Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

ဘုရားသခင်​ထံသို့​ပေးတဲ့စာ


လူတ​စ်​​ယောက်​ဟာ စာတိုက်​မှာအလုပ်​လုပ်​ ပါတယ်​။ သူ့အလုပ်​က ဖတ်​ရှုဖို့ခက်​ခဲတဲ့ လိပ်​စာ​တွေကို စနစ်​တကျဆန်းစစ်​​ဆောင်​ ရွက်​ဖို့ဖြစ်​တယ်​။ တ​နေ့မှာ လက်​ကတုန်​က ယင်​လက်​​ရေးနဲ့​ရေးထားတဲ့ ဘုရားသခင်​ဆီ ကို လိပ်​မူထားတဲ့ စာတစ်​​ဆောင်​သူ့စားပွဲ ​ပေါ်​ရောက်​လာပါတယ်​။စာတိုက်​သမားဟာူ့စာကိုကြည့်​ပြီး အ​တွေးတခုဝင်​လာတယ်​။ “ဘာ​ရေးထားလဲ သိရ​အောင်​ ဒီစာကိုဖွင့်​ပြီး ဖတ်​ကြည့်​ရင်​​ကောင်းမယ်" ဒါနဲ့သူစာကို ဖွင့်​ပြီးဖတ်​လိုက်​တယ်​။ “အိုဘုရားသခင်​ ကျွန်​မဟာပင်​စင်​လစာအ နည်းငယ်​နဲ့ အသက်​ရှင်​​နေရတဲ့ ၈၃နှစ်​အရွယ်​ မုဆိုးမတစ်​​ယောက်​ဖြစ်​ပါတယ်​။မ​နေ့တုန်းက ကျွန်​မပိုက်​ဆံအိတ်​ အခိုးခံရပါတယ်​။ အဲဒီအထဲမှာ ​နောက်​ထပ်​ပင်​စင်​လစာမရခင်​ အထိ ကျွန်​မမှာရှိသမျှ​ငွေ​ဒေါ်လာတရာလုံးပါ သွားပါတယ်​။" “​နောက်​လာမယ့်​ တနင်္ဂ​နွေ​နေ့ဟာ မိခင်​များ ​နေ့ဖြစ်​တဲ့အတွက်​ကျွန်​မရဲ့သူငယ်​ချင်းနှစ်​ ​ယောက်​ကို ညစာစားဖို့ဖိတ်​ထားပါတယ်​။ အဲဒီပိုက်​ဆံမရှိဘဲ ကျွန်​မစားစရာဝယ်​ဘို့ ဘာမှမရှိပါဘူး။ကျွန်​မမှာ အကူအညီ ​တောင်းစရာ မိသားစုလည်းမရှိပါဘူး။အရှင်​ ကသာ ကျွန်​မအတွက်​ တခု​တည်း​သော ​မျှော်​လင့်​ရာဖြစ်​ပါတယ်​။ကျေးဇူးပြု၍ ကူညီ ​ပေးနိုင်​မလား။" စာတိုက်​အလုပ်​သမားဟာ အမျိုးသမီးရဲ့စာ ကိုဖတ်​ပြီး စိတ်​မ​ကောင်းဖြစ်​သွား​တော့ ရုံး မှာရှိတဲ့ လူ​တွေကို အဲဒီ့စာကိုလိုက်​ပြတာ​ပေါ့ လူတိုင်းက သူတို့ပိုက်​ဆံအိတ်​​တွေကို နှိုက်​ ပြီး ​ဒေါ်လာအနည်းငယ်​စီ ထုတ်လိုက်​ကြ တယ်​။ပိုက်​ဆံ​တွေကိုစုလိုက်​ကြတဲ့အခါမှာ ၉၆​ဒေါ်လာရခဲ့ပါတယ်​။သူတို့​တွေအဲဒီပိုက်​ဆံကိုစာအိတ်​ထဲထည့်​ပြီး အမျိုးသမီးကြီးဆီ ကိုပို့လိုက်​ကြ​ပါတယ်​။ ဒီလုပ်​ရပ်​ပြီးသွားတဲ့​နောက်​ တ​နေ့လုံးအလုပ်​ သမားအားလုံးက သူတို့လုပ်​ခဲ့တဲ့​ကောင်းမှု ကုသိုလ်​​အ​ကြောင်း စဉ်းစားရင်းပီတိဖြာ​နေ ကြတာ​ပေါ့။မိခင်​များ​နေ့ကုန်​ဆုံးသွားပြီး ရက်​အနည်းငယ်​ကြာတဲ့အခါမှာ အဘွားအို ဆီက​နေ ဘုရားသခင်​ထံကိုပို့တဲ့စာ​နောက်​ တ​စောင်​​ရောက်​လာပါတယ်​။အလုပ်​သမား အားလုံး စာထဲမှာဘာ​တွေများ​ရေးထားမလဲ ဆိုပြီး စိတ်​၀င်​တစားဖြစ်​​နေကြပါတယ်​။ စာထဲမှာပါတဲ့အ​ကြောင်းအရာက- “အို ဘုရားသခင်​ ကျွန်​မကိုလုပ်​​ပေးခဲ့တဲ့အ ရာအတွက်​ ဘယ်​လို​ကျေးဇူးတင်​ရမှန်းကို မသိ​တော့ပါဘူး။ဘုရားသခင်​ရဲ့ရက်​​ရောမှု ​ကြောင့်​ ကျွန်​မကသူငယ်​ချင်း​တွေကို ညစာ ​ကောင်း​ကောင်း​ကျွေး​မွေးနိုင်​ခဲ့ပါတယ်​။ ကျွန်​မအတွက်​​ပျော်​စရာ​ကောင်းတဲ့​နေ့​လေး ကိုရရှိခဲ့ပါတယ်​။ပြီး​တော့ကျွန်​မကသူငယ်​ ချင်း​တွေကို အရှင့်​ရဲ့အံ့သြစရာ​ကောင်းတဲ့ လက်​​ဆောင်​အ​ကြောင်း​ပြောပြပါတယ်​။ ဒါနဲ့စကားမစပ်​ ၄​ဒေါ်လာ​ပျောက်​​နေခဲ့တယ်​။ ဒါဟာစာတိုက်​က အကျင့်​ယုတ်​သူခိုး​တွေ ရဲ့ လက်​ချက်​ဆိုတာ သံသယရှိစရာမလိုပါ ဘူး။"




























































No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ