Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, December 12, 2014

မိကျောင်းကန်လူထု ထပ်မံဆန္ဒပြ



ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံနံဘေး မှာ ၉ လနီးပါး ဖွင့်ထားခဲ့တဲ့ မိကျောင်းကန် သပိတ်စခန်းက ဆန္ဒပြသူ ၁၀၀ ကျော်ဟာ ဆူးလေဘုရားနဲ့ မြို့တော်ခန်း မရှေ့မှာ ဒီကနေ့ လမ်းလျှောက် လှည့်လည်ပြီး ဆန္ဒပြခဲ့ ကြပါတယ်။

အစိုးရက တစ်ပတ်အတွင်း သူတို့ နဲ့တွေ့ဆုံ ဆွေးနွေးပေး ဖို့ တောင်းဆို ခဲ့တာကို လာရောက်ညှိနှိုင်းခြင်း မရှိတဲ့အ တွက် အခုလို ဆန္ဒပြကြတာ ဖြစ်တယ်လို့ သပိတ်တိုက်ပွဲ ဝင်နေသူ တစ်ဦး ဖြစ်တဲ့ ဦးခင်မောင်မြင့် က ပြောပါတယ်။

"သူတို့ကို ကျနော်တို့က သတင်းစာရှင်းလင်းပွဲ ကနေပြီးတော့ ၇ ရက်အချိန်ပေးတယ်၊ ဒီနေ့အထိ ကျနော်တို့ကို တုန့်ပြန်မှု တစ်စုံတစ်ရာ မလာတဲ့ အတွက်ကြောင့် တုန့်ပြန်မှုတစ်ခုခုရအောင်လို့ ဆန္ဒ ထုတ်ဖော်တာပါ၊ နိုင်ငံတော်အစိုးရကို ကျနော် တို့ရပိုင်ခွင့် အခွင့်အရေးတွေကို ကျနော်တို့ ကတောင်းဆိုတယ်၊ ကျနော်တို့ရဲ့ ဘိုးဘွား ပိုင်မြေတွေကို ပြန်ပြီးတော့ပေးပါ၊ ကျနော်တို့ဘက်က မှားယွင်းတယ်လို့ယူဆရင် ကျနော်တို့ကို လာပြီးတော့ ဖမ်းပါ၊ ကျနော်တို့ဘက်က မှန်ကန်တယ်ဆိုလို့ရှိရင် ကျနော်တို့ကိုရှင်းလင်းပေးပါ၊ အဲဒီ့အချက်တွေ ကျနော် တို့တောင်းဆိုထားပါတယ်"

မိကျောင်းကန်သပိတ်စခန်း ဆန္ဒပြသူတွေက အစိုးရအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းမှာ သတင်းစာရှင်းလင်း ပွဲတစ်ခုပြုလုပ်ပြီး ပြောဆိုခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်လောက်က သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အမှတ် ၁၊ ၂ နဲ့ ၃ တို့ မှာရှိတဲ့ မြေနေ ရာတွေကို နယ်လှည့် တပ်မ ၂၂ က သိမ်းဆည်းခဲ့ပြီး ရပ်ကွက် နေထိုင်သူတွေကို ပဲခူးရိုးမအနီး ပြောင်းရွှေ့ပေးခဲ့တယ် လို့ သိရပါတယ်။

အဲ့ဒီပြည်သူတွေက သူတို့ရဲ့ မူလနေရာတွေ ပြန်လည်ရရှိရေးအတွက် မိကျောင်းကန်သပိတ်စခန်းကို ပြီးခဲ့တဲ့မတ်လမှာ စတင်ဖွင့်ခဲ့ပြီး အာဏာပိုင်တွေက သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းကို တရားမ၀င်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈၊ စည်ပင်ပုဒ်မ ၆၈ တို့နဲ့ စုစုပေါင်း ထောင်ဒဏ် ၂နှစ် ချမှတ်ထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ