Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 14, 2014

ISIS စစ်သွေးကြွများ ပိုင်ဆိုင်သည့် လက်နက်ခဲယမ်းများကို တူရကီရဲတပ်ဖွဲ့က သိမ်းဆည်းပြီး မြို့ကြီးများတွင် လုံခြုံရေးကိုတိုးမြှင့်

အန်ကာရာ ၊ ၁၄-၁၀-၂၀၁၄

တူရကီ ရဲတပ်ဖွဲ့သည် နိုင်ငံ အရှေ့ တောင်ပိုင်းရှိ ဂါဇီယန်တက်ပ် ပြည်နယ် အတွင်း၌ ISIS စစ်သွေးကြွများ ပိုင်ဆိုင်သည်ဟု ယူဆရသည့် လက်နက်ခဲယမ်း အများအပြားကို ယမန်နေ့တွင် သိမ်းဆည်းရမိ ခဲ့ကြောင်း
သိရသည်။

အဆိုပါ သိမ်းဆည်း ရမိခဲ့သည့် လက်နက်ခဲယမ်း များသည် နိုင်ငံအတွင်း ရှာဖွေတွေ့ရှိ ခဲ့သမျှ အများဆုံး ဖြစ်ကြောင်း နှင့် ယင်း လက်နက်ခဲယမ်း များ၌ C4 ဖောက်ခွဲရေး ပစ္စည်း ကီလို ၁၅ဝ အပါအဝင် သေနတ်များ နှင့် ကျည်ဆန်များ အပြင် အသေခံ တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဝတ်စုံ ၂ဝ တို့ ပါဝင်ကြောင်း သိရသည်။

ယင်း လက်နက်ခဲယမ်း များကို သတင်းပေးချက် များအရ ရဲတပ်ဖွဲ့ က ဝင်ရောက် ရှာဖွေခဲ့ရာမှတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယင်း နောက်ပိုင်းတွင် အာဏာပိုင် များသည် မြို့တော် အန်ကာရာ နှင့် အစ္စတန်ဘူလ် တို့တွင် လုံခြုံရေးကို တိုးမြှင့် ချထားခဲ့ ရကြောင်း သိရသည်။

လက်ရှိ အချိန်တွင် ISIS စစ်သွေးကြွ များသည် ဆီးရီးယားနှင့် တူရကီ နိုင်ငံနယ်စပ်ရှိ ကိုဘာနီမြို့၏ အချို့ ဒေသများကို သိမ်းပိုက်ထားပြီး နိုင်ငံအတွင်းရှိ အခြားဒေသ များတွင်လည်း တိုက်ခိုက်မှု များကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ကိုဘာနီမြို့ကို တိုက်ခိုက် နေသည့် စစ်သွေးကြွ များကို အမေရိကန် ပြည်ထောင်စုမှ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က လေကြောင်းမှ တိုက်ခိုက်လျက် ရှိသော်လည်း ၄င်း စစ်သွေးကြွ များသည် ယခုအခါ ယင်းမြို့အနီးရှိ ဒေသ အများအပြားကို သိမ်းယူထားပြီး ဖြစ်ကြောင်း သိရသည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ