Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 11, 2014

ခါကာဘိုရာဇီတောင်တက်အဖွဲ့ ၆ ဦး ပြန်ရောက်၊ ၂ ဦး အဆက်အသွယ်ပြတ်



ခါကာဘိုရာဇီ တောင်တက်အဖွဲ့ဝင် ၈ ယောက်မှာ တောင်ခြေ စခန်းတွေကနေ အထောက်အပံ့ ပေးတဲ့ ၆ ယောက်နဲ့ အဆက်အသွယ်ရပြီး တောင်ထိပ်ကိုတက်သွားကြတဲ့ ကျန် ၂ ယောက် အဆက်အသွယ် မရသေး ဘူးလို့ အမည်မဖော်လိုသူ တောင်တက်အသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျန် ၆ ယောက် ကတော့ အောက် ဆုံးတောင်ခြေစခန်းရှိရာ သဟောင်တန်းရွာကို ဆင်းလာကြပြီ ဖြစ်ပြီး ကျန်းမာရေး အခြေအနေ လည်း ကောင်းတယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေးစက် အခက်အ ခဲကြောင့် တောင် ထိပ်မှာ မြန်မာအလံစိုက်ထူနိုင်ခဲ့ကြတဲ့ ကိုအောင်မြင့်မြတ် နဲ့ ဝေယံမင်းသူ အဆက်အသွယ် မရသေးတာ ဖြစ်နိုင်ပြီး ပြန်ဆင်းလာတဲ့ လမ်းကြောင်းမှာပဲ ရှိနေသေး နိုင်ကြောင်းလည်း ထပ်ပြောပါတယ်။

တောင်ထိပ်ထိအောင် တက်သွားကြတဲ့ အဲဒီ ၂ ဦးဟာ အမြင့်ပေ ၁၉၂၉၆ ရှိ ခါကာဘိုရာဇီ တောင်ထိပ်ကို သြဂုတ် ၃၁ ရက် ညက ရောက်ရှိပြီး မြန်မာအလံစိုက်ထူနိုင်ခဲ့တာပါ။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကလည်း ရဟတ်ယာဉ်တွေနဲ့ လိုက်ကြည့်အကူအညီပေးဖို့ ရန်ကုန်ကနေ ဒီနေ့ မှာ စထွက်ဖို့ ပြင်ဆင်ထားတာတွေ ရှိနေပါတယ်။

ခုဆို တက္ကသိုလ်ခြေလျင်နဲ့ တောင်တက်အသင်း အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့် ကိုယ်တိုင် ဒီနေ့မှာ ပူတာအိုကို လိုက် သွားပြီလို့လည်း ဆိုပါတယ်။

ခါကာဘိုရာဇီတောင်မှာ မိုးအနည်းငယ်ရွာနေပြီး ရာသီဥတု အခြေအနေ အရမ်းမဆိုးရွားဘူးလို့ ဆိုပါတယ်။

ကိုအောင်မြင့်မြတ်ဦးဆောင်တဲ့ ခါကာဘိုရာဇီတောင်တက်အဖွဲ့တွေဟာ ဇူလိုင်လ ၃၁ ရက်နေ့က ပူတာအို ကနေ တောင်တက်ခရီးစဉ် စတင်ခဲ့ကြပြီး သြဂုတ် ၃၁ ရက်နေ့မှာ ခါကာဘိုရာဇီတောင်ထိပ်ကို ရောက် ရှိခဲ့ကြပြီးနောက် အဆက်အသွယ် ပြတ်နေခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ