Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 29, 2014

၉၆၉ အဖွဲ့ကို သီရိလင်္ကာက BBSနဲ့ ပူးပေါင်းမယ်လို့ ဦးဝီရသူဆို

သီရိလင်္ကာနိုင်ငံကို ​ရောက်ရှိနေတဲ့ ​အရှင်ဦးဝီရသူက ​သီရိလင်္ကာနိုင်ငံက ​Bodu ​Bala ​Sena ​(BBS) ​အဖွဲ့ဒါမှမဟုတ် ​Buddhist ​Force ​လို့ခေါ်တဲ့ ​ဗုဒ္ဓဘာသာ ​အဖွဲ့နဲ့ ​ပူးပေါင်းပြီး ​ဗုဒ္ဓဘာသာကို ​ကာကွယ်သွားမယ်လို့ ​ပြောလိုက်ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ​စက်တင်ဘာလ ​၂၈ ​ရက်၊ ​မနေ့တုန်းက ​သံဃကောင်စီ ​အစည်းအဝေးကြီး ​ကျင်းပခဲ့တာဖြစ်ပြီး ​အရှင်ဦးဝီရသူကလည်း ​တက်ရောက်ခဲ့တာ ​ဖြစ်ပါတယ်။

ကမ္ဘာတလွှားမှာ ​ခြိမ်းခြောက်မှု ​ခံနေရတဲ့ ​ဗုဒ္ဓဘာသာဝင်တွေကို ​ကာကွယ်ဖို့ ​မြန်မာနိုင်ငံက ​၉၆၉ ​အဖွဲ့အနေနဲ့ ​သီရိလင်္ကာနိုင်ငံက ​BBS ​အဖွဲ့နဲ့ ​ပူးပေါင်းမှုတွေ ​လုပ်သွားမယ်လို့ ​လူပေါင်း ​၅၀၀၀ ​ဆန့်တဲ့ ​ဘောလုံးကွင်းအတွင်းမှာ ​အရှင်ဦးဝီရသူက ​ပြောခဲ့တာပါ။

အဲဒီဘောလုံးကွင်းအတွင်း ​သံဃာတော်တွေနဲ့ ​တချို့ပြည်သူတွေ ​အများအပြား ​တက်ရောက်ခဲ့ကြပါတယ်။

ဦးဝီရသူရဲ့ ​သီရိလင်္ကာနိုင်ငံခရီးစဉ်အတွင်း ​သီရိလင်္ကာ ​ဗုဒ္ဓဘာသာဝင်တွေနဲ့ ​မွတ်စလင်တွေအကြား ​ပြဿနာ ​ဖြစ်မှာကို ​စိုးရိမ်တဲ့အတွက် ​ပြည်ဝင်ခွင့်ဗီဇာမပေးဖို့ ​သီရိလင်္ကာနိုင်ငံက ​မွတ်စလင်ကောင်စီက ​သူတို့အစိုးရကို ​တောင်းဆိုခဲ့ပါတယ်။

မွတ်စလင်အစွန်းရောက်သမားတွေက ​ပြည်ဝင်ခွင့်မပေးဖို့ ​တောင်းဆိုတဲ့ကြားကပဲ ​ပြည်ဝင်ခွင့်ဗီဇာ ​ထုတ်ပေးခဲ့တဲ့ ​သီရိလင်္ကာနိုင်ငံ ​သမ္မတကို ​ကျေးဇူးတင်ကြောင်း ​အရှင်ဦးဝီရသူက ​ပြောပါတယ်။

ဂျီဟတ်အဖွဲ့တွေကြောင့် ​ဗုဒ္ဓဘာသာဝင်တွေဟာ ​ကြီးမားတဲ့ ​ခြိမ်းခြောက်မှုတွေနဲ့ ​ကြုံတွေ့နေရတယ်လို့လည်း ​ပြောသွားခဲ့ပြီး ​စေတီပုထိုးတွေလည်း ​ဖျက်ဆီးခံနေရတယ်လို့ ​ဆိုပါတယ်။

ဒါ့အပြင် ​မီဒီယာအဖွဲ့အစည်းတွေနဲ့ ​ကမ္ဘာမှာ ​အာဏာရှိသူတွေက ​စက်မှုတွေကို ​အသုံးပြုပြီး ​ဗုဒ္ဓဘာသာအပေါ် ​ဆန့်ကျင်မှုတွေ ​လုပ်နေကြတယ်လို့လည်း ​အရှင်ဦးဝီရသူက ​ပြောပါတယ်။

BBS ​အဖွဲ့ဟာ ​သီရိလင်္ကာနိုင်ငံက ​မွတ်စလင်နဲ့ ​ဗုဒ္ဓဘာသာအကြား ​ပြဿနာဖြစ်အောင် ​သွေးထိုးလှုံ့ဆော်ပေးတဲ့ ​အဖွဲ့ ​ဖြစ်တယ်လို့ ​စွပ်စွဲခံနေရသလို၊ ​မြန်မာနိုင်ငံက ​၉၆၉ ​အဖွဲ့ဟာလည်း ​မွတ်စလင်တွေနဲ့ ​ဗုဒ္ဓဘာသာအကြား ​သွေးထိုးလှုံ့ဆော်ပေးတဲ့ ​အဖွဲ့အဖြစ် ​စွပ်စွဲခံနေရကြောင်း ​ရိုက်တာ ​သတင်းမှာ ​ဖော်ပြထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ