2 December 2014 09:48(+0630)
(လွန်ခဲ့သော 9 နာရီ ခန့်က)
အစ္စလာမစ် စစ်သွေးကြွတွေဟာ အမေရိကန် စစ်သားတွေကို အမေရိကန် ပြည်ထောင်စု
အတွင်းမှာ တိုက်ခိုက်နိုင်ဖွယ်ရှိတယ်လို့ FBI အဖွဲ့နဲ့ အမိမြေ လုံခြုံရေး
ဌာနတို့က သတိပေးထားပါတယ်။
လုံခြုံရေးဆိုင်ရာ ဌာနတွေကို ပေးပို့တဲ့ ပူးတွဲထောက်လှမ်းရေး
သတင်းထုတ်ပြန်ချက်ကို ABC သတင်းဌာနက လက်ခံရရှိထားကြောင်း ABC သတင်းဌာနက
တနင်္ဂနွေနေ့ ကြေညာပါတယ်။
အဲဒီသတိပေးချက်ထဲမှာ IS စစ်သွေးကြွအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု နယ်နမိတ်အတွင်းမှာ ပစ်မှတ်ထား တိုက်ခိုက်နိုင်တယ်လို့ ဖေါ်ပြထားပါတယ်။
လုံခြုံရေးဆိုင်ရာတပ်ဖွဲ့ဝင်တွေအနေနဲ့ အင်တာနက် အွန်လိုင်းတွေပေါ်က
လူမှုမီဒီယာတွေမှာ အကြမ်းဖက်အစွန်းရောက်သမားတွေ အာရုံစိုက်လာအောင်
မလုပ်ကြဖို့နဲ့ တခြားတပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးအချက်တွေရှိနေရင်
ဖျက်ပစ်ကြဖို့ သတိပေးချက်ထဲမှာ နှိုးဆော်ထားပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment