ကွန်ပျူတာတွေမှာ ဖိုလ်ဒါတွေ၊ အိုက်ကွန်တွေကို မြန်မာလို
နာမည်ပေးချင်ရင် အလွယ်လေး။ သိပြီးသားလူတွေလည်းရှိမှာပါ။ ဒါက မသိသေးတဲ့
လူတွေအတွက်ပါ။ ပထမဆုံးကတော့ ကိုယ့်စက်ထဲမှာ မြန်မာဖောင့်တော့ ရှိရမှာပေါ့။
မရှိသေဘူးဆိုရင် ဒေါင်းလုပ် လုပ်လိုက်ပါ။ ပြီးပြီဆို ဟောဒီလိုလေးတွေ
လုပ်လိုက်ရင်ရပြီ။
ပထမဆုံး Desktop ပေါ်မှာ Right Click လုပ်လိုက်။ Properties ကိုသွား –
Appearance ဆိုတဲ့ Tab ကိုနှိပ်။ အဲဒီမှာ ညာဘက်အောက်နားက Advance ဆိုတာကို
ထပ်နှိပ်လိုက်။ Box တစ်ခုပေါ်လာလိမ့်မယ်။ Item ဆိုတဲ့ Drop Down list ထဲမှာ
icon ကိုရွေးလိုက်ရင် Font list တွေ့လိမ့်မယ်။ ကိုယ်ကြိုက်တဲ့ဖောင့်ကို
ရွေးလို့ရတယ်။ မြန်မာလိုရေးချင်တာဆိုတော့ ဇော်ဂျီ ကိုရွေးလိုက်ပေါ့။
ဖောင့်အရွယ်အစားကိုလည်း ပြောင်းလို့ရတယ်။ ၈ လောက်ဆို အတော်လောက်ပါပဲ။
ပြီးရင် Ok ကိုနှိပ်။ Properties Box ကိုလည်း Ok နှိပ်ပြီး ပိတ်လိုက်ပေါ့။
Title Bar မှာပါ မြန်မာလိုပေါ်ချင်ရင် Item ဆိုတဲ့ Drop Down list ထဲမှာ Title Bar ကိုရွေးပြီး ဖောင့်ပြောင်းပေးလိုက်ပါ။
ပြီးပြီဆိုရင်တော့ ကိုယ်ကြိုက်တဲ့ icon တွေ folder ကိုသွားပြီး rename
လုပ်လိုက်ပါ။ တစ်ချို့ဟာတွေက မြန်မာလိုနာမည်ပေးလိုက်ရင်
စက်ကနားမလည်တာတွေရှိတယ်။ ဂိမ်းအတွက် .exe ဖိုင်တွေဆိုရင်တော့ မရဘူး။ အဲ…
တစ်ခုအခက်အခဲ ရှိနိုင်သေးတယ်။ ဘာလဲဆိုတော့ Recycle Bin ကို Rename
လုပ်လို့မရတဲ့ ပြသနာပါ။ လုပ်လို့ရပါတယ်။ နည်းတွေအများကြီးရှိပါတယ်။
ဒါကအလွယ်ဆုံးနည်းတစ်ခုပါ။ ဟောဒီဟာကို Notepad ထဲပဲဖြစ်ဖြစ် ကူးထည့်လိုက်ပါ။
REGEDIT4
[HKEY_CLASSES_ROOT\CLSID\
{645FF040-5081-101B-9F08-00AA002F954E}\ShellFolder]
“Attributes”=hex:50,01,00,20
“CallForAttributes”=dword:00000000
ပြီးရင် .reg ဆိုတဲ့ ဖိုင်အနေနဲ့ ကြိုက်တဲ့နေရာမှာ သိမ်းလိုက်ပါ။
ကြိုက်တဲ့နာမည်ပေးလို့ရပါတယ်။ လုပ်ပြီးရင် အဲဒီဖိုင်ကိုဖွင့်လိုက်ပေါ့။
REGISTRY ထဲကို ထည့်မလားလို့ မေးလာလိမ့်မယ်။ YES ကိုပဲ နှိပ်လိုက်ပါ။
ဒါဆိုရင် နာမည်ပြောင်းပေးလို့ရပါပြီ။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment