အဲဒီ ဝန်ကြီးအဖွဲ့ဝင် ၃၄ ယောက်ထဲမှာ အမျိုးသမီး ဝန်ကြီး ၈ ဦးပါဝင်ပြီး အဆင့်မြင့်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို အမျိုးသမီး ဝန်ကြီးက ဦးဆောင်မှာ ဖြစ်ပါတယ်။
သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့အချိန်ကစပြီး ဝန်ကြီးအဖွဲ့ကို ရွေးချယ်ဖို့ သမ္မတ ဂျိုကို ဝီဒိုဒိုမှာ အချိန် ၁၄ ရက်ရှိပေမယ့် သူက တစ်ပါတ်တောင် အချိန်မယူပဲ ဝန်ကြီး အဖွဲ့ရဲ့ နာမည်ကို ကြေညာလိုက်ပါတယ်။
အဲဒါတောင် နှောင့်နှေးမှု ဖြစ်ခဲ့တဲ့အတွက် တစ်ပါတ်နီးပါး ကြာမြင့်ခဲ့တာပါ။
သမ္မတက ရွေးချယ်ထားတဲ့ လူ ၈ ယောက်ရဲ့ နာမည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က မင်နီတွေ တားခဲ့တဲ့အတွက် နောက် ၈ ယောက်ကို ရွေးချယ်ရင်း တစ်ပတ်နီးပါး ကြာမြင့်သွားတာ ဖြစ်ပါတယ်။
အခု ရွေးချယ်ထားတဲ့ လူ ၃၄ ယောက်စလုံးဟာ အကျင့် စာရိတ္တ ကောင်းမွန်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အသိအမှတ် ပြုထားသူတွေသာ ဖြစ်တယ်လို့လည်း သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောပါတယ်။
ဝန်ကြီး ၃၄ ယောက်ထဲမှာ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေနဲ့ သိပ္ပံ စက်မှု ပညာရှင်တွေ ပါဝင်ပါတယ်။
စစ်ဦးစီးချုပ်ဟောင်းကို ကာကွယ်ရေးနဲ့ လုံခြုံရေး ဝန်ကြီး ခန့်အပ်ပြီး စီးပွားရေးမှာ အတွေ့အကြုံရှိသူတွေကို စိုက်ပျိုးရေးနဲ့ ကုန်သွယ်ရေး ဝန်ကြီးများ အဖြစ် ခန့်အပ်ခဲ့ပါတယ်။
အမျိုးသမီး ၈ ဦးထဲက တစ်ဦးကိုတော့ နိုင်ငံခြားရေး ဝန်ကြီးရာထူး ပေးအပ်ခဲ့ပြီး အဲဒီ အမျိုးသမီးဟာ သြစတြေးလျနဲ့ ဥရောပတိုက်မှာ သံတမန်အဖြစ် တောက်လျောက် တာဝန်ယူခဲ့သူ ဖြစ်တယ်လို့ အေဘီစီ သတင်းထောက် George Roberts က အင်ဒိုနီးရှားနိုင်ငံကနေ သတင်းပေးပို့ခဲ့ပါတယ်။
အပထမဦးဆုံးသော အင်ဒိုနီးရှား နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာမယ့် Retno Marsudi ဟာ အသက် ငယ်ရွယ်စဉ်ကတည်းက သံအမတ်အဖြစ် ပြည်ပမှာ တာဝန် ထမ်းဆောင်သူ အမျိုးသမီး ဖြစ်ပြီး အခုအခါမှာတော့ နယ်သာလန်နိုင်ငံမှာ အင်ဒိုနီးရှား သံအမတ်အဖြစ် တာဝန်ထမ်းဆောင်သူ ဖြစ်ပါတယ်။
![]() |
| အင်ဒိုနီးရှားနိုင်ငံရဲ့ ပထမဦးဆုံးသော နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာမယ့် Retno Marsudi |




































No comments:
Post a Comment