Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 29, 2014

ပလက်ဝမြို့ပေါ်တွင် လိုင်စင်မဲ့ ဆိုင်ကယ် စီးသူများ အရေးယူတော့မည်

ယနေ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့မှ စပြီး ချင်းပြည်နယ် ပလက်ဝမြို့ပေါ်တွင် လိုင်စင်မဲ့ ဆိုင်ကယ်စီးသူများကို သက်ဆိုင် ရာမှ တရားဝင်အရေးယူမှုပြုလုပ်တော့မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ယမန်နေ့ စက်တင်ဘာ ၂၈ ရက်နေ့က ကီမိုခန်းမတွင် မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူးက မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်တ ရားသူကြီး၊ မြို့နယ် ဥပဒေအရာရှိတို့ ပါဝင်စေလျက် ဒေသခံပြည်သူများ ၇၀ ခန့်တက်ရောက်သည့် ယာဉ်စည်း ကမ်းထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ ရာမှာ  ယခုကဲ့သို့ အသိပေးပြောကြား လိုက်ခြင်းဖြစ် သည်။

မြို့နယ်ရဲတပ်ဖွဲ့မှူးက ယာဉ်စည်းကမ်းနှင့် ပါတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ ၂၅/၉/၂၀၁၄နေ့ ထုတ်ပြန်သည့် အမိန့် စာကို ဖတ်ကြားပြီးနောက် ယာဉ်စည်းကမ်းများကို အသေး စိပ်ရှင်းလင်းပြီး ၂၉/၉/၂၀၁၄နေ့မှ စပြီး အမိန့်စာအတိုင်း အရေးယူ ဆောင် ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး ဟောပြောပွဲတက်ရောက်သူတဦးက “ အခုဟောပြောပွဲက လိုင်စင်မဲ့ ဆိုင်ကယ်တွေ ကို  ဖမ်းဆီး မည့် သတိပေးချက်လို့ပဲမြင်ပါတယ်၊ တက်ရောက်သူတွေ ကို ဆွေးနွေး ခွင့်လည်း မပေးဘူးဗျ၊ မြို့နယ်အုပ် ချုပ်ရေးမှူး တို့က အစ လိုင်စင်မဲ့ဆိုင်ကယ်ကို အိမ်ထဲသွင်း ပြီး သေသေချာချာ သိမ်းဆည်းဖို့ ပဲပြောတယ်” ဟု ပြောသည်။

ပလက်ဝမြို့ပေါ်တွင် အစိုးရ၀န်ထမ်း၊ ဌာနဆိုင်ရာ အရာရှိများ နှင့် ဒေသခံပြည်သူများသည် လိုင်စင်မဲ့ ဆိုင်ကယ်သာ အ သုံးပြုကြပြီး မြို့ပေါ်တွင် ဆိုင်ကယ် စီးရေ ၁၀၀ ခန့်ရှိသည့် အနက် ၁၀ စီးခန့်သာ လိုင်စင်ရှိကြောင်း အာဏာပိုင်များ အနေဖြင့် လိုင်စင်မဲ့ ဆိုင်ကယ်များကို တရားဝင် လိုင်စင်ပြုလုပ်ပေး သင့်ကြောင်း ဝေဖန်ပြောဆိုနေကြသည်။

” အာဏာပိုင်တွေလုပ်ပုံက ကျေနပ်စရာမရှိဘူး၊ ဆိုင်ကယ်လိုင်စင်တွေ အရင်လုပ်ပေးသင့်တယ်၊ တဖက်က နေကြည့်ယင် လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး တရားဝင် ငွေရပေါက် ရှာတာနဲ့ အတူတူပဲ” ဟု ဆိုင်ကယ်ပိုင်ရှင် တဦး က ပြော သည်။

ပလက်ဝမြို့ နယ် နှင့် နယ်ချင်းစပ် ရခိုင်ပြည်နယ် ကျောက်တော်မြို့ တွင်မူ ဒေသခံပြည်သူများ အတွက် ပြည်နယ်အစိုးရမှ တနှစ်လျှင် အနည်းဆုံး နှစ်ကြိမ်ခန့် ယာဉ်လိုင်စင်များ ပြုလုပ်ပေးနေ သည့် အချိန်တွင် ချင်းပြည်နယ် ပလက်ဝမြို့တွင်မူ တကြိမ်တခါမျှ လုပ်ပေးခြင်းမရှိကြောင်း ဒေသခံ များက ပြောကြသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ