Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 29, 2014

ဆောက်လုပ်ခွင့်လိုင်စင်မရှိသော အဆောက်အအုံများ ဆောက်လုပ်လျက်ရှိပြီး စည်းကမ်း မဲ့မှုများကြောင့် အများပြည်သူ သွားလာမှု အခက်ကြုံနေ

နိုင်ငံတော်က အိုးအိမ်တိုက်တာများ ဆောက်လုပ်ရာတွင် တရားဝင်ခွင့်ပြု ချက်ဖြစ်သော ဆောက်လုပ်ခွင့်လိုင်စင် ကျမှသာဆောက်လုပ်ရန် ညွှန်ကြား ထားသော်လည်း ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ်တွင် ခွင့်ပြုချက်မဲ့ တိုက်ခန်းများကို ဆောက်လုပ်လျက်ရှိပြီး အချို့ ဆောက်လုပ်သောတိုက်ခန်းများသည် အများပြည်သူသွားလာမှုကို အခက် အခဲဖြစ်စေသော လမ်းအပြည့် မဆလာဖျော်ခြင်း၊ ပစ္စည်းများစုပုံထား ခြင်းတို့ကြောင့် နိုင်ငံတော်အတွက် အခွန်ငွေမရသော ဆောက်လုပ်မှုနှင့် အများပြည်သူသွားလာမှုအခက်အခဲ ကြုံနေရမှုတို့ကို ကူညီဆောင်ရွက်ပေး နိုင်ရန် လက်တွေ့ခံစားနေရသော ရပ်ကွက်ပြည်သူတို့က ပြောကြားသည်။

''ဆောက်တာက ဘယ်သူပဲ ဘယ်လိုဆောက်ဆောက်တတ်နိုင်လို့ ဆောက်ကြတာ။သံဃာတော်၊ ကျောင်း သား ကျောင်းသူနဲ့ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်အောင်တော့ မလုပ်သင့်ဘူး။ လမ်းပေါ်မှာ ပစ္စည်း တွေပိတ်နေတော့ ဆိုက်ကား၊ ဆိုင်ကယ် တွေနဲ့သွားလာတဲ့သူတွေ ထိခိုက်မိကြ တယ်၊ ဒီ (၇) ရပ်ကွက် စိန်ပန်းမြိုင်(၁)လမ်းမှာ လမ်းကကျဉ်း၊ ဈေးဆိုင်တွေ လမ်းပေါ်ရောက်၊ အဆောင် နှစ်ဆောင်ဆောက်နေတဲ့ တိုက်နှစ်လုံးက ပစ္စည်းတွေနဲ့ဆိုတော့ ဘယ်သူ့ကို ပြောရမှန်းကို မသိကြဘူးဖြစ်နေ တယ်'' ဟု စိန်ပန်းမြိုင်(၁)လမ်းမှ ရပ်ကွက်ပြည်သူတစ်ဦးက ပြောကြား သည်။

''တိုက်ဆောက်တာက ပါမစ်မရှိ ဘူး။ ဆောက်တော့လည်း လမ်းပေါ်ကို ပစ္စည်းတွေပုံပြီး လုပ် ကြတယ်။ လမ်း ပိတ်ပြီးအုတ်ချတယ်။ မဆလာဖျော် တယ်။ ပြည်သူကို လေးစားရမှန်းမသိ သလို ဥပဒေဆိုတာကိုလည်း မလိုက် နာကြဘူး။ မေယုလမ်းမှာလည်း လမ်းက ကျဉ်းတဲ့အပြင် လမ်းပေါ်မှာ ပိတ် ပြီး အလုပ်လုပ်ကြတော့ ဘယ်နေရာ ကသွားရမှန်းကို မသိတော့ဘူး။တာဝန် ရှိသူတွေက တားမြစ်သင့်ပါတယ်'' ဟု လမ်းပိတ်ဆို့မှုကြောင့် သွားလာ ရေးအခက်အခဲကြုံနေရသော သက်ကြီး ရွယ်အိုတစ်ဦးက ပြောကြားသည်။

လှိုင်သာယာမြို့နယ်အတွင်း ၂ဝ၁၄ ခုနှစ် မတ်လမှစ၍ ရပ်ကွက်တစ်ခုတွင် အဆောက်အအုံ ငါးလုံးဆောက်ပါက တစ်လုံး၊ နှစ်လုံးသာရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဆိုင်းဘုတ်စိုက်ထူထားရှိပြီး နားလည်မှုဖြင့် တိုက်တာအဆောက် အအုံများကို ဆောက်လုပ်လျက်ရှိကာ အများပြည်သူသွားလာရာတွင် စိတ်အနှောင့်အယှက်ဖြစ်စေသော ဆောက် လုပ်မှုကိုလည်း ပြောဆိုတားမြစ်မှု အားနည်းလျက်ရှိကြောင်း၊ ဆောက် လုပ်ရေး သယ်ပို့ယာဉ်များကြောင့် လမ်းများ ပျက်စီးမှုများလည်း ရှိနေ ကြောင်း ရပ်ကွက်နေပြည်သူများ က ပြောဆိုလျက်ရှိကြသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ