ကျွန်တော်တို့ မြန်မာလူမျိုးများ ကြံဖန်ရှက်တတ်ကြသည်။ မေမြတ်နိုးရဲ့
အရှုပ်အရှင်းကြောင့် နိုင်ငံနဲ့လူမျိုး သိက္ခာကျသည်၊ အရှက်ရစေသည်စသဖြင့်
ပြောဆိုကြသည်၊ ပြည်တွင်းသတင်းစာများက ရေးကြသည်။ ဘာဆိုင်သလဲဗျာ။
ရှက်စရာရှိလျှင် တိုင်းပြည်ကို စုတ်ပြတ်သတ်သွားအောင် ခေတ်အဆက်ဆက်
အုပ်ချုပ်ခဲ့ကြသော အစိုးရမင်းများ ရှက်ဖို့လည်း ထားကြပါဦး။
မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာရပ်ဝန်းသို့ ပြန်လည်ခြေချရန်
ကြိုးပမ်းလာပြီးသည့် ကာလနောက်ပိုင်း အမှန်တကယ်နှင့် အသိသာဆုံးသော
ပြည်ပချိတ်ဆက်မှုတခုကို ပြပါဆိုလျှင် မယ်စကြ၀ဠာအပါအ၀င် များစွာသော
လှယဉ်ကျေးမယ်ပြိုင်ပွဲများပင်ဖြစ်တော့သည်။ နန်းခင်ဇေယျာကအစ
အလှမယ်ပေါင်းများစွာ နိုင်ငံတကာပြိုင်ပွဲဝင်ကြတော့ မျိုးချစ်စိတ်နဲ့
အသဲအသန် မဲပေးကြသူများအား တွေ့ဖူးပါသည်။ သူတို့ကို ကျွန်တော် နားမလည်ပါ။
ကိုယ် ကိုယ်တိုင်လည်း ဘယ် မယ်တယောက်တလေအတွက်မှ ကလစ်တချက် မခေါက်ခဲ့ပါ။
အကြောင်းမှာ တိုင်းပြည်နဲ့လူမျိုး ဂုဏ်သိက္ခာကို အလှမယ်တယောက်က
ဆောင်ကျဉ်းပေးနိုင်မည်ဆိုသော ရူးကြောင်ကြောင် အတွေးအခေါ်ကို မယုံကြည်၍
ဖြစ်သည်။
အဲ ... မြန်မာဘောလုံးအသင်း အရှုမလှ ရှုံးလျှင်တော့ ရှက်သည်။ ဒါတောင်
အခုနောက်ပိုင်း အရှုံးများလို့ အရေထူသွားသလိုလို ဖြစ်နေပြီ။ ဟိုတလောက
ဝန်ကြီးတပါး Channel News Asia အင်တာဗျုးမှာ ဂဂျိုးဂဂျောင် ဖြစ်ခဲ့တုန်းက
ကြိတ်ပြီး ရှက်မိသည်။
အခုမေမြတ်နိုးကိစ္စကို နိုင်ငံတကာ မီဒီယာများက ရေးသားကြသည်မှာ နိုင်ငံနဲ့
လူမျိုးကို သိက္ခာချလိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်ပါ။ “အလှမယ်တဦး သရဖူနဲ့
လစ်ပြေး”ဆိုသည့်သဘောမျိုး သက်ရောက်သော အသုံးအနူန်းများဖြင့် ဟာသသတင်း၊
ဖျော်ဖြေရေးသတင်း သဖွယ်ရေးကြခြင်းသာဖြစ်သည်။ ဖိလစ်ပိုင်မယ်ဖြစ်ဖြစ်၊
စင်္ကာပူမယ်ဖြစ်ဖြစ် မည်သည့်နိုင်ငံက မယ်ပဲဖြစ်ဖြစ် ဤသို့ဖြစ်လျှင် ဤနှယ်
ရေးသားကြမည်ပင် ဖြစ်သည်။ ဒါကို မြန်မာမယ်ဖြစ်နေလို့ ဇာချဲ့ရေးသည်ဟု
ခံယူပြီး ကြံဖန်ဒေါသဖြစ်၊ ကြံဖန်ရှက်တဲ့သူတွေ မနည်းပေ။ ဘာဆိုင်လို့လဲဗျာ။
မနေ့တနေ့က မေမြတ်နိုးဘက်က သတင်းစာရှင်းလင်းပြီးသည့်နောက်မှာလည်း
နိုင်ငံတကာမီဒီယာများက သတင်းဖော်ပြကြပါသည်။ သူမ၏ ရှင်းလင်းချက်ကို
သတင်းမှေးမှိန် မထားပါ။ ပြောလိုသည်မှာ ယခုကိစ္စတွင် အချို့သောသူများ
ထင်မြင်ကြသလို ပြည်ပမီဒီယာများက မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများ
သိက္ခာကျအောင် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်နေကြခြင်းမဟုတ်ဆိုသည်ပင်။
ကျွန်တော်တို့လူမျိုးများသည် တခုခုဖြစ်လျှင် မိမိတို့အား ချောက်တွန်းကြသည်၊
ပူးပေါင်းကြံစည်ကြသည်စသည့် စိတ်ခံစားမှုမျိုး အလွယ်တကူ ဖြစ်ပေါ်တတ်သည်ဟု
ထင်သည်။ စိတ်ပညာအရ အငုံ့စိတ်၊ သိမ်ငယ်စိတ်တမျိုးပင် ဖြစ်သည်။ ယင်းသို့
ဖြစ်ရသည်မှာလည်း အကျိုးအကြောင်းမဲ့ မဟုတ်ပါ။ ခေတ်အဆက်ဆက် အရာရာတွင်
အောက်တန်း နောက်တန်း ကျခဲ့ရသော နိုင်ငံတခုမှ နိုင်ငံသားများပင် မဟုတ်လော။
ကျွန်တော်တို့မှာ “မြန်မာနိုင်ငံသားကွ”ဟု လက်မထောင် ဂုဏ်ယူစရာ ဟုတ်တိပတ်တိ
မရှိပါ။ အတိတ်က အောင်ပွဲများအကြောင်းကိုသာ စမြုံ့ ပြန် အားတင်းကြရသည်။
ဆိုခဲ့သော သိမ်ငယ်စိတ်ကြောင့် အလွယ်တကူ ရန်လိုတတ်လာသည်။ ဆတ်ဆတ်ထိမခံ
ဖြစ်လာသည်။ မေမြတ်နိုးနှင့် Miss Asia Pacific World အဖွဲ့အစည်းမှ
တာဝန်ရှိသူများ၏ ပြဿနာကို မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံ၏ ပြဿနာအဖြစ်
ရှုမြင်လာကြသည်။ ဖေ့စ်ဘွခ်ပေါ်မှ မှတ်ချက်အချို့ကို ဥပမာဆောင်အံ့။
“ကိုရီးယားကို စစ်ကြေငြာလိုက်ပြီဟေ့၊ မလျော့နဲ့ ညီမလေး”
“ဆီးဂိမ်းတုန်းက သန်း ၆၀ သော မြန်မာပြည်သူတွေကို အသဲခွဲသွားတာလည်း ကိုရီးယားလူမျိုး ပတ်ဆောင်ဟွားပဲ၊ ကိုရီးယားတွေကို သပိတ်မှောက်ကြ”
“ခွေးမသားကိုရီးယားတွေ အားဇာနည်ကုန်းမှာ သေခဲ့ကြတာတောင် မမှတ်သေးဘူး”
ပုဂ္ဂိုလ်ရေးပြဿနာကို နိုင်ငံရေးပြဿနာ၊ လူမျိုးရေးပြဿနာအဖြစ် မလိုအပ်ပဲ
ရှုမြင်ကြသည်။ ထိုသို့သော အငုံ့စိတ်များကြောင့် လွဲမှားသော
မျိုးချစ်စိတ်များ ပေါက်ဖွားလာရသည်။
ဟုတ်ကဲ့ … အင်တာနက်မှာ ရေးချင်တာရေးကြသည်ကို အရေးကြီးခွင်ကျယ်လုပ်နေခြင်း
မဟုတ်ပါ။ ရခိုင်ပြည်နယ်က လူမျိုးရေးပြဿနာများ အရှိန်မြင့်နေစဉ်ကလည်း
အင်တာနက်ပေါ်တွင်လည်း တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။ ထိုစဉ်က
အွန်လိုင်းပေါ်တွင် ဒေါသအလျောက် ဆဲရေးကြသည်။ သွေးဆူသည့်
အသုံးအနူန်းများဖြင့် ကြိမ်းမောင်းကြသည်။ ဘင်္ဂါလီကိုရွေးမပြောပဲ မွတ်စလင်ဟု
ဝါးလုံးချေးသုတ်ရမ်းကြသည်။ ထိုထို မှတ်ချက်များကို စုစည်းပြီး The New York
Times မှ Thomas Fuller ဆိုသော ကော်လံစား သကောင့်သားက မြန်မာနိုင်ငံတွင်
မွတ်စလင်မုန်းတီးရေးစိတ်ဓါတ်များ ထိန်းမနိုင်သိမ်းရ
အခြေအနေသို့ရောက်နေသလို၊ ဘာသာရေးကို အခြေခံသော လူမျိုးတုန်းသတ်ဖြတ်မှုကြီး
ကျုးလွန်ကြတော့မလို ရေးသားသွားသဖြင့် ကျွန်တော်တို့နိုင်ငံ ကမ္ဘာ့အလယ်မှာ
အမှန်တကယ် အရှက်ရခဲ့ရသည်။
ထို့ကြောင့် ပြဿနာတခုခုဖြစ်လျှင် ဓမ္မဒိဌါန်ကျကျ ရှုမြင်သုံးသပ်နိုင်ဖို့
ကျွန်တော်တို့၏ သိမ်ငယ်စိတ်များကို ထိန်းကျောင်းဖို့လိုနေပြီဖြစ်သည်။
မဟုတ်လျှင် ပြောခဲ့သလို လွဲမှားသော မျိုးချစ်စိတ်များ၊ နေရာမမှန်သော
မျိုးချစ်စိတ်များ ဖြစ်ပေါ်လာနိုင်ပြီး ပြဿနာဟာ
လိုသည်ထက်ပိုကြီးထွာလာလိမ့်မည်။ “မျိုးချစ်စိတ်ဖြင့် ငံပြာရည်စက်ရုံ”ဟု
ပြောသင့်သည်ဟူသည့် နေရာမှား မျိုးချစ်စိတ်မျိုးပင် ဖြစ်ပေါ်လာပါလိမ့်မည်။
ယခု မေမြတ်နိုးကိစ္စမှာ နိုင်ငံနှင့် လူမျိုးနှင့်ချီပြီး ရှက်ရမည့်
ကိစ္စမဟုတ်ပါ။ တိုင်ပြည်ပျက်ရလောက်သည့် ကိစ္စမဟုတ်ပါ။ ရှက်စရာရှိလျှင်
နယ်လှည့်ပါးရိုက်ရဲသည်ဆိုသော ၀န်ကြီး၊ တရက် ငွေ ၂ ထောင်နှင့်
စားလောက်သည်ဆိုသော နိုင်ငံ့အဓိပတိပုဂ္ဂိုလ်နှင့် တရုတ်ကျေးဇူးရှိသည်၊
တရုတ်ကို ကြောက်ရသည်ဆိုသော ၀န်ကြီးများ ရှက်ဘို့လည်း ချန်ထားကြပါဦး
ခင်ဗျား။
Home
Popular Posts
-
ဆုပန်ထွာရဲ့ သတို့သား ကိုဥက္ကာကျော်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေ အများ ကြီး ပေါ်ထွက်နေပါတယ်။ ရုပ်ရှင်သရုပ်ဆောင် သဇင်နဲ့ လည်း ဘာဘာညာညာ ဆိုတော့ေ...
-
အဆိပ်ဖြေဆေး အဆိပ်ဖြေဆေး ဆိုတာ မစားသင့်တဲ့ အစာကို စားမိတဲ့ အခါ အန်အောင် လုပ်ခြင်း၊ ဓာတ်ပြယ်အောင် လုပ်ခြင်း၊ ထိုး ဆေးအဆိပ် လွန်ပါက ချက်ချင်း ...
-
ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက် စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈) ၁။ အမည် - စိုးမြတ်သူဇာ (ခ) မစိုး ၂။ အသက် - ၁၉၇၁ (၃...
-
ဆရာရှင့် ဗိုက်ခွဲမွေးဖွားပြီး ခင်ပွန်းနဲ့ ဘယ်အချိန် အတူပြန်နေလို့ရနိုင်လဲ သိချင်ပါတယ်။ နို့တိုက်ကျွေးနေစဉ် ဘယ်လို တားဆေးမျိုး သုံးသင့်လဲဆိ...
-
မိန်းမကိုယ် ရောဂါကင်းရှင်းပါက ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာပါ။ မိန်းမကိုယ်မှိုစွဲပြီး အနံ့အသက်ဆိုးဖြစ်...
-
ဇွန်သဉ္ဖာက မှော်ဘီ GTC ကနေ B.E ရော M.E ပါဘွဲ့များပါ ရယူခဲ့ပြီးမှ မော်ဒယ်လ် လောကကို ၀င်ရောက်လာသူလည်း ဖြစ်ပါတယ်။ ပေါ်တင်ကျလွန်းတဲ့ Sexy ဓာတ်ပ...
-
အသက် ၂၄နှစ်အရွယ် ဗြိတိန်နိုင်ငံသူ Nessa Jayဟာ ရာဂလွန်ကဲရောဂါ ခံစားနေရပါတယ်။ သူမဟာ နော်ဖလော့ခ်ပြည်နယ်၊ ခရိုမာ ကမ်းခြေ ဒေသ မှာ နေထိုင်ပါတယ...
-
တရုတ်ပြည်သို့ တရားမဝင် သွားရောက်အလုပ် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအား တရုတ်အာဏာပိုင်များက ဖမ်းဆီးကာ မြန်မာအာဏာပိုင်ထံ အပ်နှံခဲ့ကြောင...
-
သံပရာရည်သောက်သုံးခြင်းသည် ကျောက်ကပ်ကျောက်တည်ခြင်းအား ကာကွယ် ပေးသည့်နည်းလမ်းငါးခုထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။ သံပရာရည် အများအပြား သောက်သုံး...
-
Ikamasutra လို ခေါ်တဲ့ ဖိုမ ဆက်ဆံ ရေး ကာမ ကျမ်း app လေး ကို တင်ပေးလိုက်ပါတယ်။ Andriod ဖုန်းပေါ်မှာ ဖိုမ ဆက်ဆံရေး ကာမကျမ်းလေ့ လာ လို သူများအတွ...
Friday, September 5, 2014
Subscribe to:
Post Comments (Atom)
ကားတွန်ကဏ္ဍ
မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်






















ဤနေရာတွင်ကြော်ငြာလက်ခံပြီ
ခွေးကလေးနဲ့ ကစားကြမယ်
တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ
-
▼
2014
(4256)
-
▼
September
(1389)
- DVB - ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် တွံတေးလယ်သမာ...
- DVB - မူးယစ်ဆေးဝါးပြသနာ ထိရောက်စွာ ဖြေရှင်းပေးဖို့...
- DVB -30-09-2014 VoxPop
- သီချင်းနားထောင်ရတာဝါသနာပါသူများအတွက် Rocket Player...
- သီချင်း ဗီဒီယိုတွေကို ပုံစံ ၁၀မျိုးနဲ့ နားဆင်နိုင်...
- အိင်္ကျီဒီဇိုင်းလေးလုပ်မယ်
- မိမိဓါတ်ပုံလေးကို အနားထောင့်လေးမှာကော်လံစတိုင်ဒီဇိ...
- 3D ဒီဇိုင်းလုပ်နည်းနဲ့ အလင်းတန်းထည့်နည်း
- photoshop နဲ့ အပုံဖြတ်နည်းလေးနဲ့ နောက်ခံပုံပြောင်း...
- Mobile Phone ဖုန်းအကြောင်း သိသင့်သမျှ
- Folder Highlight For PC
- ★★ Modern Combat 5 - Blackout v1.0.1c {Android Gam...
- ♪ အင်တာနက်ကို အချိန်သက်မှတ်ပြီး အလိုလျှောက်ပိတ်ပေး...
- တပ်မတော်သားအမှု အရပ်ဘက် တရားရုံးတွင် ရုံးထုတ်
- မုဒိန်းပြုကျင့်ရန်ကြိုးပမ်းသူအား သတ်ခဲ့သည့်အမျိုးသ...
- ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး ချုံများအကြား ဆီ...
- လက်နက်ကိုင်တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒ...
- ဇလွန်မြို့နယ် မြေနုကျွန်းနယ်နိမိတ် သတ်မှတ်နိုင်ရေး...
- မြဝတီမြို့၏ စစ်ရေး မငြိမ်သက်မှုတွင် လုပ်ငန်းရှင် မျ...
- ရှမ်းနှင့် ကချင်ပြည်နယ် လူငယ် ကွန်ယက် များမှ မူးယစ...
- မူးယစ်ဆေးဝါး ပတ်သက်သူများ ကြီးလေးသည့် ပစ်ဒဏ် ပေးမည...
- အထက်အညာဒေသ ၌ ထန်းပင်ကို အသုံးပြု၍ နေအိမ် အဆောက်အအံ...
- ကမ်းရိုးတန်းသွား ရှပ်ပြေးအမြန်ရေယာဉ်လိုင်းများ ရပ်...
- ကနေဒါနိုင်ငံသားတဦးက တရုတ်ကျောင်းသားတဦးကိုသတ်ပြီး...
- နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီနိုင်ငံရေး လုပ်လို့...
- အီရန်ဟာ IS ထက်ကမ္ဘာကို ခြိမ်းခြောက်နေလို့ ဆို
- ဟောင်ကောင်ဆန္ဒပြပွဲ ပြည်ပစွက်ဖက်မှု တရုတ်အစိုးရ သတိပေး
- ဟောင်ကောင်ဆန္ဒပြပွဲ အလုပ်သမားသမဂ္ဂ ပါဝင်နိုင်
- ရဲတွေဖြိုခွင်းခဲ့ပေမယ့် ဟောင်ကောင်မှာ ဆန္ဒပြကြဆဲ
- မြန်မာ့ လူ့အခွင့်အရေး ဆွေးနွေးမှု ကုလမှာရပ်ဖို့ စော...
- လူ့အခွင့်အရေး တိုးတက်မှုကြောင့် ကုလအစီအစဉ်မှာ ထည့်သ...
- အိုင်အန်ဂျီအိုဝန်ထမ်းများ ၀င်ငွေခွန်ဆောင်ရရန် အခွန...
- ရဟတ်ယာဉ်တစ်စီး နောင်မွန်းဖက်မှာ ကျသွားတယ်လို့ ရွာသ...
- ပျောက်ဆုံး တောင်တက်သမားရှာရေး တရုတ်ကူညီရေးအဖွဲ့ ရောက်
- ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲငယ်တွေ ရှိနေဆဲ
- တောင်ကြီးခရိုင်အတွင်း အုပ်စု ဒု-အုပ်ချုပ်ရေးမှူးအာ...
- ဘင်္ဂ္လားဒေ့ရှ်နဲ့ မြန်မာမှာ IS အတွက် လူစုသူ ဖမ်းမိ
- ရွှေထွက်တယ်ဆိုတဲ့ တောင်ထိပ် တားမြစ်နယ်မြေလို့ သတ်မှတ်
- မဘသ ဟောပြောပွဲ စီစဉ်သူ ပွင့်ဖြူမြို့နယ် NLD တရားစွဲ
- တိုက်ပွဲတွေကြောင့် မြ၀တီ နယ်စပ်လုံခြုံရေး တင်းကြ...
- ဗကသအဖွဲ့ဝင် ဖြူနှင်းထွေး လွှတ်ဖို့ တောင်းဆိုဆန္ဒပြ
- ရဲတပ်ဖွဲ့ လုပ်ငန်းဆောင်ရွက်ပုံ ပြောင်းလဲဖို့ တိုက်...
- ကွမ်းခြံကုန်း လျှပ်စစ်ဓါတ်အားစက်ရုံ ဒေသခံရွာသားမျာ...
- DKBA နဲ့ အစိုးရတပ် တိုက်ပွဲဆက်
- ဟောင်ကောင်မှာ သောင်းနဲ့ချီ ပိတ်ဆို့ ဆန္ဒပြ
- ကျိုက်မရောမြို့နယ်တစ်ဝိုက်တွင် လုံခြုံရေးတင်းကြပ်ထား
- အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု နောက်ပြန်ဆုတ်နေကြောင်း ...
- မိကျောင်းကန်သပိတ်စခန်း ဖျက်ပေးရန် ရန်ကုန်စည်ပင်အြေ...
- ဟောင်ကောင်ဆန္ဒပြပွဲဓါတ်ပုံများကြောင့် တရုတ်ပြည်မကြီ...
- ဟောင်ကောင် ဒီမိုကရေစီ ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းခံရ
- အာဖဂန် နစ္စတန်မှာ သမ္မတသစ် ကျမ်းကျိန်
- DVB - မြေနုကျွန်း နယ်နမိတ်သတ်မှတ်နိုင်ရေး ကိုင်းတေ...
- DVB - သိမ်ဖြူမီးရထားဝန်ထမ်းအိမ်ရာ ဖယ်ရှားဖို့ ညွှန်...
- DVB -29-09-2014 လယ်ယာမြေသိမ်းရုပ်သံ
- Facebook မှာ Video & Comment Photo တွေတင်မရတာဖြေရှ...
- တစ်ရက်အတွင်း Facebook မှာ Friend တွေ အများကြီးရအော...
- Hacking with Expert 3 (Facebook Hacking)
- Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လု...
- Facebook Lock မကျအောင်ကာကွယ်နည်း
- Facebook ရဲ့ Status ကို မမြင်အာင်ဝှက်ထားမယ်
- Facebook ကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပြီ
- မိမိ "Facebook Profile" ကို ဘယ်သူဝင်ကြည့်လဲဆိုတာြ...
- Facebook တွေသုံးတဲ့အခါ ကိုယ် Liked ထားတဲ့ဟာတွေ ဖွက...
- Facebook News Feed မှာ မမြင်လိုသော ပို့စ်များအား ဖ...
- Facebook Auto Like လုပ်ပေးသည့် Site Lists များ
- အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးမယ...
- Facebook Bug ( Hacking Facebook with 1 SMS Only )
- Facebook မှာ သင်ရှာထားသမျှကို သူများမသိအောင်ဖျက်ပစ...
- SAYTYA Facebook Caller (Facebook ပေါ်ကနေ FreeCallေ...
- Gmail နှင့် Facebook ကိုစတိုင်သစ်လေးနဲ့ လုပ်မယ် ..
- Facebook ပေါ်တွင် လှုပ်ရှားနေသောပုံတွေကိုတင်ကြမယ် [...
- Facebook ကို Pro တစ်ယောက်ကြီးလိုအသုံးပြုနည်း (နည်း...
- Facebook လော့ချင်ချင်သူများအတွက် Facebook Lock v.2...
- ♪ ဖုန်းတစ်ခုလုံးကိုရွှေရောင်များဖြင့်အလှဆင်ထားမယ့် ...
- FB Downloader v.1.3 APK (Facebook ပေါ်မှ ပုံ၊ ဗီဒီယ...
- Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆ...
- Facebook ကို ဘယ်လိုဟက်မလဲ အပိုင်း (၁)
- သခင်သိန်းမောင်(ဝါးခယ်မ)ဈာပန အခမ်းအနား
- ပျောက်ဆုံး ရဟတ်ယာဉ် ၂ ရက်ကျာ်အထိ မတွေ့သေး
- ခါကာဘိုရာဇီတွင် အဆက်အသွယ် ပြတ်တောက်သွားသော ကယ်ဆယ်ေ...
- ဆွဲကြိုးချသေဆုံး
- ပြေးပြေးလွှားလွှား နေ့ရက်များ
- Viber မှတဆင့် ညစ်ညမ်းပုံများ ပေးပို့သူကို အရေးယူရာ...
- တောင်ဥက္ကလာတွင် ၀မ်းပျက်ရောဂါကူးစက်၊ ကလေး ၂၀ခန့် ဆေ...
- ရန်ကုန် စတော့အိပ်ချိန်းကို အများပိုင်ကုမ္ပဏီ ၃ ခုဖြ...
- အမျိုးသား (၁)ဦးယာဉ်တိုက်ခံရ၍ သေဆုံးမှုဖြစ်
- ဘီးလူးစီးသည် ဟုထင်မှတ်ပြီး အဖိုးဖြစ်သူက မြေးကို ရေ...
- ပစ်ခတ်မှုတွေကြား ညှိနှိုင်းတာတွေလည်းရှိကြောင်း DKBA ...
- DKBA နဲ့ အစိုးရတပ် ပစ်ခတ်မှုကြောင့် ထိုင်းနယ်စပ် တပ...
- ပလက်ဝမြို့ပေါ်တွင် လိုင်စင်မဲ့ ဆိုင်ကယ် စီးသူများ အ...
- ကျောင်းခန်း မလုံလောက်မှုကြောင့် ကျောင်းသား အင်အားေ...
- ဦးဝီရသူ သီရိလင်္ကာ ဗုဒ္ဓဘာသာ ညီလာခံ တက်ရောက်
- အစ္စလာမ်ဘာသာရေးခေါင်းဆောင် အသတ်ခံရမှု လူ ၂ ဦးကို သေ...
- ဆောက်လုပ်ခွင့်လိုင်စင်မရှိသော အဆောက်အအုံများ ဆောက်...
- ဆိုဗီယက်အင်ပါယာ တည်ထောင်သူ လီနင်ရုပ်တုကြီး ဖြိုချခံရ
- ထိုင်းနိုင်ငံထုတ် ဆေးနှစ်မျိုး နှင့် အိန္ဒိယနိုင်ငံ...
- မန့်ပန်ပြည်သူ့စစ်တစ်ဦး ပစ်ခတ်မှုကြောင့် သေဆုံးသွား...
- အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ အစုရှယ်ယာ ငါး...
- အစိုးရတပ် ပစ်ခတ်၍ ကေအဲန်ယူ တပ်ဖွဲ့ ၁ဦးသေ၊ တဦးထိခ...
- ၉၆၉ အဖွဲ့ကို သီရိလင်္ကာက BBSနဲ့ ပူးပေါင်းမယ်လို့ ဦး...
-
▼
September
(1389)














No comments:
Post a Comment