Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 29, 2014

ပစ်ခတ်မှုတွေကြား ညှိနှိုင်းတာတွေလည်းရှိကြောင်း DKBA ဆက်ဆံရေးရုံး တာဝန်ခံပြောဆို

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းမှာ ဒီမိုကရေစီ အကျိုးပြုတပ်မတော် DKBA တပ်ဖွဲ့တွေနဲ့ အစိုးရ တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ် ပွားနေပေမဲ့၊ တချိန်တည်းမှာလည်း အောက်ခြေ အဆင့်ကစပြီး နှစ်ဘက်ဆွေးနွေးမှုတွေ ဆောင်ရွက်နေ တယ်လို့ မြဝတီမြို့ DKBA ဆက်ဆံရေးရုံးတာဝန်ခံ က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကစပြီး အစိုးရတပ်နဲ့ DKBA တပ်တွေ အောက်ခြေအဆင့်မှာ ပြဿနာတချို့ ပေါ်ပေါက် ခဲ့ပါတယ်။ အဓိကအနေနဲ့ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် စစ်တ်စုံယူနီဖေါင်း ချွတ်ခိုင်းတာ၊ လက်နက်သိမ်းတာ၊ ဖမ်းဆီးတာတွေကြောင့်၊ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ရာမှာ၊ စက်တင်ဘာလ ၂၈ ရက်နေ့အထိ တိုက်ပွဲအနည်းဆုံး ၆ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်ညှိနိုင်းမှုတွေ ရှိခဲ့တယ်လို့ မြဝတီမြို့ DKBA ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောပါတယ်။

အလားတူ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး၊ မနေ့က ဆွေးနွေးခဲ့ကြတယ်လို့ ဗိုလ်ကြီး စောစိုးမြင့်က ပြောပါတယ်။ အခုဖြစ်ပွားတဲ့ ပြဿနာတွေဟာ မြဝတီမြို့မှာ စက်တင်ဘာလ ၁၉ ရက်နေ့က ယာဉ်တိုက်မှုတွေနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေဘက်က ပစ်ခတ်လို့ DKBA ဗိုလ်ကြီး လင်းနိုင်ဦး သေဆုံး ရတဲ့ကိစ္စနဲ့ မပတ်သက်ဘူးလို့လည်း ဗိုလ်ကြီး စောစိုးမြင့်က ပြောပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ