![]() |
| ရေငုပ်အဖွဲ့ခေါင်းဆောင် ဦးသန်းညွန့် |
ကြောင်း၊ လက်ရှိ သဲစုပ်သင်္ဘောဖြင့် သဲစုပ်နေသည် မှာ ခေါင်းလောင်းတွေ့ရှိသဖြင့် သဲစုပ်နေခြင်းမ ဟုတ်ကြောင်းနှင့် မိမိတို့သည် ဆလုံလူမျိုးများမ ဟုတ်ကြောင်းကို စက်တင်ဘာ ၁၁ ရက် ညနေပိုင်း က ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် အမှတ် ၉၆၆ ဗိုလ်မြတ်လေးလမ်းနေအိမ်တွင် ပြောကြားခဲ့ သည်။
“အဘထက်ကြီးတဲ့သူ တစ်ယောက်ရှိသေးတယ်။ စံလင်းဆိုတဲ့လူ။ အဘက ရေငုပ်ခေါင်းဆောင်၊ ထား ဝယ်သား ကော့သောင်းမှာလာပြီး အိမ်ထောင် ကျတယ်။ ရှစ်လပိုင်း တစ်ရက်နေ့မှာ သွားတယ်။ လုပ်ငန်းစတာက ရှစ်ရက်နေ့မှာ စတယ်။ ဘုရားအနေကဇာတင်ပြီးတာနဲ့ ညနေပိုင်းမှာ နှစ်ယောက်တစ်ခါ နဲ့ လေးယောက် ငုပ်လိုက်တယ်။ ကျန်တဲ့ ရက်တိုင်းလည်း အဲ့ဒီလိုပုံစံပဲ ငုပ်တယ်။
ရှစ်ယောက်အလှည့်နဲ့ နှစ်ယောက်စီ နှစ်ယောက်စီ ငုပ်တယ်။ ရေက သုံးလံ လေးလံလောက်ပဲရှိတယ်။ နုံး က ဒူးလောက်ရှိတယ်။ နုံးပြင်ကြီးပဲ။ မီးပြမီးစိမ်းထွန်းထားတဲ့ အဲဒီနားတဝိုက်မှာပဲ ငုတ်တယ်။ နောက်ထပ် နည်းနည်းငုပ်ပြီးမှ သင်္ဘောပျက်တစ်စီး ဒါပဲတွေ့တယ်။ ခန့်မှန်းခြေ တစ်ပတ်လောက်မှာ သင်္ဘောပျက်တွေ့ တယ်။ ပြန်ရောက်တာ အခုဆိုခြောက်ရက်လောက်ရှိပြီ”ဟု ပြောကြားသည်။
ဆက်လက်ပြောကြားသည်မှာ “ဦးစံလင်း က သင်္ဘောထဲမှာပဲ ရှိနေတယ်။ ဦးစံလင်းက သင်္ဘောနားကို သွားခွင့်မပေး။ သင်္ဘောနားကို သွားမယ်ဆိုရင် မင်းတို့နဂါးကိုက်လိမ့်မယ်လို့ ပြောနေတယ်။ အဲဒီပုံစံမျိုးနဲ့ သွားလို့ မရဲဘူးဖြစ်နေတယ်။ သင်္ဘောပျက်တော့ ကျွန်တော်တို့ ဘော်ယာတစ်လုံးချပြီးတော့ ချီထားလိုက် တယ်။
အခုထပ်ထိ မယ်မယ်ရရဆိုရင် ဘာမှမတွေ့ရသေးပါ။ ခေါင်းလောင်းနဲ့ပတ်သက်ရင် ဘာလဲမတွေ့ရသေး ပါ။ သောင်တူးစက် ဟိုနားသည်နားမှာ တဝိုက်ပဲ ငုပ်ရတယ်။ ကျန်တဲ့နေရာ ဘယ်နားမှာမှ ငုပ်ခွင့်မရ။ ရေ ငုပ်ရက် ၂၇ ကျော်တယ်။ ခေါင်းလောင်းနဲပတ်သက်ပြီး ဘာမှလည်း မတွေ့ရ။ သောင်တူးစက်က အောက်ကို ၁၅ ပေလောက်အနက် စုပ်ချလိုက်တယ်။ တွေ့လိုတွေ့ငြားပေါ့လေ။ ရမ်းပြီးတော့ စုပ်တယ်။ ဒီမှာလည်း ဘာ မှ မတွေ့ရ။ မြေကြီးထဲမြုပ်နေတဲ့ ကျွန်းသားတစ်ပိုင်းတော့ တွေ့တယ်။ တွေ့လိုတွေ့ငြားသာ စုပ်နေတာ။ ဆယ့်ငါးပေလောက်အောက်က မြေကတအားစေးတယ်။ ဦးစံလင်းပြောတဲ့နေရာမှာ လိုက်စုပ်ရတယ်” ဟု
ပြောကြားသည်။
အဆိုပါ ရေငုပ်သမားများ ပြန်လာသည်မှာ မိမိတို့၏လူမှုရေး၊ ကျန်းမာရေးအခြေအနေကြောင့်သာပြန်လာ
ခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် လေးဦးပြန်လာခဲ့ပြီး စက်တင်ဘာ ၁၁ ရက်၌ တစ်ဦးပြန်လာကြောင်း၊ လုပ်ငန်းခွင်အတွင်း ဖုန်းများပိတ်ထားရကာ ဖုန်းပြောခွင့်မပေးကြောင်း၊ ကျန်သုံးဦးမှာ မကြာခင်ပြန်လာမည်
ဖြစ်ကြောင်း၊ ဦးစံလင်းမှာ ဗညားလတ်သင်္ဘော၏ ဘုရားခန်းတွင်ရှိကြောင်း၊ မိမိတို့ဆောင်ရွက်ခဲ့သည်မှာ ကုသိုလ်ပြုအဖြစ် အခမဲ့ကူညီခဲ့ကြောင်း၊ ခရီးစရိတ်နှင့် နေထိုင်စားသောက်ရေးများကို စီစဉ်ပေးကြောင်း၊ ယနေ့အချိန်အထိ ခေါင်းလောင်းတွေ့ရှိခြင်းအလျှင်းမရှိကြောင်း၊ သင်္ဘောပျက်တစ်စီးသာတွေ့ကြောင်း ၊ တွေ့ရှိသော သဘောင်္ပျက်မှာ ခေါင်းလောင်းကြီးအပေါ်တွင်ရှိသော သဘောင်္မဟုတ်ကြောင်းနှင့် ရေငုပ် သူများမှာ မိမိ၏ မိသားစုဝင်ဆွေမျိုးသားချင်းများသာဖြစ်ပြီး ထားဝယ်သားများသာဖြစ်သည်ဟု ဆိုသည်။




































No comments:
Post a Comment