Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 30, 2014

♪ အင်တာနက်ကို အချိန်သက်မှတ်ပြီး အလိုလျှောက်ပိတ်ပေးမယ့် - AutoData v2.04 APK ♫


Cover art
အခုတင်ပေးလိုက်တဲ့ Application လေးကိုတော့ ဖုန်းနဲ့အင်တာနက်အသုံးပြုသူများ ဆောင်ထားစေချင်ပါ တယ်ဗျာ။ အင်တာနက်သုံးပြီး ပြန်မပိတ်မိခဲ့ရင် အခု Application လေးက အလိုလျှောက်ပိတ်ပေးမှာဖြစ်ပါ တယ်ဗျာ။ ဖိုင်ဆိုဒ်ကလည်း 1MB သာရှိတာမို့အလွယ်တကူဒေါင်းယူထားနိုင်ပါတယ်။

စမတ်ဖုန်း အသုံးပြုသူများ အနေနဲ့ Mobile Data ကို မပိတ်မိဘဲ အိပ်ပျော်သွားကြတဲ့ အဖြစ်တွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ အဲဒီ ပြသာနာကို ဖြေရှင်းပေးနိုင်တာက AutoData ဆိုတဲ့ Android App ဖြစ်ပါတယ်။ AutoData က ဖုန်းရဲ့ Screen ပိတ်သွားပြီးနောက် တစ်မိနစ်၊ နှစ်မိနစ် ဒါမှမဟုတ် သင်သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် Mobile Data ကို အလိုလို ပိတ်ပေးမှာပါ။

AutoData ကိုဖွင့်ပြီးရင် Status အောက်မှာ On ဆိုတာကိုတွေ့ရမှာပါ။ ဒါက AutoData အလုပ်လုပ်နေပြီ ဆိုတာ ပြသတာပါ။ App က Status အောက်မှာ ရှင်းပြထားတာက Screen ပိတ်လိုက်ပြီးနောက် ဆယ်မိနစ်ကြာရင် Mobile Data ကို အလိုလို ပိတ်ပေးမှာပါ။ Whatsapp, Facebook တို့မှ Notification များကို ရရှိဖို့ ၁၅ မိနစ်ကြာတိုင်း ၁ မိနစ် Mobile Data ကို ပြန်ဖွင့်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်တွေကို Settings ထဲမှာ သင့်စိတ်ကြိုက်သတ်မှတ်နိုင်ပါတယ်။


Settings ကိုနှိပ်ပါ။ Wait မှာ Screen ပိတ်ပြီးနောက် အချိန်ဘယ်လောက်ကြာရင် Mobile Data ကို ပိတ်မလဲ သတ်မှတ်ပါ။ Repete every မှာ အခြား Apps များမှ Notification များရရှိဖို့ Mobile Data ကို အချိန် ဘယ်လောက်ကြာတိုင်း ပြန်ဖွင့်မလဲဆိုတာ သတ်မှတ်ပါ။ ပြီးရင် Set ကိုနှိပ်ပြီး Close ကိုနှိပ်ပါ။


AutoData ကို အသုံးမပြုချင်ရင် App ရဲ့ Home Screen မှာ Off လုပ်ပေးပါ။


AutoData ဟာ Mobile Data ပိတ်ဖို့ မေ့တတ်သူများကို ကူညီပေးနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ AutoData ကို Android 4.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

AutoData - screenshot     AutoData - screenshot

AutoData - screenshot     AutoData - screenshot

AutoData - screenshot     AutoData - screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ