Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 2, 2014

တပ်မ ၆၆ နဲ့ အားမရတော့ တပ်မ ၈၈ ပြန်တက်မယ်တဲ့။


ဒီပုံကတော့ ဒီရက်အတွင်း ဗမာတပ်မ ၆၆ က ကေအိုင်အေ တပ်မဟာ (၁) ဌာနချုပ် (ပူတာအို) ဖက် ထိုးစစ်ဆင် တုန်းက ကျဆုံးသွားတဲ့ ရ၀မ်လို့ယူဆရတဲ့ တိုင်းရင်းသား ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေပါ။

တချို့က ကေအိုင်အေ ဟာ ဒီလို ဓါတ်ပုံတွေနဲ့ ၀ါဒ ဖြန့်တယ် ဆိုပြီး ပြောတယ်။ တကယ်တော့ ကေအိုင်အေ စစ်တပ်မှာ စစ်သားတိုင်းက ဖုန်းကိုင်တယ်၊ ဘယ်သူ ရိုက်တင်လိုက်မှန်းတောင် မသိလိုက်ပဲ ဒီလို ပုံ တွေ ထွက်လာတာ ဖြစ်တယ်။ ကေအိုင်အေစစ်တပ်မှာ သတင်းလွတ်လပ်ခွင့်ရှိလို့ ဘယ်သူ့ကိုမှ “ဒီလို လုပ်ရမယ်၊ မလုပ်ရဘူး” လို့ ကန့်သတ်ထားတာ မရှိဘူး။ ဒီတော့ ၀ါဒဖြန့်ဖို့ ၀ါဒလဲ မရှိသလို၊ ပြင်ဆင်ထားတာလဲ မရှိတာ အမှန်ဖြစ်တယ်။


ဒီဓါတ်ပုံကို ကြည့်ပြီး ဒေါသထွက်နေတာက ဗမာ စစ်တပ်ထဲမှာပါ။ စစ်သားအကောင့် လို့ယူဆရတဲ့ နေရာ တော်တော်များများမှာက ကေအိုင်အေ ကပဲ နေရင်းထိုင်ရင်း ဗမာ စစ်သားတွေကို လက်နက်မပါ ထိုင်နေတဲ့နေရာမှာ လာပစ်သွားသလိုလို၊ တချို့က ဖမ်းမိတဲ့ တုံ့ပန်းကို သတ်လိုက်သလိုလို ရေးနေကြတာ တွေ့ရပါတယ်။ စစ်သားတွေ သေတာကို လူ့အခွင့်အရေး သမားတွေ စကားမပြောဘူးဆိုပြီး ဒေါကန် နေတာလဲ တွေ့သေးတယ်။

တကယ်ဖြစ်နေတာက....

တပ်မ ၆၆ ထိုးစစ်ဆင်တယ်...လိုင်ဇာဖက်မှာ တိုက်တုန်းက မီဒီယာတွေ ပွဲဆူတော့ မီဒီယာ အလှန်းဝေးတဲ့ ပူတာအိုဖက်ကနေ ထိုးစစ်ဆင်တယ်...

ကချင်ရွာသား တွေ အစုလိုက်အပြုံလိုက် အဖမ်းခံရတယ်။ နှိပ်စက်ခံရတယ်။ သတ်ဖြတ်ခံရတယ်။ အနီးအနားက ကေအိုင်အေ စစ်စခန်းတွေကို ထိုးစစ်ဆင်တယ်။ တပ်မ ၆၆ နဲ့ မနိုင်တော့ အခု တပ်မ ၈၈ ပါ တက်လာမယ် တဲ့။

ကေအိုင်အေ တောင်းဆိုနေတာ ငြိမ်းချမ်းရေး ဆွေးနွေးနေတုန်း ထိုးစစ်မဆင်ဖို့ပါ။ ထိုးစစ်ဆင်ရင် တိုက်ပွဲ ဖြစ်မယ်၊ ယုံကြည်မှုတည်ဆောက်လို့ မရဘူး။ အမုန်းတရားတွေက စစ် ခေါင်းဆောင်တွေမှာ မရှိလဲ ပြည်သူတွေမှာ ရှိလာတယ်။

ကေအိုင်အေ ကို မဖြစ်စလောက် အဖွဲ့လေး... အမြစ်ပြတ်အောင် တိုက်လို့ရတယ်... သူမြအဖွဲ့လို့သာ ထင်ပြီး ဆက်တိုက်နေရင်တော့ (တိုက်ဖို့ အားပေးနေရင်) နောင် နှစ်ပေါင်း ၅၀ ထက်မနှေး စစ်ကျွန်ဘ၀ ဆက်ဖြစ်နေမယ် ဆိုတာ မြန်မာပြည်သူတွေ သိထားစေချင်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်တိုက်လာတာ ကေအိုင်အေ ကို ချစ်လို့ တမင်ချန်ထားတာ မဟုတ်ဘူး ဆိုတာတော့ သိလောက်ပါတယ်။ ကေအိုင်အေ ဆိုတာလဲ ပိုတောင် တိုးတက်လာသေးတယ်။ အစတုန်းက တူမီးသေနတ် နဲ့ စလာတာ... အခု စက်သေနတ် ကြိုက်သလောက် ရနေချိန်... အုပ်ချုပ်ရေးပိုင်းပိုကောင်းလာတာ မက.. ပြည်သူတွေရဲ့ ထောက်ခံမှု အရင်ကထက် အစပေါင်းများစွာ ပြန်ရနေချိန်...

တော်လှန်ရေး ပါဝါကို လူအင်အားနဲ့ တွက်လို့မရဘူး... စိတ်ဓါတ် အင်အား နဲ့ တွက်ရတယ်။ ကေအိုင်အေ စစ်သား တစ်ယောက်မှ မိသားစု ကို ကျွေးမွေးဖို့ ကေအိုင်အေ စစ်သားလုပ်တာ မရှိဘူး... လစာ တစ်ပြားမှ မရဘူး... ရိတ်ခါ တောင် စစ်မဖြစ်တဲ့ အချိန် ကိုယ့်ထမင်း ကိုယ်စား၊ တောင်ယာ ခုတ်စားပြီး စစ်သား လုပ်နေတာ ဖြစ်တယ်။

ကေအိုင်အေ စစ်သား တစ်ယောက်ကိုမှ ရှေ့တက်ပါ လို့ အမိန့်ပေးစရာ မလိုဘူး... သူတို့ အန္တရယ်အတွက် ဘရိတ်အုပ် ပေးရတာပဲ ရှိတယ်။

မြန်မာပြည်မှာ လိုနေတာ စစ်ပွဲ မဟုတ်... စစ်မှန်တဲ့ နိုင်ငံရေး ဖြေရှင်းနည်းဖြစ်တယ်။ စစ်ဗိုလ်ချုပ်တွေက အပိုင်စီးထားတဲ့ လွတ်တော်ကို တက်ပါ လို့ အခုမှ မပြောနဲ့ တက်ဖို့ကို ပြင်ဆင်ခဲ့တဲ့ ကချင်ပြည်တိုးတက်ရေးပါတီ ကို ပါတီမှတ်ပုံတင် တောင် မချပေးဘူး... အခုတော့ ဘယ်မှာ ၀င်ဖို့ လမ်းရှိသလဲ... ဒီတော့...

ကေအိုင်အေ ပြောနေတာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပါ...  နိုင်ငံတကာ အပြကောင်းတဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲတွေ မဟုတ်ဘူး....

အသက် ကို ပေးလှူထားတဲ့ မျိုးချစ်လူငယ် ကေအိုင်အေ စစ်သားတွေ ရှိတဲ့ နေရာ တက်လာလို့ကတော့ လွယ်လွယ်နဲ့ ဆုတ်ဖို့ သူတို့မှာ အစီအစဉ် ရှိမှာ တော့ မဟုတ်ဘူး... သူကြေ၊ ကိုယ်ကျေ ချမှာပဲ။ ဒီလို ပုံတွေလဲ ထပ်တက်လာမှာပဲ... ဒီလိုနည်းနဲ့ ငြိမ်းချမ်းရေး တကယ် ရနိုင်မလား...

အစိုးရ စစ်သားတွေ ကချင်ပြည်ကို တက်လာတာ ပြည်ထောင်စု ဘက်ဂျက် နဲ့... ကေအိုင်အေ ရပ်တည်တာ ကိုယ့်မြေပေါ်က အရင်းအမြစ်ပဲ ရှိသေးတယ်။ ကချင်တွေက မရသေးတဲ့ အခွင့်အရေး အတွက် တိုက်တယ်.. ဗမာ တွေက ဘာအတွက် တိုက်တာလဲ...  ဘယ်သူ တရားလဲ... ဘယ်စစ်ပွဲတရားသလဲ... သဘာဝ တရားက တရားတဲ့စစ် နိုင်စတမ်း ဆိုရင်....

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ