Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, September 7, 2014

Android ဖုန်းက Notifications တွေကို သင့် ကွန်ပျူတာပေါ်ရောက်အောင်ဘယ်လိုလုပ်မလဲ??

သင့်ကွန်ပျူတာနဲ့အလုပ်လုပ်နေချိန် ....ဖုန်းက notification တွေကိုလည်း ကြည့်ချင် ...ကွန်ပျူတာကလည်းလက်လွတ်လို့မရ ..ဒါမျိုးဆိုရင် notification တွေ ကွန်ပျူတာပေါ်ကိုရောက်လာမယ်ဆိုရင်.............................................

ဒီကောင်လေးကိုအဓိကသုံးရမယ့်အကြောင်းကတော့ သင့်ဟာသင့်ဖုန်းကို တခြားတစ်နေရာမှာထားပြီးတော့ ကွန်ပျူတာနဲကအလုပ်လုပ်နေစဉ် Callတွေ မက်ဆေ့တွေ ဒါမှမဟုတ် ဖေ့ဘုတ်က notification တွေဝင်လာမယ်ဆိုရင် သင့်ကွန်ပျူတာပေါ်ကို.လှမ်းပြီးအသိပေးမှာဖြစ်လို့ပါပဲ။သူက ငါးမိနစ်တစ်ကြိမ် သင့်ဖုန်းကို ဘာတွေအသစ်ဝင်လာနေလဲဆိုတာ စစ်ဆေးနေမှာဖြစ်ပါတယ်။
ဒါသုံးဖို့အတွက်တော့ ဆော့ဝဲနှစ်ခု လိုမှာဖြစ်ပါတယ်..သင့်ဖုန်းမှာ တစ်ခု သင့် ကွန်ပျူတာမှာတစ်ခု install လုပ်ပေးရမှာဖြစ်ပါတယ်။အောက်မှာရယူထားပါ။


ကွန်ပျူတာအတွက်>>
Remote Notifier desktop download link

ဖုန်းအတွက်>>

Remote Notifier phone application download link

ဖုန်းsetting ထဲက Wifi option ကိုဖွင့်ပေးထားရမှာဖြစ်ပါတယ်။ဝိုင်ဖိုင်ပေါ်မှာအလုပ်လုပ်မှာဖြစ်ပါတယ်။
(သာမန်သုံးသူတွေဟာ ၀ိုင်ဖိုင်ဆိုလိုက်တာနဲ့ အင်တာနက် ကိုပြေးမြင်တတ်ကြပါတယ်။အင်တာနက်ကို ၀ိုင်ဖိုင်ယူသုံးတာကိုမြင်တတ်ကြပါတယ်။local area connection မျိုးကို သတိမေ့တတ်ကြပါတယ်)
remote-notify-connection-settings
နှစ်ခုလုံးတင်ပြီးပြီဆိုရင် ဖုန်းမှာကော ကွန်ပျူတာမှာကော ဖွင့်ပေးလိုက်ပါ။ pair လုပ်တယ်ခေါ်ပါတယ်။ ဖုန်းနဲ့ ကွန်ပျူတာဟာ ဆော့ဝဲပေါ်မှာ ချိတ်ဆက်မိဖို့လိုပါတယ်။
remote-notify-phone-settings
ဖုန်းဆော့ဝဲရဲ့ setting ထဲမှာ notification ကို စမ်းသပ်ပို့ကြည့်ဖို့ လုပ်ဆောင်ချက်တစ်ခုပါဝင်ပါတယ်။Ping လုပ်ကြည့်တယ်ပေါ့ဗျာ။
remote-notify-ping
သင်ပို့ချင်တဲ့ notification ဥပမာ text messages, phone calls, MMS (picture messages), battery warnings, voice mails နဲ့ Viber,Zapya တို့လို့ကောင်တွေရဲ့ notification တွေထဲက တစ်ခုခုရွေးပြီးစမ်းသပ်နိုင်ပါတယ်.
remote-notify-notification-options
ဒီလိုပို့လိုက်မယ်ဆိုရင် သင့်ကွန်ပျူတာမှာ ပုံမှန် ကွန်ပျူတာsystemပိုင်းဆိုင်ရာတွေ အသိပေးသလို pop up ၀င်းဒိုးလေးနဲ့ အသိပေးလာမှာဖြစ်ပါတယ်။အောက်မှာဆိုရင် ဖုန်းအားအခြေအနေကို အသိပေးထားပါတယ်။.
remote-notify-battery

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ