Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 30, 2014

ရဟတ်ယာဉ်တစ်စီး နောင်မွန်းဖက်မှာ ကျသွားတယ်လို့ ရွာသားများပြော

ခါကာဘိုရာဇီ တောင်ထိပ်မှာ ပျောက်ဆုံး နေတဲ့ တောင်တက် သမား နှစ်ဦး အတွက် ရှာဖွေ ကယ်ဆယ် ရေး လုပ်ငန်း လုပ်နေရင်း အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံး သွားတဲ့ ထိုင်းနိုင်ငံက B4 အမျိုး အစား ရဟတ်ယာဉ်ဟာ နောင်မွန်းမြို့နယ် ဂါတုရွာအနီး ထိုးကျ သွားတာ တွေ့ရ တယ်လို့ ရွာခံတစ်ဦးက သတင်း ပေးတာကြောင့် ဂါတုရွာအနီး ရှာဖွေရေး လုပ်နေပြီလို့ ထူးဖောင်ဒေးရှင်းက RFA ပြောပါတယ်။

ပျောက်နေတဲ့ ရဟတ်ယာဉ်ကို ထူးဖောင်ဒေးရှင်းက ရဟတ်ယာဉ်တွေအပြင် စစ်တပ်နဲ့အတူ ဒေသခံတွေနဲ့ပါ ပူးပေါင်းရှာဖွေနေတယ်လို့ ထူးဖောင်ဒေးရှင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုသက်က ပြောပါတယ်၊

"ပြီးခဲ့တဲ့ မွန်းလွဲ ၃ နာရီခွဲလောက်က နောင်မွန်းမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးကနေပြီးတော့ ပူတာအိုကို ဆက်လက်အကြောင်းကြားခဲ့ပါတယ်၊ အဲဒီ့နော်မွန်းမြို့နယ်အတွင်းမှာရှိတဲ့ ဂါတုရွာ ရွာသူတစ်ယောက်ကနေပြီးတော့မှ လက်ရှိ သတင်းဆက်သွယ်မှု ပြတ်တောက်နေတဲ့ B4 ရဟတ်ယာဉ် အမျိုးအစားကို အဲဒီ့ကျေးရွာအနီးမှာ ထိုးကျသွားတာတွေ့ရတယ်လို့ ကျနော်တို့ဆီ သတင်းရရှိပါတယ်၊ အဲ့ဒါကြောင့်မို့ ကျနော်တို့ဖက်ကလည်း ရရှိတဲ့သတင်းပေါ်မူတည်ပြီးတော့ ကျနော်တို့ဆီက B3 ရဟတ်ယာဉ် အမျိုးအစား ၂ စီးနဲ့ နောက်ပြီးတော့ စစ်ဖက် နယ်ဖက်ကနေရာ တပ်မတော်သားတွေရော ပူးပေါင်းပြီးတော့မှ ပိုက်စိတ်တိုက်ရှာဖွေနေပါတယ်၊ လက်ရှိအချိန်အထိတော့ ထူးခြားတဲ့သတင်း မရပါဘူးခင်ဗျ"

ထိုင်းနိုင်ငံက B4 ရဟတ်ယာဉ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ စနေနေ့ နေ့လယ်က ကူညီကယ်ဆယ်ရေးအဖွဲ့ရှိရာ တဟွန်ဒန်းရွာကိုအသွား ပျံသန်းချိန် မိနစ် ၂၀ လောက်အကြာမှာပဲ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေတာဖြစ်ပါတယ်။ ရဟတ်ယာဉ်ပေါ်မှာတော့ ထိုင်းနိုင်ငံက ရဟတ်ယာဉ်မှူးတစ်ဦးနဲ့အတူ မြန်မာလူမျိုး ရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနှင့် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇရဲ့ ကိုယ်ရေးလက်ထောက်ဖြစ်သလို ကျွမ်းကျင်တောင်တက်သမား ဦးနမားဂျွန်ဆင်ရဲ့ တူလည်းဖြစ်သူ ဦးရွှေရင်တော်ကြီးတို့ ၃ ဦး လိုက်ပါသွားခဲ့ကြပါတယ်။ ဒါ့အပြင်လည်း ပျောက်ဆုံးတောင်တက်သမား ၂ ဦးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း ရှာဖွေတွေရှိတဲ့ တောင်တက်သမားတွေရဲ့ အိတ်တွေကို သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေဆီ လွဲပြောင်းပေးအပ်လိုက်ပြီလို့လည်း ကိုဖြိုးကိုကိုသက်က ပြောပါတယ်၊

"လက်ရှိကတော့ မနေ့က ပေ ၁၆ဝဝ အမြင့်မှာ အိတ်တစ်လုံး၊ နောက် ပေ ၁၇ဝဝ အထက်မှာ အပြာရောင်အိတ်တစ်လုံးကို အဓိကတော့ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးရဲ့ တောင်တက်ပစ္စည်းတချို့နဲ့ ကျနော်တို့ အိတ် ၂ လုံးကို တွေ့ရှိထားပါတယ်၊ ပူတာအိုမြို့နယ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေကို ကျနော်တို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်"

တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း) က ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူ တို့နှစ်ဦးဟာ ခါကာဘိုရာဇီ ရေခဲတောင်ကို သြဂုတ်လ ၃၁ ရက်က တက်ရောက်ခဲ့အပြီး ပြန်အဆင်းမှာ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေတာ ဒီကနေ့ဆိုရင် တစ်လနီးပါး ရှိနေပြီ ဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ