Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 3, 2014

ပြည်နယ်အစိုးရက ဖားအံစက်မှုဇုန်ရှိ လယ်ယာမြေပိုင်ရှင်များအား နစ်နာကြေး စီစဉ်ပေးမည်ဟုဆို

ကရင်ပြည်နယ်၊ ဖားအံစက်မှုဇုန် တည်ဆောက်ရာတွင် ပါဝင်သွားသော လယ်ယာမြေများ၏ ပိုင်ရှင်လယ်သမားများ နစ်နာမှုမရှိ စေရန် ပြည်နယ်အစိုးရ အနေဖြင့် စီစဉ်လုပ်ဆောင်ပေးမည်ဟု ကရင်ပြည်နယ် စက်မှုနှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီး စောကြည်လင်း က ကေအိုင်စီသို့ ပြောသည်။

“စက်မှုဇုန်မှာ ပါဝင်သွားတဲ့ လယ်ယာမြေတွေအတွက် ပြန်စဉ်းစားပေးရမယ်။ လယ်မြေတွေကို စက်မှုဇုန်တည်ဆောက်ဖို့ အကွက်တွေကွက်ပြီး စက်ရုံဆောက်မယ်။ ဒီတော့ လယ်သမားတွေ နစ်နာမှုမရှိရလေအောင် ကျနော်တို့ စက်မှုဇုန်ကော်မတီနဲ့ အစိုးရတို့ ပြန်လည် လုပ်ဆောင်ပေးမယ်”ဟု ၀န်ကြီးစောကြည်လင်းက စက်တင်ဘာ ၂၇ရက်နေ့က ပြောဆိုသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ဒေသခံ လယ်သမားများနှင့် အချိန်ယူ ညှိနှိုင်းကာ လယ်ယာမြေများ၏ ကာလတန်ဖိုးအပေါ် မူတည်၍ နစ်နာကြေးပေးသွားရန်ရှိသည်ဟု ၀န်ကြီးစောကြည်လင်းက ဆက်ပြောသည်။

ဖားအံစက်မှုဇုန်အတွင်း ပါဝင်သော ဒေသခံ လယ်ယာမြေ စုစုပေါင်းမှာ ၆၅ဧကရှိပြီး ဘိုးဘွားလက်ထက်က ပိုင်ဆိုင်လာခဲ့သည့် မူလပိုင်ရှင်လယ်သမား ၁၀ဦးကျော်ရှိကာ ယခုမြေကိစ္စအပေါ် ဖြေရှင်းပေးရန် သက်ဆိုင်ရာ အစိုးရဌာနထံသို့ အကြိမ်ကြိမ်စာတင် ခဲ့သည်ဟု ကိုယ်တိုင်လယ်မြေဆုံးရှုံးခဲ့သူ လယ်သမား စောမောင်ဝင်းက ကေအိုင်စီသို့ ပြောသည်။

စောမောင်ဝင်းက “အခုကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဒေသခံလယ်သမားတွေ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်အစိုးရတွေကို ၆ကြိမ်လောက် အထက်ကို စာတင်ထားတယ်။ ဘာမှမထူးခြားသေးဘူး။ အထက်လူကြီးတွေက ကျနော်တို့ထက် ပိုနားလည်ပါ တယ်။ လူကြီးတွေကို ပြောချင်တာကတော့ လယ်သမားများကို ငဲ့ညာပါလို့ ပြောချင်ပါတယ်”ဟု ပြောသည်။

ကရင်ပြည်နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြီး အစိုးရသစ်တက်လာသည့်နောက်ပိုင်း ဖားအံစက်မှုဇုန်ကို ဖားအံမြို့နှင့် ၇မိုင် ကွာဝေးသော ဖားအံ-လှိုင်းဘွဲသွားရာ ကားလမ်းနံဘေးရှိ မြေလွတ်မြေရိုင်းများကို စီမံကိန်းချမှတ်လုပ်ဆောင်ခဲ့ရာတွင် ဒေသခံ လယ်သမားများ၏ မြေယာအချို့လည်း စီမံကိန်းနယ်မြေအတွင်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိ ဖားအံစက်မှုဇုန်တွင် UMH အထည်ချုပ်စက်၊ မြလင်းသစ်အချောထည်စက်ရုံ၊ စက်ဘီးတပ်ဆင်ရေးစက်ရုံ၊ ဖယောင်း တိုင်စက်ရုံနှင့် ပလပ်စတစ်စက်ရုံ စသည်တို့အပြင် အခြားစက်ရုံအချို့များလည်း လည်ပတ်လုပ်ဆောင်နေကြပြီဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် စတင် တည်ဆောက်ခဲ့သည့် ၎င်းစက်မှုဇုန်၏ အကျယ်အ၀န်းမှာ စုစုပေါင်းဧက တစ်ထောင်ကျော်ရှိပြီး ဇုန် (၁)မှ ဇုန်(၄)အထိရှိကြောင်း ပြည်နယ်အစိုးရ၏ မှတ်တမ်းအရ သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ