“ပဲလှော်လို ဝါးစားကြတယ်” လို့ တင်စားတတ်တဲ့
အများသုံးဆေးတွေထဲက အကိုက်အခဲ-အဖျားပျာက်ဆေး (အက်စပရင်) ကို ရက်လွန်သွားတာ
သောက်မိရင် သေနိုင်တယ်လို့ သတိပေးတာ မမှားပါ။ အကုန်လဲ မမှန်ပါ။
အဖြေကတော့ “၉ဝ% သောဆေးတွေဟာ ၁၅ နှစ်သက်တမ်းလွန်တာတောင် အာနိသင်ရှိသေးတာ တွေ့ရတယ်။
“ရက်စွဲဆိုတာ သိပ္ပံသဘောအရ ပြောရတာသာ ဖြစ်တယ်” လို့ Mr. Flaherty က ပြောခဲ့ပါသေးတယ်။
FDA က ဆေးရက်စွဲပညာရှင် Joel Davis ကပြောတက ချွင်းချက် လက်တဆုပ်စာ
ရှိပါတယ်။ Nitroglycerin နှလုံး သွေးကြောကျဉ်း အတွက်ဆေး၊ Insulin
ဆီးချိုထိုးဆေး နဲ့ Liquid Antibiotics ပဋိဇီဝဆေးရည်တချို့တွေ ဖြစ်တယ်။
Bayer AG ဆေးကုမ္ပဏီက Aspirin ဆေးကို သက်တမ်း ၂-၃ နှစ်ဘဲ သတ်မှတ်တယ်။
ဒါပေမဲ့ ကုမ္ပဏီ ဒုဥက္ကဋ္ဌ Chris Allen က ဒီလိုသတ်မှတ်ချက်ဟာ Pretty
conservative ရိုးစွဲအစဉ်အလာအရ ဖြစ်ပါတယ်။ ၄ နှစ်သက်တမ်းရှိတဲ့ Aspirin ကို
စမ်းသပ်ကြည့်တာ 100% effective ၁ဝဝ% ထိရောက်တာတွေ့ပါတယ်။
ဆေး အတော်များများက အဲလိုဖြစ်ပါတယ်။ Tetracycline (တက်ထွာဆိုက်ကလင်း) ဆေးကို ချွင်းချက် မထားလို့မရပါ။ ရက်ကျော်လို့ လုံးဝမရပါ။ ဒါတောင် အငြင်းပွါးနေတာ ရှိပါသေးတယ်။ ရက်ကြာလေလေ ထိရောက်မှု နည်းလေးလေးဖြစ်တာ သဘာဝပါ။ ဒါတောင် သူ့အစွမ်းက သတ်မှတ်ရက်နောက် ဆယ်စုနှစ်တွေ ကြာတာတောင် ရှိနေပါသေးတယ်။
ဆေးဆိုတာ တကယ်ရက်လွန်သလား
၂ဝဝ၂ ခုနှစ်၊ စက်တင်္ဘာလထုတ် Psychopharmacology Today ဆေးဝါး-စိတ်ပညာစာစောင်မှာ ရေးထားတာတခု ရှိပါတယ်။
Richard Altschuler ကရေးတာမှာ “ဆေးကုမ္ပဏီတွေက ကျွန်တော်တို့အပေါ် ရိုးသားပါရဲ့လား” လို့ မေးထားတယ်။ “ကျွန်တော့် ယောက္ခမ အလိုအရ ဒီရက်ကျော်ရင် ဒီဆေးကိုမသုံးပါနဲ့ဆိုတာ အလကားပါဘဲ တဲ့။ ရက်လွန်တာ ၄ နှစ်ရှိနေတဲ့ Tylenol (ပါရာစီတမော) ကို သောက်ရင်း ပြောလိုက်တာပါ။ ဆေးသောက်ပြီး ကိုက်တာ ခဲတာတွေ သက်သာသွားတယ်လို့ ဆိုတော့ ကျွန်တော်က ဒါဟာ ခင်ဗျားမှာ Placebo effect ရတာနေမှာပါ။”

ဆေးသုတေသနတွေ လုပ်တိုင်း စမ်းသပ်တဲ့ဆေးကို လူအုပ်စုတခုကိုပေး၊
ကျန်တအုပ်စုကို တခြားဆေးပေးတယ်။ တခြားဆေးဆိုတာ စိတ်ကိုလှည့်စားစေမဲ့သဘော
ရှိတယ်။ ဒီလိုသတ္ကိကို Placebo လို့ ခေါ်တယ်။ လူနာက စိတ်သက်သာရာ ရတတ်တယ်။
ဆေးထိုးပေးမှ သက်သာမယ်လို့ ဆေးခန်း မလာခင်ကတည်းက စွဲမှတ်လာသူကို ဆေး
တခုခုထိုးပေးရသလိုဘဲ။
စာရေးတဲ့သူက စိတ်မကျေနပ်တာနဲ့ ဆေးဝါးဗေဒဆိုင်ရာတွေကို ဆက်ပြီး သုတေသန
လုပ်ပါသတဲ့။ ဥပဒေပြဌာန်းပြီး ဆေးရဲ့ သက်တမ်းကုန် ရက်စွဲ ရိုက်ပြီးမှ
ရောင်းရမယ်ဆိုတဲ့ သဘောဟာ ဆေးထုတ်လုပ်သူတွေကနေ အဲဒီရက်အထိ ဆေးရဲ့ Full
potency အာနိသင်အပြည့်အဝ နဲ့ Safety စိတ်ချရမှုကို အာမခံချက်ပေးရတဲ့
ရက်အပိုင်းအခြားသာဖြစ်တယ်။ ဆိုလိုတာက ဆေးကို အဲဒီကာလအထိသာ ကောင်းနေတယ်လို့
ပြောနေတာ မဟုတ်တာ သိလာတယ်။
ဒုတိအချက်ကတော့ ဆေးဝါးပညာရှင်တွေကလဲ Expiration date ကျော်နေပေမဲ့ ဆေးဟာ
Safe စိတ်ချရသေးတယ်လို့ တသမတ်ထဲ ပြောကြတယ်။ ချွင်းချက်နဲနဲတော့ရှိပေမဲ့
အဲလိုဆေးသုံးစွဲလို့ ဘာမှ ဒုက္ခမဖြစ်ပါ။ မသေနိုင်ပါ။ ဥပမာ ရက်စွဲလွန်နေတဲ့
Tetracycline (တက်ထွာဆိုက်ကလင်း) ကြောင့် ကျောက်ကပ်မှာ Renal tubular
damage ရစေနိုင်တယ် ဆိုတာ ၁၉၆၃ တုံးက JAMA မှာ G. W. Frimpter နဲ့အဖွဲ့က
ရေးထားတယ်။ ငြင်းဆိုချက်တွေတော့ ရှိပါတယ်။
တတိယအချက် ရက်စွဲကျော်တာနဲ့ ဆေးတွေဟာ အာနိသင်နည်းနည်းလာနိုင်တယ်။ ၅% ကနေ ၅ဝ% လို့ခန့်မှန်းတယ်။ ဒါပေမဲ့ ဆေး အတော်များများဟာ သက်တမ်း ၁ဝ နှစ်ကျော်နေတာတောင် Original potency မူလဆေးစွမ်း ရှိနေပါသေးတယ်။
ဒီတော့ ဒီလို စဉ်းစားသင့်တယ်။ အရေးကြီးတဲ့၊ အသက်ကယ်မဲ့ဆေးမျိုးဆိုရင်
Better safe than sorry ဆေးသစ်ဝယ်ပါ။ ရောဂါလက္ခဏာ သက်သာရုံ
လုပ်ပေးတဲ့ဆေးမျိုးဆိုရင် ဥပမာ Headache ခေါင်းကိုက်ပျောက်ဆေး၊ Hay fever
နှာစေးပျောက်ဆေး၊ Menstrual cramps ရာသီလာတော့ နာတာသက်သာဆေးမျိုးဆိုရင်
ပိုက်ဆံ အပိုအကုန်ခံမနေပါနဲ့။
သူများတွေ ရေးတာထဲမှာ Vaccines ကာကွယ်ဆေးတွေ၊ (Insulin ကလွဲရင်)
Injections ထိုးဆေးတွေမပါတာ သတိထားမိပါတယ်။ ဆီးချိုအတွက် ထိုးဆေး
(အင်စူလင်) ကလဲ အများသိ၊ အများသုံးလိုဖြစ်နေလို့ ပါတာဖြစ်ပါတယ်။ အထက်မှာ
ကိုးကား ရေးသား တာတွေဟာ အိမ်သုံးဆေးတွေကိုသာ ဆိုလိုတယ်လို့တော့
သတိထားစေချင်ပါတယ်။ ထိုးဆေးတွေထဲမှာ သွေးပြန်ကြောထဲထိုးရတဲ့ IV Injections
တွေ မပါပါ။ မေ့ဆေးတွေ၊ ထုံဆေးတွေ မပါပါ။
Liquid drugs ဆေးရည်တွေဟာ ရက်ကြာကြာမခံပါ။ ကလေးတွေအတွက်
ဆေးမှုံ့ပုလင်းတွေ ရှိတယ်။ ဆေးတိုက်ခါနီးမှာ ရေနဲ့ဖျော်ပြီး တိုက်ရတယ်။
ဖျော်ထားပြီးသားဆေးကို ကြာကြာထာလို့ မရတော့ပါ။ များသောအားဖြင့်
ပဋိဇီဝဆေးတွေဖြစ်တယ်။ Amoxacillin, Ampicillin, Septrin စတာတွေ ဖြစ်တယ်။
ဆေးတွေကို အထားအသိုကလဲ အလွန်အရေးကြီးတယ်။ ရက်စွဲမကုန်သေးတာတောင်
အထားမတတ်ရင် အစွမ်းမရှိတော့ဘူး ဖြစ်နိုင်တယ်။ အထားအသိုဆိုတာ အပူချိန်၊
အလင်းရောင်၊ စိုထိုင်းဆ စတာတွေပါတယ်။ ဆေးညွှန်းမှာ ပါတာကို သေခြာဖတ်ပြီး
လိုက်နာရတယ်။ ဆေးပုလင်းကို အရောင်ရင့်ရင့် (အညိုရောင်၊ အပြာရောင်) မှာ
ထည့်ရောင်းတာဆိုရင် သတိထားပေတော့ အလင်းရောင်ကို မခံနိုင်လို့ ဖြစ်တယ်။
ကလေး-ကာကွယ်ဆေးတွေကို Cold chain အအေးခံစနစ် သံကြိုးကွင်းဆက်လို လုံးဝ
အပြတ်အတောက်မရှိ ဆက်တိုက် ထားရ၊ သယ်ရ၊ ရောင်းရမယ်။ ဆေးထုတ်တဲ့
ကုမ္ပဏီရဲ့ဓါတ်ခွဲခန်းကနေ ကလေးရဲ့ တင်ပါး-လက်မောင်း-ပေါင်က ကြွက်သားထဲ
ဝင်သွားတဲ့အထိ တနေရာကလေးမှ အပြတ်အတောက်မရှိ အေးနေစေရတယ်။ တောနယ်တွေမှာ
ရေနံဆီသုံး ရေခဲသေတ္ကာတွေ သုံးခိုင်းတယ်။ လမ်းမှာ Ice packs
ရေခဲဗူးလေးတွေနဲ့ Cold boxes အပူခံသေတ္ကာ ကြီး-ငယ်တွေနဲ့ သယ်ရ-ပို့ရတယ်။
အခုတော့ Gas သဘာဝဓါတ်ငွေ့တွေ ရောင်းလို့တောင် မကုန်ဘူးဆိုဘဲ။
• Don’t be tempted to use expired medicines ရက်စွဲလွန်ဆေးကို သုံးပါလို့တော့ မတိုက်တွန်းပါ။
• The bottom line အခြေခံစည်းမျဉ်းက အသက်ကယ်ဆေး မဟုတ်တာကို ရက်လွန်ပေမဲ့ နှမြောတာ ရပါတယ်။
• Expiration date is when it is no longer fit to be sold ရက်စွဲလွန်ဆိုတာ ဆေးရောင်းသူတွေအတွက် မရောင်းနဲ့တော့လို့ ပြောချင်တာ ဖြစ်ပါတယ်။
• Expiration date ဆိုတာ ဖတ်လို့ရတယ်။ ဖတ်လို့မရတာတွေလဲ သတိထားပါလေ။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment