပြည်သူ့စစ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ယမန်နေ့ ည ၇နာရီခန့်တွင် ဝင်ရောက်ရှာဖွေ ရှင်းလင်းကာ ကိုဇော်ထက်နိုင် ၂၁နှစ်၊ အောင်သူ ၄၁နှစ်နှင့် လင်းအောင် (ခ) စောဖိုးတေတို့ ကို AR-15 (M-16) အတို တစ်လက်နှင့် ၎င်းကျည် ၃၉တောင့်၊ ကျည်ကဒ် ၃ချပ်၊ အမေရိကန်လုပ် M1 လက်ပစ်ဗုံး ၁လုံးတို့နှင့် အတူ သိမ်းဆည်ဖမ်းဆီးရမိခဲ့သည်။

“ကျွန်းပေါ်မှာ နေထိုင်သူတွေက ရိုးရိုးသားသားတွေပါ။ ဒါပေမဲ့ အခု ဖမ်းဆီးလိုက်ရသူတွေက လက်နက်ခဲယမ်းတွေနဲ့ ကျွန်းမှာ ခိုလှုံနေကြတာမို့ သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တာပါ။ ဘယ်အဖွဲ့အစည်းကရယ်လို့တော့ သူတို့မပြောဘူး။ အခုတော့ သူတို့ ၃ယောက်ကို မြို့မရဲစခန်းမှာ (ပ) ၁၇၈/၂၀၁၄ လက်နက်ဥပဒေ ပုဒ်မ-၁၉(စ)နဲ့ အမှုဖွင့်ထားပါတယ်”ဟု အဆိုပါရဲအရာရှိက ပြော ဆိုသည်။

မြဝတီမြို့တွင် နေထိုင်သူတစ်ဦးက “လောင်းကစား မူးယစ်ဆေးဝါးရှိ မရှိလေကောင်းလေပေါ့။ ပတ်သက်ဆက်နွယ်တဲ့လူတွေကို ကွင်းဆက်ဖော်ထုတ်ပြီး ပင်စည်ဖြိုနိုင်အောင် ပူးပေါင်းဆောင်ရွက်ရမှာ။ အဓိကကတော့ လက်နက်ပုန်းတွေဖော်ထုတ်တာ”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းနှင့် မြန်မာ မကြာခဏ ပိုင်နက်အငြင်းပွားနေသည့် သောင်ရင်းမြစ်လယ်ရှိ ရေလယ်ကျွန်းတွင် မူးယစ်ဆေးဝါးနှင့် လက်နက် ခဲယမ်းများ မကြာခဏ ရှာဖွေဖမ်းဆီးရမိလေ့ရှိသည်။ ၂၀၁၃ခုနှစ်၊ မတ်လကလည်း ကော့မူးရာအထူးဒေသ ကရင်လူငယ်အဖွဲ့မှ ထိုနေရာအတွင်းသို့ ၀င်ရောက်၍ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများကို သွားရောက်ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မြ၀တီမြို့တွင် အစိုးရ၏ လက်နက်ကိုင်အဖွဲ့များ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ အခြေစိုက် နေကြသည့်အပြင် အမည်မသိသော ဒုစရိုက်အဖွဲ့များလည်း ကျင်လည်လှုပ်ရှားလျှက်ရှိသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ