Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 27, 2014

ကလေး ငယ်တစ်ဦး အိပ်ခန်း ကြမ်းပေါက်မှ ချောင်းစပ်သို့ ပြုတ်ကျ ခဲ့သဖြင့် ရေနစ် သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၇

၂၆.၁၀.၂၀၁၄ ရက်နေ့ ၀၈၀၀ အချိန်တွင် ဒလမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒလမြို့နယ် ဆေးရုံသို့ ကလေးငယ်တစ်ဦး ရေနစ်သေဆုံး ရောက်ရှိ လာကြောင်း သတင်းအရ သက်သေများနှင့်အတူ သွား ရောက်စစ်ဆေးခဲ့ရာ သေဆုံး သူကလေးငယ်မှာ မအိသဉ္ဇာမျိုး၊ (၁)နှစ်(၅)လဖြစ်ပြီး ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၀၅၃၀ အချိန်ခန့်တွင် မအိသဉ္ဇာမျိုးနှင့် မောင်အလိမ္မာ၊ (၉)နှစ်တို့ (၂)ဦးသည် နေအိမ်နောက်ခန်းအတွင်း အိပ်နေကြစဉ် မိခင်ဖြစ်သူမှာ ဈေးရောင်း သွားနေခဲ့ကြောင်း၊ ၀၆၀၀ အချိန် တွင် မောင်အလိမ္မာမှ ညီမဖြစ်သူ ပျောက်ဆုံးနေကြောင်း လာရောက် ပြောပြသဖြင့် နေအိမ်သို့ ပြန်လာပြီး
ရှာဖွေခဲ့ကြောင်း၊ ထိုသို့ရှာဖွေခဲ့ရာ သမီးဖြစ်သူ မအိသဉ္ဇာမျိုးအား နေအိမ် နောက်ဖေးရှိ ချောင်းရေစပ်တွင် သေဆုံးနေသည်ကိုတွေ့ရှိရပြီး အိပ်ခန်းကြမ်းပေါက်မှ ပြုတ်ကျကာ ချောင်းစပ်၌ ရေနစ်သေဆုံးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဒလမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၂၂/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ