Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

ကလေးငါးဦးအား သတ်ဖြတ်မှုဖြင့် ဖခင်ဖြစ်သူကို သံသယနှင့်ဖမ်း




ကလေးငါးဦးကို သတ်ပြီး အခြားပြည်နယ်တစ်ခု၌ စွန့်ပစ်ခဲ့မှုဖြင့် အမေရိကန်ဖခင်တစ်ဦးအား သံသယ ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

တင်မိုသီရေးဂျုံးစ်ဆိုသူသည် ၎င်းနေထိုင်ရာ တောင်ကယ်ရိုလိုင်း နားပြည်နယ်၌ စွဲချက်များစွာကို ရင်ဆိုင်နေ ရကြောင်း အေပီသတင်း တစ်ရပ်တွင် ဖော်ပြသည်။

၎င်းအား စနေနေ့က မစ္စစ္စပီ၌ ဆက်စပ်မှုမရှိသော စွဲချက်များဖြင့် ဖမ်းဆီးလိုက်ပြီဖြစ်သည်။ အဆိုပါ ကလေး များသည် အသက်တစ်နှစ် အရွယ်မှ ရှစ်နှစ်အရွယ်ရှိပြီး ၄င်းတို့သည် ဗုဒ္ဓဟူးနေ့က ပျောက်ဆုံးသွား ခဲ့ကြောင်း၊ ယင်းတို့၏ မိခင်ဖြစ်သူက သူမ၏ခင်ပွန်းဟောင်းနှင့် အဆက်အသွယ်မရကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားသည်။

အာဏာပိုင်များက အဆိုပါကလေးများအား အင်္ဂါနေ့က တစ်နေကုန်ရှာဖွေပြီးနောက် အလာဘားမား အဝေးပြေးလမ်းမကြီးအနီး၌ မြှုပ်ထားသည့် ကလေးများကို တွေ့ရှိခဲ့ရသည်ဟု ဒေသဆိုင်ရာ မီဒီယာသ တင်းတွင် ဖော်ပြသည်။

မစ္စတာဂျုံးစ်က စုံစမ်းစစ်ဆေး ရေးမှူးများကို ကလေးများမြေမြှုပ်ထားသည့်နေရာသို့ လိုက်လံပြသခဲ့ကြောင်း အလာဘားမား ပြည်သူ့လုံခြုံရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ တပ်ကြပ်ကြီး စတိမ်ဂျာရက်တ်က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားသည်။

မစ္စတာဂျုံးစ်အား စနေနေ့က စစ်ဆေးရေးဂိတ်တစ်ခု၌ ရပ်တန့်စစ်ဆေးခဲ့ပြီး မူးယစ်ဆေးဝါးမှု နှင့်ပတ်သက်၍ ဖမ်းဆီးထားသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ