Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 2, 2014

ဘော်လုံး (အားကစား) နဲ့ နိုင်ငံရေး ဆက်နွယ်မှု


ဆီးဂိမ်း မှာ မြန်မာဘော်လုံး အသင်း ရှုံး တာကို တော်တော် ခံပြင်း ကြပါတယ်။

တခါမှ မရှုံးဖူးပဲ ရှုံးရတာဆိုရင် တမျိုးပေါ့။ အခုတော့ မြန်မာ့ ရှုံးပွဲကို အဆန်းတကျယ် လုပ်နေတယ် လို့ မြင် မိ ပါတယ်။ ဟုတ်ပါတယ်။ ဒူဝါ တသက် အားပေးလာသမျှ မြန်မာ့ ဘော်လုံးအသင်း ဘယ်တော့မှ အနိုင်နဲ့ ပြန်လာတာ မရှိသလောက် ပါပဲ။


တချို့က ဒိုင် ကို အပစ်တင်ကြတယ်။ တချို့က နည်းပြ၊ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဠ် ကတော့ ကစားသမား များကို အပစ်တင် သလိုလို နဲ့ ရေးထားတာ တွေ့ရတယ်။


တကယ်တော့ နိုင်ငံတနိုင်ငံရဲ့ ဘော်လုံး နဲ့ အားကစား စွမ်းရည်ဟာ နိုင်ငံရေး တည်ငြိမ်အေးချမ်းမှု၊ စီးပွါးရေး တောင့်တင်းခိုင်မာမှု၊ နိုင်ငံ့ ဘဏ္ဍာ ထုတ်ယူ သုံးဆွဲပုံ စနစ်တွေ နဲ့ တိုက်ရိုက် အချိုးကျ တတ် ပါတယ်။

နေ့ချင်း ညချင်း  မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းရမယ် လုပ်လို့ မရ ပါဘူး။ အချိန်တိုအတွင်း ငွေအား နဲ့ လဲ လုပ်ယူလို့ မရ ပါ။ နည်းပြ ဘယ်လောက် ကောင်းကောင်း၊ ၀န်ကြီးဌာန ရဲ့ ပံ့ပိုးမှု ဘယ်လောက် ကောင်းကောင်း ချက်ချင်းလက်ငြင်းတော့ ဖြစ်မလာနိုင်ပါ။ အကြောင်းမှာ နိုင်ငံရေး ဖြစ်စဉ် နဲ့ အားကစား ဆိုတာ ဒွန်တွဲနေတတ် လို့ ပါ။

ဥပမာ....

စင်ကာပူ နိုင်ငံဟာ မြို့ပြ နိုင်ငံလေးသာ ဖြစ်တယ်။ မြေနေရာ အကျယ်အ၀န်း ကျဉ်းမြောင်းတယ်။ လူနေထူထပ်တယ်။ ဒါပေမယ့် လူနေရပ်ကွက်တိုင်းမှာ အားကစား နဲ့ ပတ်သက်တဲ့ ကွင်း တခုခု ရှိတယ်။ အနဲဆုံးတော့ တင်းနစ် နဲ့ ဘစ်စကက်ဘောကွင်း ရှိတယ်။ ကလေးတွေလွတ်လပ်စွာ ကစားနိုင်မဲ့ နေရာ ရှိတယ်။ ဘော်လုံးကွင်း နေရာတိုင်း ရှိတယ်။ လူကြီးလူငယ် မရွေး ကိုယ်လက်လှုပ်ရှား၊ လမ်းလျှောက်၊ အပြေး လေ့ကျင့်မဲ့ နေရာ ရှိတယ်။ အဲလို ဖြစ်လာဖို့ နိုင်ငံတော် ဘက်ဂျက် လိုလာတာ အမှန် ပါ။  ကျောင်းတွေမှာ လဲ အားကစား ကွင်း ရှိတယ်။ နောက်ပြီး အားကစားလုပ်နိုင်မဲ့ အချိန်တွေ ရှိတယ်။ လူတိုင်းကစား နိုင်မဲ့ စနစ်တွေ ရှိတယ်။ လူရွေးတဲ့ နေရာတွေမှာ လူမျိုးစွဲမရှိဘူး။

မြန်မာပြည်မှာ ကြည့် ပါ။ အထူးသဖြင့် ဒူဝါ တို့ နယ်ဖက်မှာ မြို့နယ် တမြို့နယ်မှာ အစိုးရ အားကစားကွင်း တခုရှိတာကလွဲလို့ ကျန်တဲ့ နေရာတွေက သတ်သတ်မှတ်မှတ် ကစားကွင်းရယ်လို့ ရှိတာ မဟုတ်။ ကျောင်းတွေမှာလဲ ကျင်းကျင်းကြပ်ကြပ်။

နောက် တခုက ပညာရေး ဆုတ်ရုတ်မှုရဲ့ အကျိုးဆက်က ကလေးတွေ ကစားချိန်မရပဲ ကျူရှင်ပညာရေး ဖြစ်နေလို့ပါ။ မနက် စောစောထ ကျူရှင်သွား၊ ညမိုးချုပ်မှ ပြန်လာ၊ ကစားချိန်နတ္တိ ပါ။

နောက်တခုက ကျန်းမာရေး ကဏ္ဍ ပါ။

ကလေးမွေးကတည်းက အာဟာရ မပြည့်ပဲ မွေးလာရတာက တကြောင်း၊ ဖျားတာ နာတာ ဆိုရင် ငွေကြေးတတ်နိုင်တဲ့ မိသားစု မဟုတ်ရင် ပိုခက်လေပြီ။ ကလေးတွေက အစာ အာဟာရ မပြည့်လို့ ဖျားနာတဲ့ ကလေးတွေလဲ ပိုများလာတယ်။ ဒီတော့ ကိုယ်ခန္ဓာကြံ့ခိုင်မှုမှာ အားနည်းသွားပါတော့တယ်။ ငွေကြေးတတ်နိုင်တဲ့ ကလေးတွေအတွက် မြို့ပြ ကောင်းကောင်း က ရှားပါးလေသည်။ မြို့ပြတွေမှာ နေတဲ့ ငွေကြေးတတ်နိုင်သူတွေလဲ ကလေးတွေ ကစားချိန်မပေးနိုင်ပါ။ ကစားမဲ့ နေရာ လဲ မရှိပါ။ အဲဒါတွေဟာ ကျန်းမာရေး နဲ့ ပညာရေး စောင့်ရှောက်မှု ဘက်ဂျက် မဖြစ်စလောက်လေး ပေးထားတဲ့ အကျိုးဆက် ပါ။ မြန်မာပြည်ရဲ့ ဘက်ဂျက်အများပိုင်းက စစ်အသုံးစရိတ်မှာပါ။

ဒီထက် တခြားအကြောင်းအရာတွေလဲ အများကြီး ပါပဲ။

လူရွေးချယ်မှု၊ ကစားသမားများ အပေါ် ပံ့ပိုးနိုင်မှု၊ နည်းပညာ၊ စိတ်ဓါတ်ပြုပြင်မှု။ စတာတွေက အခြေခံ လိုအပ်ချက်တွေပါ။

ဠုံဖွ လုပ်လို့တော့ မရဘူးနော့။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ