Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 14, 2014

ခိုတောင်းကျွန်းလူသတ်မှု ထိုင်းရဲ စစ်ဆေးပုံ ဗြိတိန် စိုးရိမ်

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန် နိုင်ငံသားနှစ်ဦး အသတ်ခံခဲ့ရတဲ့ အမှုအပေါ် ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်း စစ်ဆေးပုံနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်မိကြောင်း ဗြိတိန်အစိုးရက ပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးရုံးနဲ့ ဓနသဟာယ ရုံးဝန်ကြီး Hugo Swire က ထိုင်းသံအမတ်ကြီးကို မနေ့က ခေါ်ယူပြောကြားခဲ့တာပါ။

ဒီအမှုအပေါ် ထိုင်းအာဏာပိုင်တွေရဲ့ ကိုင်တွယ်စုံစမ်းပုံတွေနဲ့ ပတ်သက်ပြီး၊ ဗြိတိန်နိုင်ငံအတွင်း စိုးရိမ်မှုတွေ ပေါ်ပေါက်နေပါတယ်၊ စုံစမ်းစစ်ဆေးတဲ့နေရာမှာ ပွင့်လင်းမြင်သာပြီး၊ နည်းလမ်းတကျ မှန်မှန်ကန်ကန်ရှိဖို့ အဓိကကျပါတယ်၊ ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းမီဒီယာနဲ့ ထိတွေ့ဆက်ဆံ ပုံဟာလည်း စိုးရိမ်ဖွယ်ဖြစ်နေပါတယ်၊ ဒီအမှုအတွက် စုံစမ်းစစ်ဆေးရေးနဲ့ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်တွေမှာ ကူညီပံ့ပိုးသွားဖို့ ဗြိတိန်ရဲတပ်ဖွဲ့အနေနဲ့ အသင့်ရှိနေတယ်ဆိုတာ ထပ်လောင်း ပြောကြား လိုပါတယ်လို့ ၀န်ကြီး Hugo Swire က ပြောဆိုခဲ့ကြောင်း ဗြိတိန်နိုင်ငံ ခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒါ့ပြင်အမှု စုံစမ်းစစ်ဆေးချက် နောက်ဆုံးအခြေအနေတွေကို ဗြိတိန်အစိုးရနဲ့ အသတ်ခံရသူတွေရဲ့ မိသားစုတွေ ပုံမှန်ရရှိနေဖို့လိုအပ်ကြောင်းလည်း ဗြိတိန်နိုင်ငံခြားရေးရုံး ၀န်ကြီးက အလေးပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာ၊ ထိုင်း နဲ့ ဗြိတိန် အစိုးရတာဝန်ရှိသူတွေ ဘန်ကောက်မြို့မှာ ဒီကနေ့ မနက် (၁၀) နာရီမှာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီအမှုအတွက် ကော်စမွီတရားရုံးမှာ ဒီကနေ့ တရားသူကြီးက တရားလိုပြသက်သေ ၃ ယောက် ဆီက ကြိုတင်စစ်ချက်ယူမှာဖြစ်ပါတယ်။

ဘန်ကောက်ပို့စ် သတင်းစာကတော့ အမှုနဲ့ပတ်သက်ပြီး သက်သေတွေဆီက ထူုးခြားတဲ့အချက်တွေ ပေါ်ထွက်လာဖွယ်မရှိဘူးလို့ ဖေါ်ပြပါတယ်။

ရဲက ထုတ်ပြမယ့် အမျိုးသားသက်သေ ကိုမောင်မောင်က သူ့အနေနဲ့ စွပ်စွဲခံရသူတွေနဲ့ တစ်ခန်းတည်း နေပေမဲ့၊ အခင်းဖြစ်ပွားတဲ့နေ့က သူတို့အရင် စောပြီးပြန်တဲ့အတွက် ဘာမှမသိကြောင်း၊ သူတို့နှစ်ယောက် ပြန်ရောက်လာချိန်မှာလည်း ထူးခြားတဲ့အမူအရာမျိုး မတွေ့ရကြောင်း သတင်းမီဒီယာတွေကိုပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

သက်သေနောက်တစ်ဦးဖြစ်တဲ့ မြန်မာအမျိုးသမီးကလည်း အခင်းဖြစ်ပွားတဲ့နေရာက ဂစ်တာသံကြားခဲ့ရကြောင်းသာ ပြောဆိုခဲ့တာပါ။ နောက်ဆုံး သက်သေ မြန်မာအမျိုးသားအကြောင်းကိုတော့ မသိရသေးပါဘူး။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ