Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, December 13, 2014

သစ်ခိုးထုတ်မှုအမြင့်ဆုံး နိုင်ငံစာရင်းတွင် မြန်မာ အဆင့် ၅ ရောက်



ရန်ကုန်၊ ဒီဇင်ဘာ ၁၀

သစ်ခိုးထုတ်မှုအမြင့်ဆုံး နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ အဆင့် ၅သို့ ရောက်ရှိနေကြောင်း မြန်မာအစိမ်းရောင် ကွန်ရက်က ပြုလုပ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် မိုးလေ၀သ နှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်း မှုနှင့် သစ်ခိုးထုတ်မှုများ၏ အဆက်အစပ် ကို ဦးထွန်းလွင်က ပြောကြား ခဲ့ခြင်းဖြစ်သည်။

Environmental Inves- tigation Agency (EIA) ၏ ၂၀၁၄ခုနှစ် မတ်လအတွင်း ထုတ်ပြန်ခဲ့သည့် လေ့လာ ချက်တစ်ခုတွင် လည်း အမေရိကန်ဒေါ်လာသန်းပေါင်း ၈၀၀၀ ၀န်းကျင် တန်ဖိုးရှိ သစ်များ ကို ပြည်ပသို့တင် ပို့ နေသည်အနက် ၄၈ ရာခိုင်နှုန်းခန့်မှာ တရားမ၀င်တင်ပို့မှုဖြစ်ေ နကြောင်း ဖော်ပြထားသည်။…

တရားဝင်ရော၊ တရားမ၀င်တင်ပို့မှု တို့ပါ ပါဝင်သည့်တင်ပို့မှု စုစုပေါင်း ၇၂ ရာခိုင်နှုန်းခန့်မှာ နယ်စပ်ဂိတ်ပေါက် များမှ တစ်ဆင့်ဖြစ်ကြောင်း ဖော်ပြ ထားသည်။ သစ်မှောင်ခိုတင်ပို့မှုအများစုမှာ မြန်မာ နိုင်ငံမြောက်ပိုင်း ကချင် ပြည်နယ်ကို ဖြတ်သန်းသွားခြင်းဖြစ်ကြောင်း EIA အပါအ၀င် လေ့လာ ဆန်းစစ်သည့် အဖွဲ့အစည်းများ၏ စာ တမ်းများတွင် ဖော်ပြပါရှိသည်။

သို့သော် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကမူ ကချင်ပြည်နယ်တွင် သစ်မှောင်ခိုထုတ်မှု များ လျော့ ကျနေပြီဖြစ်ကြောင်း မြန်မာသံတော်ဆင့် သို့ ပြောဆို သည်။

““ကချင်ပြည်နယ်အတွင်းမှာတော့ သစ်မှောင်ခိုတွေတော်တော် လျော့သွားပြီ။ အခု သေးသေးမွှားမွှားတွေပဲ ကျန်တော့တယ်။ ဆိုင်ကယ်ပေါ်မှာ၊ စက်လှေတွေ ပေါ်မှာ မိတာတွေပဲ ရှိပါတယ်။ ကားနဲ့မိ တာေ တွ တော် တော်လျော့သွားပါပြီ”” ဟု ၀န်ကြီးချုပ်က ဆိုသည်။

ကချင်ပြည်နယ်အတွင်း ဖမ်းဆီးရမိ သောသစ်မှောင်ခိုမှုအများစုသည် စစ်ကိုင်း တိုင်းဒေသကြီးမှ ကချင်ပြည် နယ်ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ ဦးတည်နေခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ ထိပ်တန်းကုန်သွယ် ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်း မှောင်ခိုသစ်ဝယ်သူ အဖြစ် ရောက်ရှိနေပြီး တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၄၀၀၀ ဖိုးခန့် ၀ယ်ယူနေကြောင်းလည်း EIA အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

တရားမ၀င် သစ်ခိုးထုတ်မှုများကို သက်ဆိုင်ရာက ထိထိရောက်ရောက် ကိုင်တွယ်သင့်ကြောင်း သစ်တောတိုး ချဲ့ပညာပေးရေးနှင့် လူမှုရေးပညာရှင် ဦးသန်းထွန်း ကမြန်မာသံတော်ဆင့်သို့ပြောကြားသည်။

““နည်းလမ်းတွေတော့ ရှိပါတယ်။ မှန်မှန်ကန်ကန်နဲ့ တိတိကျကျ ကြပ်မတ် ဆောင်ရွက်မယ်ဆိုရင် ရပါတယ်။ ဒါပေမဲ့ ဆောင်ရွက် တဲ့သူနည်းနေတယ်””ဟု ၎င်းက ဆိုသည်။

““နောက်ဆုံး အားလုံးဝိုင်းကြီးပတ် ပတ် ဒူဝေေ၀ဆိုတာလို ဒီဟာနဲ့ ပတ်သက် နေတဲ့ လူတွေက အရေးယူရမယ့် သူတွေတိုင်းကို ပါဝင်ပတ်သက်နေလို့ ဖြစ်မှာပေါ့ လေ””ဟု ၎င်းက ဆက်လက်ပြောကြား သည်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ