Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 30, 2014

ကမ်းရိုးတန်းသွား ရှပ်ပြေးအမြန်ရေယာဉ်လိုင်းများ ရပ်နားထားရာမှ ပြန်လည် ပြေးဆွဲမည်

မြိတ် ၊ ၃၀-၉-၂၀၁၄

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ကမ်းရိုးတန်း ဒေသ တစ်လျှောက် ထားဝယ် - မြိတ် - ကော့သောင်း အသွား အပြန် ခရီးစဉ်များကို ပြေးဆွဲ ပေးသော ဟိုင်ဖိုင်၊ ဖော်ကျူး နှင့် ဧရာနဒီ စသည့် ခေတ်မီ ရှပ်ပြေး အမြန်ရေယာဉ် လိုင်းများသည် မုန်တိုင်း သတင်းများ၊ ရာသီဥတု အခြေအနေများ အရ မိုးရာသီကာလ ဇွန်လမှ စ၍ ခရီးစဉ်များ ရပ်နား ထားရာမှ အောက်တိုဘာ ၁ ရက်မှ စတင်ကာ နံနက် ၈ နာရီတွင် မြိတ် - ကော့သောင်း ခရီးစဉ်နှင့် နံနက် ၁၁ နာရီတွင် မြိတ် - ထားဝယ် ခရီးစဉ်များကို ဖော်ကျူး ရှပ်ပြေး အမြန်ရေယာဉ် လိုင်းက ပြန်လည် ပြေးဆွဲပေးမည် ဖြစ်ကြောင်း မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ကမ်းနားလမ်း ရှိ အဆိုပါ အမြန်ရေယာဉ်လိုင်း လက်မှတ် အရောင်းဌာနမှ သိရသည်။

''အခု ရာသီဥတု ပြန်လည် ကောင်းမွန်သွားပြီ ဖြစ်တာကြောင့် ခရီးသည်များ အနေဖြင့် ရေလမ်းခရီးမှ အချိန်တို အတွင်း သွားလာရေး အဆင်ပြေ စေရန်အတွက် ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲ သွားမှာပါ။ ယနေ့ နံနက်ပိုင်းမှ စ၍ အမြန်ရေယာဉ် လက်မှတ်များ စတင် ရောင်းပေး နေပါပြီ။ အမြန်ရေယာဉ် ဈေးနှုန်းမှာ မြိတ် - ထားဝယ် ခရီးစဉ်ကို ငွေကျပ် ၁၃ဝဝဝ၊ မြိတ် - ကော့သောင်း ခရီးစဉ်ကို ငွေကျပ် ၂၇ဝဝဝ ဖြစ်ပါတယ် '' ဟု အဆိုပါ အမြန်ရေယာဉ်လိုင်း လက်မှတ် အရောင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ခရီးသည်များ စိတ်အေးချမ်းစွာ လိုက်ပါနိုင်ရေး အတွက် ရေယာဉ် သွားနေသည့် ရေလမ်းကြောင်း အခြေအနေ ပြသပေးခြင်း၊ အပန်းဖြေ နိုင်ရန် ဗီဒီယို ပြသပေးခြင်း နှင့် အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး အတွက် အသက်ကယ် အင်္ကျီများလည်း အသင့်ထားရှိ ပေးကြောင်း သိရသည်။

ထို့ပြင် မြစ်အတွင်း ရေတိမ်ပိုင်း မြိတ် - ကျွန်းစု ခရီးစဉ်ကို ကြံတိုင်းအောင် (၃) နှင့် ဂန္ဓမာ (၁) ရေယာဉ်လိုင်း တို့မှ နေ့စဉ်ပုံမှန် အတိုင်း ပြေးဆွဲပေးလျက် ရှိပြီး ဧရာနဒီ - ၅၅၅ ကမ်းရိုးတန်းသွား ရှပ်ပြေး အမြန် ရေယာဉ်လိုင်း မှ မြိတ် - ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ် အတွင်း ကံမော်၊ မော်ခေါင်းတုန်း၊ အလယ်မန်၊ ကြိမ်နီတောင်၊ ကြိမ်မဲတောင်၊ ဗြောကျွန်း၊ ကော့ရဲကျွန်း၊ ကမ်းတော စသည့် ပင်လယ်ကျွန်း ရွာများ ခရီးစဉ်ကိုလည်း တစ်ရက်ခြား ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။ (၄၁၂)



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ