Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 29, 2014

Viber မှတဆင့် ညစ်ညမ်းပုံများ ပေးပို့သူကို အရေးယူရာ လိုင်စင်မဲ့ယာဉ်ဖြင့် ဖမ်းဆီးရမိ

တာချီလိတ်မြို့ ၊ ရန်အောင်မြေရပ်ကွက်နေ မောင်ဝဏ္ဏသည် စက်တင်ဘာ ၂၅ရက် မွန်းတည့်ချိန်ခန့်က ၎င်း၏ဇနီးပိုင် iPhone အား အင်တာနက်ဖွင့်ကြည့်ရာ Viber မှတဆင့် ဖုန်းအတွင်းသို့ ပုံများ ဆက်တိုက်ဝင်ရောက်လာသဖြင့် ကြည့်မိရာ ညစ်ညမ်းပုံများ ဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။

ယင်းကြောင့် ပုံများပေးပို့သည့် ဖုန်းနံပါတ်အား စစ်ဆေးရာ (+၉၅၉ ၄၂၈၂၂၄***)နံပါတ်ဖြစ်ပြီး ထိုနံပါတ်မှာ တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်နေ သက်နိုင်ထွန်း(၃၆နှစ်)၏ ဖုန်းဖြစ်ကြောင်း သိရသဖြင့် ဇနီးဖြစ်သူ၏ဖုန်းအတွင်းသို့ ညစ်ညမ်းပုံများ ပေးပို့သူအား အရေးယူပေးပါရန် ဖုန်းပိုင်ရှင်၏ ခင်ပွန်းဖြစ်သူ မောင်ဝဏ္ဏက တရားလိုပြုလုပ်တိုင်တန်းရာ တာချီလိတ်မြို့မရဲစခန်းက (ပ)၁၉၇/၂၀၁၄ ပြစ်မှုပုဒ်မ ၂၉၂(က)ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

တရားခံဖမ်းဆီးရမိရေးအတွက် ရဲအုပ်အောင်မင်းဦး၊ ဒုတပ်ကြပ် တင်အောင်မိုး၊ တပ်သားသူရအောင်၊ ၀မ်ကောင်းပြည်သူ့စစ် ဦးစည်သူ၊ မကာဟိုခမ်းပြည်သူ့စစ် ဦးပီမောင်တို့နှင့် ည ၁၀ နာရီခွဲအချိန် မယ်ခေါင်ရပ်ကွက်အတွင်း သက်နိုင်ထွန်းအား ၎င်းပိုင် Mark II အဖြူရောင်ယာဉ်ဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီး ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သည်။ အဆိုပါယာဉ်နှင့် ပတ်သက်ပြီး မှတ်ပုံတင်ထားခြင်း ရှိ/မရှိအား စစ်ဆေးပေးရန် တာချီလိတ်စခန်းက စက်တင်ဘာ ၂၆ရက်တွင် (တာချီလိတ်) ကညန သို့ တင်ပြခဲ့ရာ ယာဉ်မှတ်ပုံတင်ထားခြင်းမရှိကြောင်း ပြန်ကြားလာသဖြင့် သက်နိုင်ထွန်းအား တာချီလိတ်မြို့မရဲစခန်းက (ပ)၁၉၉/၂၀၁၄ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ-၈ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ