Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, December 13, 2014

ကိုယ်ကျိုးစီးပွားအတွက် စည်းကမ်းမဲ့ ပြုလုပ်ကြခြင်းကြောင့် သစ်တောများ ပျက်စီးရခြင်းဖြစ်



ရန်ကုန်၊ ဒီဇင်ဘာ ၆

နိုင်ငံ၏ အခြေအနေပေါ် မူတည်၍ ဥပဒေ စိုးမိုးမှုကို မျက်ကွယ်ပြုကာ ကိုယ်ကျိုးစီးပွားအတွက် စည်းကမ်း မဲ့ ပြုလုပ်ကြခြင်းများကြောင့် သစ်တောများ ပျက်စီးသွား ရခြင်း ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်နေ့က ရန်ကုန်မြို့ (UMFCCI) ခန်းမတွင် ပြုလုပ်သည့် ““လူနှင့်ပတ်ဝန်း ကျင်”” ဟောပြောပွဲတွင် ပါဝင်သည့် သစ်တော ပညာရှင် ဦးသန်းထွန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

““၁၉၉၀ ခုနှစ်ကနေပြီးတော့ ၂၀၁၀ ခုနှစ်အထိ စာရင်းများအရ နိုင်ငံတကာ အပါအ၀င် သစ်တော ပြုန်း တီးမှု နှုန်းဟာဆိုရင် နှစ် ၂၀ အတွင်းမှာ တစ်နှစ်ကို ဧက ၉ သိန်းလောက် ပျက်စီးနေတယ်လို့ သိရပါတယ်။ သစ် ထုတ်လို့ ရှိရင် သစ်ထုတ်တဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ထုတ်လုပ်ဖို့ လိုပါတယ်။ ဌာနဆိုင်ရာ ၀န်ထမ်းတွေကလည်း ပီပီပြင်ပြင် တာဝန်ထမ်းဆောင်ဖို့ လိုတယ်။ လုပ်ငန်းရှင်တွေကလည်း ကိုယ့်လုပ်ငန်း ကိုယ်ပဲ ကြီးပွားချမ်းသာရုံ မဟုတ်ဘဲနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြမယ်ဆိုရင် ပြဿနာ မရှိနိုင်ပါဘူး။ ပညာရှင်တွေ ပြောတဲ့အတိုင်း မဖြစ်ဘဲနဲ့ နိုင်ငံရဲ့ အခြေအနေပေါ် မူတည်ပြီးတော့ စည်းမဲ့ကမ်းမဲ့ ကိုယ့်ရဲ့ အကျိုးစီးပွားအတွက် ဥပဒေ စိုးမိုးမှု မရှိဘဲ ဆောင်ရွက်ကြလို့သာလျှင် တောတွေ ပျက်စီးသွားရ တာ ဖြစ်ပါ တယ်””ဟု သစ်တောတိုးချဲ့ ပညာပေးရေးနှင့် လူမှုရေးပညာရှင် ဦးသန်းထွန်းက ဒီဇင်ဘာ ၆ ရက်တွင် မြန်မာ သံတော်ဆင့်ကို ပြောသည်။ ကုန်သည်စက်မှု အသင်းချုပ် လစဉ်ဟောပြောပွဲတွင် မြန်မာနိုင်ငံ သစ်တောပညာရှင်အသင်းမှ ““လူနှင့် ပတ်ဝန်းကျင်””ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ပြီး သစ်တော ပညာရှင် ဦးသန်းထွန်းက ကျွန်ုပ်တို့၏ သဘာဝ ပတ်ဝန်းကျင်၊ ပန်းချိုးတာ လောက်တော့ ရယ်တာပေါ့။ သစ်ဆွေးမြေနှင့် သစ်ဆွေးမြေဧရိယာ စီမံအုပ်ချုပ်ခြင်း၊ သစ်တောသ ယံဇာတများ ထိန်းသိမ်းခြင်း၊ ရေဝေရေလဲ ဒေသ စီမံအုပ်ချုပ်ခြင်းနှင့် မြန်မာ့ဒီရေတော များသည် ခေါင်းစဉ်(၆)ချက် ရှင်းလင်းဟောပြောခဲ့သည်။ မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးရသော အဓိက အကြောင်းအရင်းများမှာ မြို့ပြနေရာများ တိုးချဲ့ ဆောက် လုပ်ခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ချဲ့ထွင်ခြင်း၊ စားကျက်မြေနေရာ များ အဖြစ် အသုံးပြုခြင်း၊ လောင်စာ အတွက် အသုံးပြုခြင်း၊ မိုင်းတူးခြင်း၊ လမ်းများဖောက်ခြင်းစသည့် ကုန်သွယ် မှုနှင့်ဆိုင်သော လုပ်ငန်းများ ပြု လုပ်ခြင်း၊ တရားမ၀င် သစ်ထုတ် လုပ်ခြင်း၊ တောမီးလောင်ခြင်းနှင့် လူဦးရေ ထူထပ်များပြားလာပြီး ရည်ရွယ်ချက် အမျိုးမျိုးဖြင့် သစ်တောမြေများအား ကျူးကျော် နေထိုင်ခြင်းတို့မှာ အဓိက အကြောင်းရင်း ဖြစ်သည်။

““၁၈၅၆ ခုနှစ်တည်းက မြန်မာ့သစ်တောတွေကို မြန်မာ့ရွေးချယ် ခုတ်လှဲနည်းစနစ်နဲ့ စီမံအုပ်ချုပ်ခဲ့တယ်။ အဲဒီအတိုင်းသာ အုပ်ချုပ်မယ်ဆိုရင်၊ အဲဒီစနစ်အတိုင်းသာ လိုက်နာကြမယ်ဆိုရင် သစ်တော ပြုန်းတီးသွားစရာ အကြောင်းမရှိပါဘူး။ အခုနောက်ပိုင်း ထုတ်လုပ်သူတွေ များလာတော့ သင်းသတ်တဲ့အဆင့် မရောက်တော့ဘဲ ကျွန်းစိုတွေကို ခုတ်လှဲလာတယ်။ အရင်တုန်းကတော့ သစ်ထုတ်လုပ်မယ်ဆိုရင် အဲဒီထုတ်ထားတဲ့အတွက် တစ်ခုကို နှစ် ၃၀ အနားပေးတယ်။ ဒါပေမဲ့ ဒီဟာစနစ်က နှစ် ၃၀ မဟုတ်ဘဲ နှစ် ၂၀လည်း ပြန်ဝင်၊ ၁၅နှစ် လည်း ပြန်ဝင် ဆိုတဲ့အတွက် စီမံအုပ်ချုပ်မှုတွေ ပျက်လာပြီ။ ဒါက ငွေကြေး ရရှိမှုအပေါ်မှာ နိုင်ငံတော်က ဦးတည် ပေး တဲ့အတွက် ဒီလိုစနစ်တကျအရ အုပ်ချုပ်ခဲ့တဲ့ စနစ်တွေ ပျက်သွားပြီ””ဟု သစ်တောပညာရှင် ဦးသန်းထွန်းက ပြောသည်။

အာရှပစိဖိတ် ဒေသရှိ နိုင်ငံများအနက် သစ်တောဧရိယာ အကြီးဆုံး ၅ နိုင်ငံမှာ တရုတ်၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ဖြစ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံမှာ သစ်တော ခုတ်ယူမှု အများဆုံး ဖြစ်သည်။ မြန်မာနိုင်ငံတွင် လတ်တလော သစ်ထုတ်လုပ်မှုများနှင့် ပတ်သက်၍ အစိုးရ ပိတ်ပင် ကန့်သတ်မှုများ ပြုလုပ်နေသော်လည်း တရားမ၀င် သစ်ထုတ်လုပ်မှုများမှာ မြန်မာနိုင်ငံ အနှံ့အပြားနှင့် စစ်ဖြစ်ပွားရာ ဒေသများတွင် တည်ရှိနေဆဲ ဖြစ်သည်။

““ခုတ်မယ့်တိုင် အရေအတွက်လည်း အရင်ကထက်စာရင် လျှော့လိုက်တယ်။ ထက်ဝက်သော်လည်း ကောင်း၊ သုံးပုံတစ်ပုံ သော်လည်းကောင်း၊ အဲလောက်ထိ လျှော့လိုက်တယ်လို့ အန်ကယ်လ် နားလည်တယ်။ လုံးပတ် ကန့် သတ်ချက်ကိုပဲ ဟိုဟာဖြစ်တယ်။ လုံးပတ် အသေးတွေ ထုတ်တယ်ဆိုတာ ခိုးတာပဲ ဖြစ်မယ်။ လုံးပတ် သတ်မှတ် ထားပြီးသား ဘယ်သစ်မျိုးကိုမဆို အပင်လောက် ကျွန်းဆို ဘယ်လောက်၊ ပျဉ်းကတိုးဆို ဘယ်အရွယ်သူတို့ သတ်မှတ် ထားပြီးသားပဲ ခုတ်တယ်။ အရင်တုန်းကတော့ ကောင်းတယ် ဆိုပြီးခုတ်ခဲ့တဲ့ ပမာဏထက် လျှော့ထား တာ ဖြစ်တယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ ထုတ်ရမယ့် ပမာဏကို လျှော့သွားမှာသာ ဖြစ်တယ်။ တိုးလာဖို့ အကြောင်းမရှိဘူး။ တောတွေ ပြန်စိုက်ဖို့ပဲ ရှိတာကိုး၊ တောက ပျက်စီးတယ် ပြုန်းတီး တယ်။ ဒီပျက်စီး ပြုန်းတီးမှုက လည်း များတယ်လို့ အားလုံးက သုံးသပ်ထားတယ်”ဟု မြန်မာ့သစ်တော အသင်းဥက္ကဋ္ဌ ဦးစိုးဝင်းလှိုင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ