ဈာပန၌ NLD နာယက ဦးတင်ဦးနှင့် ၈၈ ငြိမ်း/ပွင့်လူ့အဖွဲ့အစည်းမှ မင်းကိုနိုင်တို့က အမှတ်တရ စကားများ ပြောကြား ခဲ့ကြသည်။
သခင်သိန်းမောင်ကို ၁၉၁၉ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် အဘဦးဘမောင်နှင့် အမိဒေါ်မိကလေးတို့က ဝါးခယ်မမြို့တွင် မွေးဖွားခဲ့သည်။
သခင်သိန်းမောင်သည် အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးတို့တွင်ပါဝင်ခဲ့သလို ၁၉၄၈ခုနှစ် လွတ်လပ်ရေး ကြေညာပြီးနောက် ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင်ပါဝင်ကာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး တိုက်ပွဲ၊ ဒီမိုကရေစီ တိုက်ပွဲများတွင်လည်း မကွယ်လွန်မီ နောက်ဆုံး အချိန်ထိ ပြည်သူလူထု၏ သမိုင်းတာဝန်ကို တက်ကြွကျေပြွန်စွာ ထမ်းဆောင်ခဲ့ပြီး ၂၇.၉.၂၀၁၄ စနေနေ့ည ၁၁း၁၅ နာရီတွင် အာရှတော်ဝင်ဆေးရုံ၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
ကွယ်လွန်ချိန်တွင် အသက် ၉၆ နှစ်ရှိပြီဖြစ်ပြီး သားသမီး ၄ ယောက် မြေး ၅ ယောက် နှင့်မြစ် ၄ ယောက်ကျန်ရစ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment