Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 29, 2014

သွားကိုက်တတ်သူများအတွက်

သွားကိုက်တတ်သူများအတွက် (မြန်မာနည်းမြန်မာဟန် ဆေးနည်း) သွားခဏခဏကိုက်သူများကို အွန်လိုင်းပေါ်တွင် တွေ့ရသည့်အတွက် ဗမာ့နည်းဗမာ့ဟန် ဆေးနည်း
ကောင်းတစ်ခု တင်ပြပေးချင်ပါတယ်။ လက်တွေ့ကိုယ်တိုင် စမ်းသပ်တွေ့ရှိချက်မှသည် ဝေဒနာသည်များကို
စမ်းသပ်အသုံးပြုခိုင်းရာမှ သွားကိုက်တတ်သူအွန်လိုင်းမိတ်ဆွေများအားလုံးအတွက်ခုလိုတင်ပြဖြစ်တာပါ။
သွားကိုက်ခြင်းဟူသည် များသောအားဖြင့် ချွန်ထက်သောသွားရင်းဖြင့် သွားဖုံးကိုစူးနစ်ဝင်ရောက်ရာမှ
သွားဖုံးတွင် အနာဖြစ်၍ ပြည်တည်ခြင်းမှ ဖြစ်ပေါ်လာသောရောဂါဝေဒနာတစ်ခု ဖြစ်ပါတယ်။
ထို့ကြောင့်အနာ
ကျက်ရန် တခြားဆေးဝါးများကိုလည်းအသုံးပြုနိုင်သလို ယခုလက်ရှိတင်ပြမည့် ဆေးနည်းကိုလည်း အသုံးပြုနိုင်
ပါတယ်။
ရှေးဦးစွာ အရက်ပြန်အနည်းငယ်နှင့် ဆေးပရုတ်အနည်းငယ်ကိုရောစပ်ကာ သန့်ရှင်းသောဂွမ်းစဖြင့်
ဆွတ်၍ ကိုက်သောသွား၏ သွားဖုံးရင်းတွင် ၅ မိနစ်ခန့်ကြာအောင် ဖိကပ်ထားရမှာဖြစ်ပါတယ်။ ဖိကပ်ချိန်အ
တွင်းအနည်းငယ်ပူလောင်သော ဝေဒနာကိုခံစားရသော်လည်း ခံနိုင်လောက်သော ဝေဒနာဖြစ်၍ ပါးစပ်ပိတ်ခါ
အနည်းငယ်သည်းခံရုံမျှဖြင့် ရောဂါကုထုံးပြီးစီးအောင်မြင်စေမှာဖြစ်ပါတယ်။ ယင်းကဲ့သို့ ၅မိနစ်စီ သုံးကြိမ်၊ ၁၅
မိနစ်ခန့်ပြုလုပ်ပြီးသောအခါ ကိုက်နေသောဝေဒနာမှာ သိသိသာသာ လျော့နည်းလာသည်ကို သတိထားမိလာ
မှာ သေချာပါတယ်။
ယင်းကဲ့သို့ပြုလုပ်ပြီးချိန်တွင် ခါးတွင်းကို ရေဖြင့်ပလုတ်ကျင်းခြင်းမပြုလုပ်စေရန် အထူးသတိထားမှာ ဖြစ်
ပါတယ်။ သို့အတွက် စတင်ပြုလုပ်ချိန်သည် အစာစားပြီးအချိန်ကို ရွေးချယ်ပြုလုပ်ခြင်းက ပိုမိုကောင်း မွန်ပါတယ်
တစ်နေ့လုံးတွင် သုံးကြိမ်ခန့်ပြုလုပ်ပြီးသောအခါ သင့်သွားကိုက်ဝေဒနာ ပျောက်သလောက် ဖြစ်သွားပါတယ်။
သို့သော်လည်း နောက်တစ်နေ့ရောက်သောအခါ နောက်ထပ်သုံးကြီမ်လောက်ပြုလုပ်မှ ပိုမိုစိတ်ချရမှာဖြစ်ပါတယ်
၎င်းနှင့်တစ်ဆက်တည်း နောက်ထပ်သွားကိုက်ခြင်းဝေဒနာကို မခံစားနိုင်စေရန်အတွက် ကြိုတင်ပြုလုပ်သင့်သည်
များကိုလည်း တင်ပြလိုက်ပါတယ်။
နံနက်အိပ်ယာမှ ထထချင်းတွင် ခံတွင်းကိုရေဖြင့် ပလုတ်ကျင်းခြင်း၊ သွားတိုက်ခြင်းများမပြုလုပ်ဘဲ မျက်
နှာကိုသာ အရင်သစ်သင့်ပါတယ်။ မျက်နှာသစ်ပြီးချိန်ကိုလည်း အနည်းဆုံး ၅ မိနစ်ခန့်အချိန်ယူသစ်သင့် ပါ
တယ်။ သို့မှသာ ခန္ဓာကိုယ်တွင်းရှိအပူချိန်များဟာ ခံတွင်းဆီသို့မရောက်ဘဲ မျက်နှာပြင်ဆီသို့သာရောက်သွား
မှာဖြစ်သည့်အတွက် သွားကိုလည်း ကာကွယ်ပြီးသား ဖြစ်သွာပါတယ်။ သွားတိုက်ရာတွင်လည်း နူးညံ့သောဆား
ဖြင့်သာ တိုက်သင့်ပါတယ်။ သို့သော်လည်း ဆားကြမ်းပါက သွားဖုံးများရှိ ကြွေလွှာကို ပါးလွှာစေမှာဖြစ်သော
ကြောင့် ကြမ်းတမ်းသောဆားများဖြင့် လုံးဝမတိုက်သင့်ပါ။ ဆားရေကြည်ခံကာ ခံတွင်းကို ပလုတ်ကျင်းခြင်းအ
လေ့ပြုလုပ်ခြင်းသည်လည်း သွားကျန်းမာရေးအတွက် အလွန်ကောင်းသော အလေ့အကျင့်ဖြစ်ပါတယ်။
နောက်ဆုံးအနေဖြင့် သွားကိုက်ခြင်းများခဏခဏမဖြစ်ရလေအောင် မာကြောသော အစားအစာများကို
သွားအားကိုးဖြင့် မကိုက်မိစေရန်အထူးသတိထားရမှာဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါသော်လည်း
အခန့်မသင့်ဘဲဖြစ်ပေါ်လာသည့် သွားယိုင်နဲ့ခြင်း များရှိခဲ့ပါလျှင်လည်းလွယ်လင့်တကူနှုတ်ခြင်းမျိုးကို
ရှောင်ကြဉ်ကာသွားဆရာဝန်ဖြင့် ပြသ၍ ပြန်လည်ခိုင်မာအောင်သာပြုလုပ်သင့်ပါတယ်။
ယခုတင်ပြသောဆေးနည်းနှင့် နည်းလမ်းများမှာ စာရေးသူ၏ကိုယ့်တွေ့ နည်းလမ်း အတွေးအခေါ် များသာဖြစ်၍ ထို့ထက်နားလည်တတ်ကျွမ်းသော ပညာရှင်များကိုလည်း တိုင်ပင်မေးမြန်းပြီး လုပ်သင့်သည်များကိုသာ ကြိုတင်ပြုလုပ်ခြင်းဖြင့် သွားဝေဒနာရှင်များ ဘေးဘယာဝေးကွာ၍ သွားကိုက်ခြင်းဝေဒနာမှ ကင်းဝေး
နိုင်ကြပါစေ။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ