Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 8, 2014

ဂျပန်မှနီရှီကိုရီနှင့် ခရိုအေးရှားမှစီလစ် ချန်ပီယံဟောင်းများကို အနိုင်ယူပြီး ယူအက်စ်အိုးပင်းဗိုလ်ပွဲတက်

နယူးယောက်−ဂျပန်နိုင်ငံမှ ကီအီ နီရှီကိုရီနှင့် ခရိုအေးရှားနိုင်ငံမှ မာ ရင်စီလစ်တို့ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အ ကြိတ်အနယ် ယှဉ်ပြိုင်ကြမည်ဖြစ် သည်။
ဖော်ပြပါ သူရဲကောင်းမဖြစ် နိုင်သော သူရဲကောင်းနှစ်ဦးသည် ၂၀၁၁ ချန်ပီယံ ဂျိုကိုဗစ်နှင့် ချန် ပီယံဆု ငါးကြိမ်ပိုင်ရှင် ဖက်ဒယ် ရာတို့ကို အကြိုဗိုလ်လုပွဲများ၌ ကိုယ်စီ အနိုင်ယူခဲ့ကြသည်။
နိုင်ခြေအဆင့် (၁၀)ဖြင့် ပြိုင်ပွဲဝင်လာသူ နီရှီကိုရီသည် နိုင် ခြေအဆင့် (၁) ဂျိုကိုဗစ်ကို ၆-၄၊ ၁-၆၊ ၇-၆ (၇-၄)၊ ၆-၃ ဖြင့် အောင်ပွဲခံ၍ ဂရမ်းဆလန်းပြိုင်ပွဲ တစ်ခု၏ ဗိုလ်လုပွဲသို့ တက်လာ သော ပထမဆုံးအာရှတိုက်သား ဖြစ်လာသည်။

 စီလစ်က ဖက်ဒယ်ရာကို ၆-၃၊ ၆-၄၊ ၆-၄ သုံးပွဲပြတ် ချေ မှုန်းခဲ့သည်။
‘‘သမိုင်းဝင်အောင် လုပ်နိုင် တာ အရမ်းပျော်တယ်။ အာရှ တိုက်သားတွေ ဗိုလ်လုပွဲတက် တာ ဒါပထမဆုံးပဲ။ ဗိုလ်လုပွဲကို နိုင်ရင်ထပ်ပြီး သမိုင်းဝင်အောင် လုပ်နိုင်မယ်လို့ မျှော်လင့်တယ်’’ ဟု ဂျပန်နိုင်ငံသား နီရှီကိုရီက အားတက်သရောပြောသည်။
စီလစ်သည်လည်း ၎င်း၏ ကစားသမားဘ၀သက်တမ်းတစ် လျှောက် ပထမဆုံး ဂရမ်းဆလန်း ဗိုလ်လုပွဲသို့ တက်ရောက်လာခြင်း ဖြစ်သည်။
နီရှီကိုရီနှင့် စီလစ်တို့၏ ထိပ် တိုက်တွေ့ဆုံပွဲများတွင် နီရှီကိုရီ က ၅-၂ ဖြင့် ဦးဆောင်နေသည်။ ချန်ပီယံများတွင် ဖြုတ်ချခဲ့သူနှစ် ဦး ယနေ့ည ဗိုလ်လုပွဲနွှဲကြမည် ဖြစ်သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ