Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 30, 2014

3D ဒီဇိုင်းလုပ်နည်းနဲ့ အလင်းတန်းထည့်နည်း


အားလုံးမင်္ဂလာပါ ကျွန်တော်ကိစ္စလေးတွေများနေတာနဲ့ ပိုစ်တွေလဲမတင်တာကြာပါပြီ ဒီနေတော့ညီငယ်လေးတွေဘော်ဘော်တွေအတွက် အသုံးဝင်မယ်ထင်ရမယ့် 3Dစာလုံးရေးနည်းလေးတင်ပေးလိုက်ပါတယ် လူတော်တော်များများလဲသိပြီးသားဖြစ်နေသလို မသိသေးတဲ့ညီငယ်ညီမငယ် ဘော်ဘော်တွေလဲရှိနေအုံးမယ်ထင်ပါတယ်ဒါကြောင့်ကျွန်တော်နဲ့အတူပုံလေးတွေနဲ့ကြည့်ပြီးလိုက်လုပ်လိုက်ရအောင်နော်။...

အောက်က(၁)ပုံမှာပြထားတာကတော့ ကိုစာရေးဖို့လုပ်ထားတဲ့ နောက်ခံပုံလေးပါ၊ (၂)ပုံလေးဆက်ပြီးကြည့်ရအောင် စာရေးဖို့ အတွက်(၁)မျှားက T ပုံစံနဲ့ TOOL လေးကိုနိုပ်ပါ ပြီးရင်(၂)မျှားနေရာမှာ font ပြောင်းပါ ကိုရေးမယ့် စာလုံးဒီဇိုင်းပါ (၃) မျှားမှာတော့ ရေးမယ့် စာလုံး size ရေးရမှာပါ နောက်ဆုံး(၄)မျှားကတော့အရောင်ရွေးရမှာပါ ၊ အားလုံးပြီးရင်တော့ ကျွန်တော်တို့ဆွဲထည့်ထားတဲ့ နောက်ခံပေါ်မှာ မောက်နဲ့ ထောက်ပြီး ရေးချင်တာရေးလိုက်ပါနော်...

ကျွန်တော်ရေးထားတာတော့ GOOD NIGHT လေးပေါ့ ခိခိ






(၂)အောက်မှာပြထားတဲ့ပုံလေးတွေကြည့်လိုက်ကြရအောင် (၁)ပုံမှာတော့ခုဏကပြောခဲ့တဲ့တိုင်းမျှားပြထားတဲ့ TOOL လေးကိုနိုပ်ပေးလိုက်ပါ ပြီးရင်စာရေး စာရေးပြီးရင်တော့ (၂) ပုံလေးကို ကြည့်ပါ (၁) မျှားမှာနေရာမှာပါတဲ့ tool လေးကိုတော့ ရှင်းပြမယ်နော် ကိုတစ်ခုတစ်ခု ကိုလုပ်ပြီးတိုင်း Move tool ကိုနိုပ်ဖို့မမေ့ပါနဲ့ ဒါကအရေးကြီးပါတယ် ခုမှစလေ့လာတဲ့ ညီငယ်တွေအတွက်ပြောပြထားတာပါလဲဆက်ကြည့်ရအောင်

 ပြီးရင်(၂)မျှားလေးကြည့်ပြီးနိုပ်လိုက်ပါစာလုံးအရောင်လေးနည်းနည်းလေးကလိရအောင်နော်..




 


(၃) ဒီအဆင့်မှာတော့ ခုဏအပေါ်မှာပြောခဲ့ သလို (fx) ပုံစံလေးနဲ့ Add a layer style tool လေးကိုနိုပ်ပေးလိုက်တာနဲ့ အပေါ်ဆုံးက blending options လေးသွားပါ သွာနည်းတွေကရှိသေးပါတယ် ခုတော့ အလွယ်လေးဘဲသွားလိုက်နော် ပြီးရင်(၂) ပုံလေးကြည့်ပါဘောက်လေးတက်လာမှာပါ (၂)ပုံမျှားမှာပြထားတဲ့ လောက်လေးထဲမှာ မိမိ စိတ်ကြိုက်အရောင်းပြောင်းနိုင်ပါတယ် မိမိကိုယ်တိုင်တစ်ခုဆီ လိုက်နိုပ်ပြီး ကလိနိုင်ပါတယ် နားမလည်သေးရင် နောက်ပိုင်းပိုစ်တွေမှားရေးပေးသွားပါ့မယ် ခုရေးတာက 3D လိုရင် မရောက်မှာဆိုးလို့ အသေးစိတ်မရှင်းပြတော့ဘူးနော်..




(၄)ကိုလိုသလိုအရောင်ပြောင်းပြီးရင်တော့ OK ဖြေပေးလိုက်ပါ (၁)ပုံမှာတော့ကျွန်တော်ဖြစ်သလို လုပ်ထားတဲ့ အရောင်လေးပေါ့ (၂) ပုံလေးကြည့်လိုက်ပါ 3d လုပ်မှာ့မို့ အပေါ်ဘားက 3D>Repousse>text layer သွားပါ ပုံမှာပြထားသလိုလေးပါ ၊




(၅)ပြီးရင်တော့အောက်ကပုံလေးတိုင်း ဘောက်လေးတက်လာမှာပါ (၁)မျှားမှာပြထားတာက စလုံးတွေကို အနီအဝေးကြည့်မယ် နေရာချမယ် ကိုယ်လိုချင်တဲ့ အနေအထား လုပ်နိုင်ပါတယ် (၂) မျှားကတော့ စလုံးဒီဇိုင်း ကြည့်နိုင်ပါတယ် (၃) မျှားမှာတော့ ခုနကအပေါ်ကလိုအရောင်မလုပ်ခဲ့ရင် ဒီနေရာမှာလဲ သူပေးထားတဲ့ အရောင်တွေပြောင်းနိုင်ပါတယ် တစ်ချို ညီငယ်တွေ ဆောင်ထားတဲ့ Adobe Photoshop တွေမှာ စုံချင်မှစုံလိမ်မယ် တစ်ခုနဲ့တစ်ခုမတူပါဘူး ပါလာတဲ့ပုံစံတွေက ကဲ (၃)မျှားကြည့်ပြီးရင် အောက်ကဘာမှမပြထားတဲ့နေရာတွေမှာတော့ မိမိတို့ လိုအပ်သလို စလုံးအထူအပါး အနေအထားတွေလိုက်လုပ်နိုင်ပါသေးတယ် လိုက်လုပ်ကြည့်ပါ လုပ်ရင်ပုံကိုလဲ ကြည့်ပေါ့ ကိုယ့်ပုံက ရွဲ့သွားလားစောင်းသွားလားပေါ့ ကိုယ်စိတ်ကြိုက်ရရင်တော့ ok ဖြေပေးလိုက် ပါ၊ 3d လုပ်တာတော့ပြီးသွားပြီ ကျွန်တော်လုပ်ထားသလို ကိုယ့်ပုံလေးတွေ တခြားပုံလေးတွေ ထပ်ထည့်မယ်ဆိုရင်တော့ ပုံကိုတစ်ဆင့်ထပ်ဖြတ်ရမှာပါ ဖြတ်နည်းလေးတော့ ( ဒီနေရာမှာ) သွားကြည့်ပေးပါနော် ပြီးရင်တော့ဖြတ်ထားတဲ့ပုံလေးကို ကျွန်တော် fila>open ကနေသိမ်းထားတဲ့နေရာသွားပြီးဆွဲထည့်ရပါတယ် ။




(၆) ပြီးရင်တော့ ဖြတ်ပြီးသိမ်းထားတဲ့ png ဖိုင်လေးနဲ့ပုံလေးရောက်လာပါပြီ ပုံတွေကို ဖြတ်ပြီး png နဲ့ သိမ်းနည်းလေးကိုတော့ (ဒီနေရာ) မှာရေပေးထားပါတယ်။ ပထမပုံမှာပြထားသလိုရောလာရင်တော့ ပုံနေရာမှာဘဲ ကီးဘုပ်ပေါ်မှ ctrl+a လေးကိုတွဲပြီးနိုပ်ပေးပါ ပြီး တစ်ပြိုင်ထဲ ctrl+c ဆက်နိုပ်ပေးလိုက်ပါ ၊ ပြီးရင် ခုနကလုပ်ထားတဲ့ 3d စာမျက်နှာကိုသွားပါ (၂) ပုံမှာပြထားသလိုပါ ရောက်တာနဲ့ ကီးဘုပ်ပေါ်မှာ ctrl+v လေးနိုပ်ပေးလိုက်တာနဲ့ ပုံလေးအော်တိုရောက်လာမှာပါ ရောက်လာရင်တော့ ပုံလေးကသေးရင်လဲသေးနေမယ် ကြီးရင်လဲကြီးနေမှာပေါ့ ဘာလုပ်ရမလဲ ကီးဘုပ်ပေါ်မှာဘဲ ctrl+t လေးနိုပ်ပေးလိုက်ပါ ပြီးရင် ဘောင်လေးလိုတက်လာမှာပါ ပြီး ရင် ဘောင်လေးရဲ့ထောင့်နေရာလေးကနေ ကီးဘုပ်ပေါ်မှ shife လေးနိုပ်ထားပြီးမောက်နဲ့ဆွဲပေးလိုက်ပြီးရင်မောက်လေး အရင်လွက်ပြီးမှ shift နိုပ်ထားတာနောက်မှလွက်ပါနော်




(၇) ကိုယ်လိုချင်တဲ့ ဆိုက်ရရင်တော့ Enter နိုပ်ပေးလိုက်ပါ ကိုယ်ထားချင်တဲ့နေရာမှာ မောက်နဲ့ထောက်ပြီးထားလိုက်ပေါ့ နောက် ထပ်ထည့်ချင်တဲ့ပုံတွေလဲ ပြောခဲ့သလိုလိုက်လုပ်ဆောင်နိုင်ပါတယ် နောက်တစ်ခုပြောချင်တာက ပုံလုပ်တဲ့လူတစ်ယောက်မှာရှိသင့်နေတဲ့အချတ်တွေပါ (၁) စိတ်ရှည်ရမယ်(၂) စိတ်ကူးဒီဇိုင်းလိုက်ဖတ်အောင်ဆင်းစားတက်ရမယ် ဒါမှမိမိလိုချင်တဲ့ ဒီဇိုင်းရနိုင်မှာပါ။(၁)မျှားမှာပြထားတာတော့ နိုပ်လိုက်ပါ ဘာလို့နိုပ်ရတာလဲဆိုတော့ ဖိုင်အသစ်တစ်ခုတည်ဆောက်တာပါ အလင်းပုံလေးလုပ်မလို့ (၂)မျှားကကိုယ်ဖိုင်အသစ်တည်ဆောက်လိုက်တဲ့နေရာမှာ အပြာရောင်လေးရှိနေရမှာပါနော်  ပြီးရင်

(၂) ပုံလေးဆက်ကြည့်ရအောင် အလင်းရောင်ဒီဇိုင်းထည့်မှာပါ ဒါကြောင့် အပေါ်ဘားမှ Edit> Fill ကိုနိုပ်ပေးရမှာပါ ကီးဘုပ်ပေါ်မှ အလွယ် shife>f5 တွဲနိုပ်လဲရပါတယ်။





(၈)ပြီးရင်တော့ (၁) ပုံလေးလိုဘောက်လေးတက်လာမှာပါ မျှားပြထားတဲ့နေရာလေးနိုပ်ပေးလိုက်ပါ  (၂) BLACK လို့ပြောင်းပေးလိုက်ပါ ပြီးရင် ok ပေးလိုက်၊ ဆက်ပြီး အပေါ်ဘားမှာပဲ Render>Lens Flare ကိုသွားပါ ၊




(၉) နိုပ်လိုက်တာနဲ့လဲ အောက်က(၁)ပုံကလိုဘောက်လေးတက်လာမှာပါ တက်လာရင် (၁) မျှားမှာပြထားတာက အလင်းပုံဆံရွေးပေးရမှာပါ (၂) မျှားမှာတော့ အလင်းပမာဏ ပေးရမှာပါ လိုချင်သလောက်ရရင်တော့ ok ဖြေပေးလိုက်ပါ (၂) ပုံကလိုတွေ့ရမှာပါ ပြီးရင် မျှားပြထာတဲ့နေရာက အောက်ဆိုက်နေတဲ့ မျှားသေးလေးနိုပ်ပေးလိုက်ပြီး (၃) ပုံကလို စာတွေများကြီးတက်လာမှာပါ ဘားမှမဆင်းစားဘဲ screen ကိုနိုပ်ပေးလိုက်ပါ ။




(၁၀) ကဲမဲနေတာတွေပြောက်သွားပြီးအလင်းလေးဘဲ ကျန်ခဲ့တယ် ကိုလိုချင်တဲ့ အလင်းလဲရပြီ အလင်းတွေကို ပွားမယ် ဘယ်လိုပွားမလဲ ရှင်းပြပါမယ် အရင်(၁)မျှားနေရာနိုပ်ပေးထားနော် အပေါ်မှာလဲပြောပြထားတယ် (၂)မျှားနေရာက အလင်းလုပ်ထားတဲ့နေရာ လုပ်ထားတဲ့အလင်းနေရာလေးမှာ မောက်ထောက်ထားပြီး ကီးဘုပ်ပေါ်မှ Alt နိုပ်ပြီး ဆွဲပေးလိုက်ပါ ပွားသွားလိမ့်ပါ့မယ် မောက်နဲ့ထောက်ပြီး ထားချင်တဲ့နေရာတွေမှာနေရာအရင်ချပါ ။ ကိုယ်လိုချင်တဲ့နေရာတွေ အလင်းတွေ ရရင်တော့ အစွန်းထွက်နေတဲ့ နေရာကိုဖြတ်ဖို့ (၂) ပုံလေးဆက်ကြည်ပါ (၁)မျှားမှာတော့ ကိုယ်ပွားထားတဲ့ အလင်းနေရာတွေပါ ၃ ခုပွားရင် ဒီးဇိုင်တူ ၃ ခုဖြစ်နေမှာပါ (၂)မျှားနေရာက ခဲဖြတ်ပုံလေးနဲ့ tool လေးကိုနိုပ်ပါ (၃)မျှားကတော့ ဖြတ်ဖို့ရွေးရတော့မယ် အတိကျဖြတ်မှာမဟုပ်တဲ့အတွက် မျှားပြထားတဲ့ ဝါးဝါးလေးနဲ့နေရာရွေးပေးလိုက်ပါ ပြီးရင် အရင်ထင်နေတဲ့နေရင်တွေလိုက်ဖြတ်ပါ။



(၁၁) ကဲ အားလုံးပြီးရင်တော့ သိမ်းတော့မယ် file>save as ပေါ့ ပြီးရင်ဘောက်တက်လာမယ်(၂)ပုံလို အဝါရောင်နေရင်မှာ နမည် အနီနေရာမှာ ရွေးရမှာပါ ဘာနဲ့သိမ်းမှာလဲ ကျွန်တော်တို့က ပုံကိုစိတ်ကြိုက်ရပြီဆိုတော့ အသေသိမ်းတော့မှာဆိုတော့ jpeg နဲ့ save ရမှာပါ ရွေးပေးလိုက်ပါ နောက် save နည်းတွေကိုလဲ ဒီနေရာ လေးမှာ ရှင်းပြပေးဖူးပါတယ် လေ့လာကြည့်ပါနော်...



ဒီလောက်ဆိုအားလုံးနားလည်လိမ့်မယ်လို့ထင်ပါတယ် နားမလည်သေးရင် VDO ဆက်ကြည့်ပါအားလုံးအဆင်ပြေစေချင်လို့ အဆင်ပြေအောင်တက်နိုင်သလောက် လုပ်ပေးထားပါတယ် မှားတာတွေပါရင်လဲ ခွင့်လွက်ပေးကြပါနော် ကျွန်တော်လုပ်ထားတဲ့ပုံလေးတော့အောက်မှာကြည့်လိုက်ပါနော်





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ