Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 9, 2014

တစ်ကမ္ဘာလုံး အင်တာနက်အသုံးပြုနိုင်ရန် ဖေ့ဘွတ်ကုမ္ပဏီက ဒေါ်လာဘီလျံနှင့်ချီ၍ သုံးစွဲမည်

ကမ္ဘာပေါ်မှ လူအားလုံး အသုံးပြုနိုင်ရန် Facebook Inc (FB.O) က ဒေါ်လာဘီလျံနှင့်ချီ သုံးစွဲ သွားမည်ဟု ဖေ့စ်ဘွတ်၏ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇက်ကာဘာ က ပြောကြားသည်။

“ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ကမ္ဘာပေါ်က လူတွေ တစ်ဦးနဲ့ ချိတ်ဆက်နိုင်ဖို့ပါပဲ။ ဒီလိုအခြေ အနေဖြစ်လာဖို့ ဖေ့စ်ဘွတ်အနေနဲ့ လာမယ့်ဆယ်စုနှစ် အတွင်းမှာ ဒေါ်လာ ဘီလျံနဲ့ချီသုံးစွဲ လိုက်ရင် ရေရှည်မှာ ကျွန်တော်တို့အတွက်ရော ကမ္ဘာကြီးအတွက်ပါ ကောင်းသွားမှာပါ” ဟု ဇက်ကာဘာက ပြောကြားသည်။

၂၀၁၄ ခုနှစ်တွင် ကမ္ဘာပေါ်၌ အင်တာနက်အသုံးပြုသူ ၃ ဘီလျံအထိ ရှိလာနိုင်ကြောင်း International Telecommunications Union (ITU) က ထုတ်ပြန်ထား သည်။ ၎င်းတို့အနက် ၁ ဒသမ ၃ ဘီလျံခန့်မှာ ဖေ့စ်ဘွတ်အသုံးပြုသူများဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် အကြီးဆုံးလူမှုကွန်ရက်ကုမ္ပဏီဖြစ်လာသည့် ဖေ့စ်ဘွတ်က ဖုန်းအော်ပရောတာများနှင့် ပူးပေါင်းကာ အာဖရိကနှင့်အာရှတိုက်များတွင် အင်တာနက် အသုံးမပြုနိုင်သူများအတွက် Internet.org ကို ၂၀၁၃ ခုနှစ်အတွင်းက စတင်ခဲ့ပြီး ဘီလျံနှင့်ချီသော လူများ ဆက်သွယ်နိုင်ရန် ကြိုးပမ်းခဲ့သည်။

“အင်တာနက်ကို လူတိုင်းအသုံးပြုနိုင်မယ်ဆိုင် ကျွန်တော်တို့အားလုံးရဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုမို တိုးတက်လာစေနိုင်ပါတယ်” ဟု ဇာကာဘာ က ပြောကြားခဲ့သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ