Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, December 2, 2014

နော်ဝေဘုရင်နှင့် သမ္မတဦးသိန်းစိန်တွေ့ဆုံ

2 December 2014 03:56(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)
မြန်မာနိုင်ငံမှာ ချစ်ကြည်ရေး ခရီးရောက်ရှိနေတဲ့ နော်ဝေဘုရင် ဟာရာယ်နဲ့ မိဖုရား ဆွန်ယာတို့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့  ဒီကနေ့ မနက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

နော်ဝေဘုရင်နဲ့ မိဖုရားတို့ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့  နိုဝင်ဘာလ ၃၀ ကတည်းက  ရောက်ရှိနေတာ ဖြစ်ပြီး ဒီမနက် သမ္မတနဲ့ တွေ့ဆုံအပြီးမှာ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြတဲ့အပြင်  မြန်မာသမ္မတက နေ့လည်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

နော်ဝေဘူရင်နဲ့အတူ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ စီးပွားရေးအဖွဲ့တွေ လိုက်ပါလာတာဖြစ်ပြီး  နော်ဝေနိုင်ငံခြားရေးဝန်ကြီးကတော့ မနေ့က ပဲခူးမြို့ကိုသွားရောက်ကာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း။  ကရင်၊ ကရင်နီ၊မွန် စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တာဝန်ရှိသူတွေဆုံကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အကူအညီပေး ရေးနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်။

အသက် ၇၇ နှစ် အရွယ်ရှိ နော်ဝေနိုင်ငံ ဘုရင်မင်းမြတ်ဟာ ဒီဇင်ဘာ ၅ ရက်နေ့အထိ မြန်မာနိုင်ငံမှာ နေထိုင်သွားမှာ ဖြစ်ပြီး လူထုအခြေပြုအဖွဲ့တွေ၊ စီပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

စကင်ဒီနေဗီးယန်းဒေသမှာ အချမ်းသားဆုံးနိုင်ငံဖြစ်တဲ့ နော်ဝေနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အစဉ်တစိုက် ကူညီ အားပေးခဲ့နိုင်ငံလည်း ဖြစ်ပါတယ်။


ဓာတ်ပုံ - ဦးရဲထွဋ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ