Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 30, 2014

မဘသ ဟောပြောပွဲ စီစဉ်သူ ပွင့်ဖြူမြို့နယ် NLD တရားစွဲ


မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့မှာ ပြီးခဲ့တဲ့ ဧပြီလက ကျင်းပခဲ့တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ဗီနိုင်းတွေ ဓာတ်ပုံတွေ ဖြန့်ဝေ ခဲ့တယ်ဆိုပြီး ပွဲဖြစ်မြောက်ရေး ဦးဆောင်သူကို အသရေ ဖျက်မှု၊ ဂုဏ်သရေ ထိခိုက်စေမယ့် ပုံနှိပ် ဖြန့်ဝေမှု၊ ဘာသာ အချင်းချင်း အကြား ပြစ်မှု ကျူးလွန်အောင် လှုံ့ဆော်မှု ပုဒ်မတွေနဲ့ စွဲချက်တင် သင့်ကြောင်း ပွင့်ဖြူမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် ဦးအောင်ဝင်းက ဒီနေ့ မြို့နယ် တရားရုံးကို လျှောက်ထား ခဲ့ပါတယ်။

ပွင့်ဖြူမြို့နယ်တရားရုံးကို သွားရောက်ခဲ့တဲ့ မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ဦးတင်အောင်ထွန်းက အဲဒီဟောပြောပွဲစီစဉ်သူ ပခုက္ကူမြို့နယ်က ဦးမျိုးသန့်ကို ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၅၀၅ (ဂ)၊ ပုဒ်မ ၁၅၃(က)၊ ပုဒ်မ ၅၀၀၊ ပုဒ်မ ၅၀၁ စတဲ့ ပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ပွင့်ဖြူမြို့နယ် တရားရုံးမှာ စတင်တရားစွဲခဲ့တာဖြစ်ပါတယ်။

ပုဒ်မ ၅ခုနဲ့ တရားစွဲခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လ ၄ရက်နေ့မှာ ပွင့်ဖြူမြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးရာ ဘာသာတစ်ခုကို မကိုးကွယ်ချင်အောင် လှုံ့ဆော်မှု ပုဒ်မ ၁၉၈ နဲ့ပဲ စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။

ဧပြီလ ၃၀ရက်နေ့က ပွင့်ဖြူမြို့နယ် ပြည်လုံးချမ်းသာ ဘုရားဝင်းအတွင်းမှာ ကျင်းပခဲ့တဲ့ အမျိုး၊ ဘာသာ သာသနာစောင့်ရှောက်ရေး ဟောပြောပွဲမှာ မန္တလေးမစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့နေတဲ့ ဗီနိုင်းပုံနဲ့ သံဃာတော်တွေကို အစ္စလာမ်ဘာသာဝင်တွေက တက်နင်းနေတဲ့ ဗီနိုင်းပုံတွေကို ချိတ်ဆွဲခဲ့တာဖြစ် တယ်လို့ ဦးတင်အောင်ထွန်းက ဆိုပါတယ်။

အဲ့ဒီအမှုကို ပွင့်ဖြူမြို့နယ်တရားရုံးမှာ ရုံးတင်စစ်ဆေးတာ ၇ ကြိမ်မြောက်ရှိပြီဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဆက်လက်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ