Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 29, 2014

ပြေးပြေးလွှားလွှား နေ့ရက်များ

မကြာမီ ဖြန့်ချိ တော့မည့် ဖုန်းကတ်များကို စောင့်မျှော် ရသည်မှာ မောလွန်း လှသလို မေးမြန်း စုံစမ်းမှု များကို ဖြေရှင်း ရသည်မှာ လည်း မောလှသည်။ ''ဘယ်တော့ ထွက်မှာလဲ'' တစ်ဖုံ၊ ''ဘယ်လောက် ပေးရမှာလဲ'' တစ်မျိုး၊ ''ဘယ်လို အင်တာနက်လဲ'' တစ်နည်း မေးခွန်း အဖုံဖုံကို ဖြေရသည်မှာ အမှုစစ် မေးသည်ထက် ဆိုးလွန်း လှသည်။ ဆိုးဆို အကြောင်းရင်း ကလည်း ရှိသည်။ မည်၍ မည်မျှပင် နိုင်ငံခြား ကုမ္ပဏီကြီး ဟုပင် ဆိုစေကာမူ ရေမြေ လိုက်သွား သည်လား မသိနိုင် အောင်ပင် လျှို့ဝှက်ချက်တွေ များလွန်း လှသည်။

နိုင်ငံခြားသား များ၏ စီမံအုပ်ချုပ်မှု အောက်တွင် ရှိသော သည်လို ကုမ္ပဏီကြီးမှ ဝန်ထမ်းများမှာ ဘာမေးမေး မသိလောက် အောင်ပင် အလွန် တော်ကြ သည်လား (သို့မဟုတ်) လျှို့ဝှက်ချက် ကြီးများကို ထိန်းသိမ်းရင်း ဆွံ့အ ကုန်ကြသည် လားမသိ။ ''မသိပါ၊ မသေချာ သေးပါ၊ အတိအကျ ပြောလို့ မရသေးပါ၊ ပြောခွင့် မရှိလို့ပါ'' စသည့် စကားလုံးများ ဖြင့်ပင် မျှော်ရ မောကြီး ဖြစ်နေ ရသည်။ ထို စကားလုံး လှလှလေးများ အောက်တွင် အောင့်အည်း သည်းခံရင်း စီးပွားရေး သမားများ ကလည်း အကွက်ကောင်း ကို စောင့်နေ ကြသည်။

သတင်းကြီး နေသည့် ကုမ္ပဏီ နှင့် အားလုံး မျှော်လင့် နေကြသည့် လိုင်း ကောင်းကောင်း သုံးရမည့် အင်တာနက် ကြောင့်လား၊ ဆိုင်ကြီးမှ အစ လမ်းဘေး ကွမ်းယာဆိုင် မကျန် အကြော်ဆိုင် ပါ လိုက်ကပ်ထား သည့် ကြော်ငြာ ဆိုင်းဘုတ် များကြောင့်လား မသိ။ အားလုံး စိတ်ရှည်ရှည် နှင့် စောင့်နေ ကြသည်။ စိတ်မရှည်လို့ လည်းမရပါ။ ထွက်မည့်နေ့ အထိ ဘာမှ မည်မည်ရရ သတင်း အတိအကျ မသိရသေး။ သူများတွေ ရောင်းတော့မည် ဆိုမှ ကိုယ်က အူယား ဖားယား ပြေးရ ပါတော့သည်။ မပြေး လို့လည်းမရ ကိုယ်က ရဲရဲကြီး တာဝန်ခံ ထားသည်လေ။ သူများရသည့် နေ့ ရစေရမည် ပေါ့။ သည်တော့လည်း ပြေးရတော့ တာပေါ့။

ရုံးခန်း နေရာကို ရောက်သည် ဆိုလျှင်ပဲ ကိုယ့်ထက် ဦးအောင် ရောက်နေသူ တွေက ရုံးခန်း အပြည့်။ ဘယ်သူ့ကို အကူအညီ တောင်းရမည် မသိ။ ရုံးခန်းအဝင်ကို ပိတ်ထားသည်။ တစ်ဆင့်စကား တစ်ဆင့်နား ဖြင့် ကိုယ့်ဆိုင်သို့ စာရင်း လာကောက်သည့် ဝန်ထမ်းကို ရှာရသည်။ တွေ့ပြီဆိုမှ အကျိုးအကြောင်း မေးမြန်းရ သည်။ ဆိုင်ကြီးများကို အရင် ပေးထားသည် ဆိုသည့် တီးတိုးသံ များလည်း ကြားရသည်။ ဆိုင်များအတွက် ရည်ရွယ် ထားသော ငွေဖြည့်သွင်း စနစ်ပါရှိသည့် ကတ်ကို အရင် ထုတ်ပေး လိုက်သည်။ ဖုန်းကတ် ကိုတော့ စာရင်း ကောက်ထားသည့် အတိုင်းရမည်၊ မရမည်မှာ မသေချာ ကြောင်း ပြောသည်။ ထိုစကား ကြားကြားချင်း စိတ်ထဲ ဒေါသ ထောင်းထောင်း ထမိသည်။ သို့သော် ကိုယ့်အရင် စောင့်နေသူ များနှင့် စာလျှင် မာစတာ ဆင်းကတ်လေး တစ်ခုရ လာသဖြင့် ထွက်မည့် ဒေါသကို ခဏ ပြန်သိမ်း လိုက်ရသည်။ ထိုင်၍ စောင့်နေသူများ လည်း ကျွန်မလို မျှော်လင့်ချက် လေးနှင့် စောင့်နေကြ ရှာသည်။

တစ်ခု စိတ်အေး ရပေမယ့် တစ်ခုတော့ တွေးပူ ရပြန်သည်။ မနက်ဖြန် စရောင်း ရမည်။ ဖုန်းကတ်များ မရသေး။ ရမည့် ဖုန်းကတ်များ မှာလည်း ကိုယ်တောင်း ထား သလောက် ဖြစ်ချင်မှ ဖြစ်မည်။ အကယ်၍များ မရခဲ့လျှင် မည်သို့ လုပ်ရ မည်နည်း။ အပြော ကောင်းသော ထို ကုမ္ပဏီမှ မမ, များ စကားကို နားယောင်ကာ တက်လာသော လောဘနှင့် ပေါင်းပြီး ဆိုင်လာသမျှ လူလက်ကိုဆွဲ ဆင်းကတ် ကောင်းကြောင်း တရားကို မရိုးနိုင် အောင်ဟော။ ပြီးလျှင် ဒါနှင့် မရသေး၊ ပါသမျှ မှတ်ပုံတင် အကုန်ထုတ် တစ်ယောက်လျှင် ငါးကတ်စီ ဝယ်လို့ ရကြောင်း မဲဆွယ်။ မိတ္တူ ကူးခိုင်း။ ထို့ထက်မက ဆင်းကတ်ဖိုး ထောင့်ငါးရာပါ ဟန်ပါပါ နှင့် ယူထားလိုက် သေးသည်။ သည်ကာလ အတွင်း တွေ့သမျှလူ၊ ပြောသမျှ စကားက သည် ဆင်းကတ် အကြောင်းပင်။ သူငယ်ချင်း အပေါင်းအသင်း ပါမနေရ၊ ခဏတာ တွေ့ရ၊ ဆုံရခိုက် ဆင်းကတ် တရားမဲဆွယ် တာက ပါသေးသည်။ ယခုတော့ ဘယ်လို လုပ်ရ မည်နည်း။ သို့သော် ယနေ့သည် မနက်ဖြန် မဟုတ် သောကြောင့် တွေးပြီး သိပ်မပူသေး။ မနက်ဖြန် အများနည်းတူ ရောင်းရမည်။ ပစ္စည်း လာပို့ပေးမည်။ အိမ်ကနေ ထိုင်စောင့် ဆိုသော ထို ကုမ္ပဏီမှ မမ, များ စကားကို နားထဲ ထည့်လျက် စိတ်းအေးအေး ပင် စောင့်နေ ခဲ့သည်။

နံနက် မိုးလင်းသည် ဆိုလျှင်ပဲ ဆိုင်ရှေ့ လူအများ သူ့ထက်ငါ စောစွာ ရောက်လာကြ သည်။ အကုန်လုံး ကလည်း စာရင်းပါမက ငွေပါကြိုပေး ထားကြသူများ ပီပီ သူများထက် ဆောလျင်စွာ ရချင်ကြသည်။ အချိန် အတော်ကြာ စောင့်မျှော် ခဲ့ရသည့် မိမိတို့ ဆန္ဒ ပြည့်ဝတော့မည် မဟုတ်ပါလား။ ဇာတ်လမ်း ကတော့ ဘယ်က စတယ်မသိ။ ယခုထိ ကတ်က မရောက်သေး။ ဆယ့်တစ်နာရီ ထိုးမှ စရောင်း ရမည် ဆိုသည့် ကုမ္ပဏီ စကား အကြောင်း ပြလျက် လူတွေကို ပြန်လွှတ် လိုက်သည်။ သူများဆိုင် တွေရလျှင် ရစေရမည်ဟု ခပ်တည်တည် ပြောလိုက်သည်။ ထို့နောက် ရုံးခန်းသို့ အပြေးနှင် ရတော့သည်။ သွက်လိုက်သည့် စီးပွားရေး သမားများ ကိုယ့်ရှေ့တွင် အယောက် တစ်ရာမက။ ထိုအချိန်မှ ကိုယ်ညံ့မှန်းသိ ဆိုသလိုပင်။ ရောက်တော့ ဆိုင်စာရင်း ပေးကာ ပစ္စည်းထုတ်မည် ဆိုတော့ ဇာတ်ရှိန်ကမြင့် လာသည်။ မှာထားသည်က ငါးရာ။ ရသည်က တစ်ရာ။ သည်ပုံ အတိုင်းဆို ပြန်လျှင် ဇက်ပြတ်မည်သာ။ ကုမ္ပဏီမှ မမ, များ စကား ယုံစားကာ အတင်း စာရင်းကောက် ထားသော ကိုယ့်ကိုယ် ကိုယ်သာ အပြစ်တင် ရမည်သာ။ သည်အတိုင်းဆို မဟုတ်သေး။ ကိုယ့်ထက် သေးသည့်ဆိုင် များကို စုံစမ်းကြည့်တော့ ဆင်းကတ် သုံးရာ ရသည်တဲ့။ မဖြစ်သေးပါ။ တွေ့ရာလူ ဆွဲမေးရသည်။ ကူပါကယ်ပါ နှင့် ငိုချင်းမချရုံ တမယ် ပြောပြီးသည့် နောက်ဆုံး နှစ်ရာ ပေးလိုက်သည်။ ရှိမခိုးရုံ တမယ် ကျေးဇူး အခါခါ တင်မိပါသည်။ သို့သော် ရင်ထဲတွင် မကောင်းလှ။ အပြန် စောင့်နေကြမည့် လူစုကြီးနှင့် ပြောကြမည့် ပါးစပ်များကို ပြေးမြင် မိသည်။ ''ညနေ ထပ်ရ စေရပါမည်'' ဟု နှစ်သိမ့်စကား လား အမှန်လား မကွဲပြား သည့် ထိုလူများ ပြောစကားကို ယုံရခက်ကြီး ဖြစ်လျက် မြန်မြန် ပြန်ပြေးခဲ့ ရသည်။

ထင်သည့်အတိုင်း ရောက်သည်နှင့် သူတစ်ပေါက် ငါတစ်ပေါက် နှင့် အလုအယက် တောင်းကြသည်။ အနှစ်နှစ် အလလ အောင့်ထား ကြသော အောင့်လုံးများ ကွဲထွက်သည့် အလားပင်။ ကိုယ်ကတော့ အပြစ်လုပ် ထားသူပီပီ တွေ့တဲ့ မျက်နှာတိုင်းက နှုတ်ခမ်း တစ်တောင်လောက် စူလျက် ကြောက်စရာ ကောင်းနေသည်။ တချို့ လိုချင် သလောက် မရသဖြင့် စိတ်ဆိုးကြသည်။ တချို့ ငွေပြန်တောင်း ကြသည်။ တချို့ စိတ်ရှည်ရှည် စောင့်နေကြ သဖြင့် ကိုယ်တိုင်ပင် အစာအငတ် ခံကာ လုပ်ပေး နေရသည်။ တချို့ သုံးကတ် စာရင်းပေး ထားပြီး တစ်ကတ် လောက်ဖြင့် ချွေးသိပ် လိုက်ရသည်။ ဘာပဲပြောပြော ညနေ ရလျှင်တော့ အဆင်ပြေမည်။ ကတ်ထုတ်ပေး နေစဉ်တွင်လည်း ဆိုင်မှ ဝန်ထမ်း တစ်ဦးကို အပြေးအလွှား ထို ကုမ္ပဏီသို့ သွားကာ အခြေအနေ ကြည့်ခိုင်း ရသေးသည်။

အကြောင်းက ကုမ္ပဏီမှ ဖုန်းများ မကိုင်သည် နှင့် ပိတ်ထား သည်ကြောင့် ဖြစ်သည်။ သည်ဘက် မှာလည်း မရလျှင် မဖြစ်သည့် အခြေအနေ။ ဆိုင်မှ ဝန်ထမ်းလေး အသွားအပြန် ဆယ်မိုင်ကျော် ခရီးကို သုံးလေးခေါက် သွားလိုက်ရသည်။ အချီးနှီးသာ။ မနက်ဖြန် နံနက် ပေးမည်ဆိုသည့် စကားလေး တစ်ခွန်းသာ သယ်လာ နိုင်သည်။

တွေ့သမျှလူ အချိုဆုံး ပြုံးလျက် တောင်းပန်ရုံမှလွဲပြီး ဘာမှ လုပ်မရတော့။ သည်အချိန် စိုင်းစိုင်း ၏ သီချင်းတစ်ပုဒ် ကို ကြားယောင် မိသည်။ ''ကံဆိုးမိုးမှောင် ကျတဲ့အခါ ချစ်သူ လက်ကို ဆွဲကိုင်ထား'' ဒါလည်း မဟုတ်သေးပါ။ ဆွဲကိုင်စရာ ချစ်သူမှ မရှိပါဘဲ။ သည်လိုနှင့် ''ကံဆိုးမိုးမှောင် ကျတဲ့အခါ ဆိုင်နံရံကို ပြေးကွယ်သွား ဝယ်သူ မတွေ့အောင် ပုန်းရှောင်ထား တွေ့ရင်တော့ကွာ ပြေးကာထား'' လို့ပဲ အော်ဟစ်ရင်း မျှော်လင့်ချက်ကို ရိုက်ချိုး ခံရတဲ့ ခံစားချက်များ ကို ထွေးပွေ့ကာ သည် တစ်ညတော့ နံနက်ကို မျှော်၍ အိပ်ပျက် ရပေ ဦးမည်သာ။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ